ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း ဆရာများကို အင်္ဂလိပ်စာသင်တန်းပေးမည်

ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပူး
ပေါင်းကာ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး သင် တန်းကျောင်းများရှိ အင်္ဂလိပ်စာဌာနဆရာ၊ ဆရာမ များအတွက် အင်္ဂလိပ်ဘာသာအရည် အချင်းမြှင့် သင်တန်းများ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ ELT Development ဌာနမှ မန်နေဂျာ ဒေါက်တာခိုင်ဖြူထွဋ်က The Voice Weekly သို့ပြောကြားသည်။

"MoU ထိုးပြီးနေပြီ။ ခွင့်ပြုချက်ရတာနဲ့ စတော့မှာပါ" ဟု သင်တန်းစတင်မည့်ကာလအတွက် မသိရှိ ရသေးသော်လည်း သက်ဆိုင်ရာမှခွင့်ပြုချက်ရရှိပြီးပါက စတင်သင်ကြားနိုင်မည်ဖြစ်ကြောင်း၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါသင်တန်းနှင့်ပတ်သက်၍ "ကျောင်းက ဆရာမတစ်ယောက်ကိုတော့ အင်္ဂလိပ်စာသင်တန်း တက်ဖို့ စာရင်းထဲမှာပါတယ်လို့တော့ ကြားတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မူလတန်းလွန် ကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

အခြေခံပညာကျောင်းများတွင် သင်ကြားနေသည့်ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာအရည်အချင်း အားနည်းနေသည့်အပြင် ဗြိတိသျှကောင်စီ၏ သင်ကြားမှုပုံစံကို မသိရှိသေးသည့်အတွက် ဘာသာ စကားသင်ကြားရာတွင် သင်ယူသူဘက်အပိုင်း၌ အားနည်းမည်ကို စိုးရိမ်ကြောင်း၊ သင်ကြားရေး တွင်လည်း အမှတ် (၃) အခြေခံပညာဦးစီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်းသင်ကြားနိုင်မည် ဆိုပါက ပိုမိုအကျိုးသက်ရောက်မှုရှိမည်ဟု ယူဆကြောင်း ၎င်းကပြောကြားသည်။

ဗြိတိသျှကောင်စီသည် အင်္ဂလိပ်ဘာသာစကားအပြင် အခြားလူမှုကွန်ရက်အဖွဲ့အစည်းများအတွက် ပံ့ပိုးကူညီသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် အင်္ဂလိပ်စာအရည်အသွေးနှင့် အခွင့်အလမ်းများ တိုးတက်ရေး အတွက်လည်း သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

0 မှတ်ချက်များ for "ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း ဆရာများကို အင်္ဂလိပ်စာသင်တန်းပေးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++