ရုရွားသေဘာၤာမ်ား ဆီးရီးယား ရေပိုင်နက်သို့ ဦးတည်သွားနေ

စစ်သင်္ဘော ၄ စင်း ပါဝင်သော ရုရှား ရေယာဉ်စုသည် ဆီးရီးယား
ရေပိုင်နက် အနီးရှိ မြေထဲ ပင်လယ်သို့ ဦးတည် ခုတ်မောင်း သွားပြီ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ပြော ကြားခဲ့ပါသည်။

အဆိုပါ စစ်သင်္ဘော ၄စင်း အနေဖြင့် မြေထဲပင်လယ်အတွင်း
တာဝန် ထမ်းဆောင်နေသည့် အစောင့် အရှောက် သင်္ဘော တစ်စင်းနှင့် ရေယာဉ်ငယ်များနှင့် ပူးပေါင်းသွားမည် ဖြစ်
ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက မီဒီယာများ သို့ ဖေ
ဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာ ချက် တွင် ဖော်ပြထားပါသည်။

ရုရှား သတင်းဌာန တစ်ခုက စစ်ဘက် သတင်း အရင်း အမြစ်များ ကို ကိုးကား ပြောဆိုရာ၌ ယခု သွားရောက် မည့် သင်္ဘောများ ၏ အဓိက တာဝန်မှာ ဆီးရီးယား နိုင်ငံရှိ ရုရှား နိုင်ငံသားများအား ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခြင်းများ ပြု လုပ်မည် ဆိုပါက ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရှိရပါသည်။

0 မှတ်ချက်များ for "ရုရှားသဘောင်္ာများ ဆီးရီးယား ရေပိုင်နက်သို့ ဦးတည်သွားနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++