နော်ဝေရှိ မြန်မာများ သမ္မတသိန်းစိန်ကို ကန့်ကွက် ဆန္ဒပြ
တော့ အခုလို ပြောပြပါတယ်။
ဆန္ဒပြခြင်းရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံထဲ မှာပြောင်း လဲနေတဲ့ အခြေအနေတွေက တကယ်နိုင်ငံ တကာကထင်မြင်ထားသလိုမျိုး အပြောင်းအလဲ
တွေ မဟုတ်သေး ဘူးဆိုတာကို နော်ဝေအစိုးရကိုရော နိုင်ငံတကာကိုရော သိစေချင်တဲ့ရည်ရွယ်ချက်ပါပဲ လို့ပြောပါတယ်။
အများပြည်သူရုံးဖွင့်ရက် ဖြစ်လို့ ဆန္ဒပြသူ များလိမ့်မယ်လို့ မျှော်လင့်မထားပေမဲ့ လူ ၇၀ နီးပါးလောက် လာရောက်ဆန္ဒပြကြတဲ့အတွက် အားရစရာလှုပ်ရှားမှုတခု ဖြစ်ခဲ့သလို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်လည်း သူတို့ရဲ့ဆန္ဒပြမှုကို တွေ့ရှိသွားခဲ့တဲ့အကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူအမျိုးသမီးတဦးက အခုလို ပြော ပါတယ်။
“ဦးသိန်းစိန်လာတဲ့ schedule တွေ အကုန်လုံးက တကယ့် top secret သူတို့က လုပ်ထားတယ်။ သူတို့က မကြေညာထားဘူးပဲ။ ဘယ်အချိန်မှာ ဦးသိန်းစိန် ဘယ်နားမှာ ရှိမလဲဆိုတာကို။ သူတည်းခိုမယ့် ဟိုတယ် ကိုတောင် ကျမတို့ ဆန္ဒပြခါနီး တရက်လောက် အလိုမှာမှ သိတာ။ အဲ့ဒါနဲ့ သူ တိုက်တိုက်ဆိုင်ဆိုင် သူက တခြား ဟို meeting တခုကနေ ပြန်လာပြီးတော့ တွေ့ဆုံပွဲတခု ကနေ ပြန်လာပြီးတော့ ဒီဟိုတယ်ရှေ့ကို အ၀င်ပေါ့နော် အ၀င်မှာနဲ့ သွားတိုက်ဆိုင်လိုက်တဲ့အခါ မှာတော့ ကျမတို့ရဲ့ ဆန္ဒပြတာကို သူကိုယ်တိုင် လည်း ကြားသွားတယ်။ သူကိုယ်တိုင်လည်း သိသွားတယ်ပေါ့နော်။”
နော်ဝေအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်သော် လည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ လက်တွေ့မှာ မပြောင်းလဲသေးဘူးဆို တာကို နော်ဝေအစိုးရ ကိုရော နော်ဝေနိုင်ငံသားတွေကိုပါ သိစေချင်တဲ့အတွက်အခုလို ဆန္ဒပြခဲ့ တဲ့အကြောင်းရင်းလည်း
ဖြစ်ပါတယ်။
မနေ့က နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ေ၀၀န်ကြီးချုပ် အပါအ၀င်ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပထမဆုံးအာကြိမ် သွားရောက်တဲ့ ဒီ ဥရောပ ခရီးစဉ်အတွင်း နော်
ဝေနိုင်ငံမှာ ကြာသပတေးနေ့အထိ ရှိနေမှာဖြစ်ပြီးတော့ အဲ့ဒီနောက်ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီ ယံနဲ့ အီတလီနိုင်ငံတွေကိုလည်း ခရီဆက်ဦးမှာဖြစ်ကြောင်းသိရပါတယ်။ ---------------------------


0 မှတ်ချက်များ for "နော်ဝေရှိ မြန်မာများ သမ္မတသိန်းစိန်ကို ကန့်ကွက် ဆန္ဒပြ"