၁၀တန်း စာမေးပွဲ ၀င်ခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်

၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ မတ်လ ၂၂ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲဝင်ခွင့် ကတ်ပြားများအား စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။

တစ်နိုင်ငံလုံးရှိ နယ်စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကတ်ထားသည့် ခုံအမှတ် စဉ်ပါဝင်သော စာမေးပွဲဝင်ခွင့်ကတ်ပြား (Identity Card) များကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ နေ့ရက်မှ စ၍လည်းကောင်း၊ ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ် အတွင်းမှ ကျောင်းသား၊  ကျောင်းသူ များသည် စာမေးပွဲဝင် ခွင့် ကတ်ပြားများအား ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလ ၂၅ ရက်နေ့မှ စ၍လည်းကောင်း ထုတ်ယူနိုင်ပြီး ပြင်ပမှ ဖြေ ဆိုရမည့်သူများသည် စာမေးပွဲဝင်ခွင့် ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူး များထံမှ ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

ယင်းစာမေးပွဲဝင်ခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခြေခံပ ညာ အထက်တန်းကျောင်း(ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲ ၀င်ခွင့် ကတ်ပြားများကို သက်ဆိုင်ရာ မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူနိုင်ပြီး စာမေးပွဲ ၀င်ခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မြို့နယ် ပညာရေး မှူးများထံ တိုက်ရိုက်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

0 မှတ်ချက်များ for "၁၀တန်း စာမေးပွဲ ၀င်ခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++