ထိုင်းနိုင်ငံတွင် လျှပ်စစ် မီးပြတ်တောက်မှု မဖြစ်စေရန် မြန်မာက ဓာတ်ငွေ့ ပို့ပေးမည်

ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၇၀ ရာခိုင်နှုန်း အတွက် ဓာတ်ငွေ့ကို အဓိကအသုံးပြုနေပြီး ထိုင်းနိုင်ငံတွင် သုံးစွဲသော ဓာတ်ငွေ့၏လေးပုံ တစ်ပုံကို ရတနာ သဘာဝဓာတ်ငွေ့မြေမှ ပေး ပို့နေသည်။
ပြင်ဆင်ထိန်းသိမ်းရေးလုပ်မည့် အချိန်မှာ ထိုင်းနိုင်ငံ တွင် ဓာတ်ငွေ့လိုအပ်ချက် မြင့်မားသော အချိန်ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မည့် အခြေ အနေရှိကြောင်း သိရသည်။ ထို့အတွက် ယင်းပြင် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအား လျှပ်စစ်မီး အသုံးပြုမှုနည်းလေ့ရှိသော ဆွန်ခရမ်ရေသဘင် အားလပ်ရက်အတွင်း ကျရောက်စေရန် ထိုင်းအစိုးရက မြန်မာနိုင်ငံအား တောင်းဆိုခဲ့သည်။
ယခု ရွှေ့ဆိုင်းလိုက်မှုကြောင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်း ကာလမှာ မူလက အဆုံးသတ်ရန် မျှော် လင့် ထားသော ဧပြီ ၁၂ ရက်ထက် နောက်ကျပြီး ဧပြီ ၁၄ ရက်တွင် ပြီးဆုံးမည်ဟု စွမ်းအင်ပေါ်လစီ ရေး ဆွဲသူ များ၊ အရာရှိများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးချိန်တွင် စွမ်းအင်ဝန်ကြီး ပွန်ဆက်ရက်တာပွန် ပိုင်ဆန်က ပြောကြားသည်။
ရတနာဓာတ်ငွေ့မြေတွင် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများမှာ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကြာမြင့်သော ဆွန်ခရမ်ပွဲတော်အတွင်း ကျရောက်သွားသော်လည်း ပြင်ဆင်မှုများ လုပ်ဆောင်ချိန်အတွင်း မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို အသုံးပြုနေသော ဓာတ်အားပေးစက်ရုံကြီးများ ထိခိုက်နိုင်သဖြင့် နိုင်ငံတောင်ပိုင်းဒေသ များနှင့် ဘန်ကောက်မြို့ ဆင်ခြေဖုံးဒေသများတွင် လျှပ်စစ်မီး ပြတ်တောက်နိုင်ကြောင်း သိရသည်။
0 မှတ်ချက်များ for "ထိုင်းနိုင်ငံတွင် လျှပ်စစ် မီးပြတ်တောက်မှု မဖြစ်စေရန် မြန်မာက ဓာတ်ငွေ့ ပို့ပေးမည်"