ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် ဝန်ကြီးဟောင်း တီဇီပီလစ်ဗ်နီ ဦးဆောင်မည်

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဟောင်း တီဇီပီလစ်ဗ်နီသည် ဝန်ကြီး ချုပ် ဘင်ဂျမင် နေတန်ယာ ဟု၏ ညွန့်ပေါင်း အစိုးရ အဖွဲ့ အတွင်း၌ ပါဝင် လာခဲ့ပြီးနောက် ပါလက်စတိုင်း တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် အစ္စရေး နိုင်ငံ၏ စေ့စပ် ညှိနှိုင်းရေးမှူး တစ်ဦးအဖြစ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံရေး အမြင် မျှတသော Ha Tnuah ပါတီခေါင်းဆောင် တစ်ဦး ဖြစ် သည့် လစ်ဗ်နီသည် တရားရေး ဝန်ကြီး တစ်ဦး အဖြစ် ဆောင်ရွက် မည် ဖြစ်သလို အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ် စေ မည့် ဆွေးနွေးမှု တစ်ရပ်ကို ဖော်ဆောင်ရန် ပါလက်စတိုင်း တို့နှင့် ညှိနှိုင်း ဆွေးနွေးမည့် သူလည်း ဖြစ်သည်။
 
HaTnuah ပါတီသည် ပါလက်စတိုင်း တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ပြန်လည် စတင်ရန် အတွက် လှုံ့ဆော် တိုက်တွန်းခဲ့သော ပါတီဖြစ်ပြီး နေတန်ယာဟု၏ ညွန့်ပေါင်း အစိုးရ အဖွဲ့တွင် ပါဝင် လာခဲ့သည့် ပထမဆုံး ပါတီလည်း ဖြစ်သည်။
 
အစိုးရ အဖွဲ့သစ် အာဏာ ရလာပြီး နောက်တွင် ပါလက်စတိုင်း တို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဝန်ကြီးများ ဆိုင်ရာ အဖွဲ့ တစ်ဖွဲ့ကို ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ဖွဲ့စည်း သွားမည် ဖြစ်ပြီး ၎င်းအဖွဲ့တွင် တရားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရ သည်။

0 မှတ်ချက်များ for "ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် ဝန်ကြီးဟောင်း တီဇီပီလစ်ဗ်နီ ဦးဆောင်မည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++