ကုန်သွယ်ရေး သဘောတူစာချုပ် ဥရောပနှင့် စင်ကာပူ ၂၀၁၂ နှစ်ကုန်ပိုင် အပြီးသတ်ချုပ်ဆိုနိုင်မည်

ဥရောပ သမဂ္ဂနှင့် စင်ကာပူ နိုင်ငံတို့ အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက်အား ၂ဝ၁၂ ခုနှစ် ကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက် ရန် မျှော်လင့်ကြောင်း စင်ကာပူ နိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Marc Ungeheuer က ပြောကြား ခဲ့သည် ဟု နိုဝင်ဘာလ ၃ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ 

စင်ကာပူ နိုင်ငံ၏ ဘေးကင်း လုံခြုံသည့် ရင်းနှီး မြှုပ်နှံမှု ဝန်းကျင် အခြေအနေ ကြောင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် ရရှိပါက ရင်းနှီး မြှုပ်နှံမှုများ ပိုမို ရောက်ရှိ လာမည် ဖြစ်ကြောင်း Ungeheuer က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ 

ဥရောပ သမဂ္ဂသည် စင်ကာပူ နိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားပြီး ဥရောပ သမဂ္ဂမှ အာဆီယံ နိုင်ငံများသို့ ရင်းနှီး မြှုပ်နှံမှု ပြုထားသည့် ပမာဏ၏ ၆၃.၅ ရာခိုင်နှုန်းအား စင်ကာပူ နိုင်ငံတွင် မြှုပ်နှံမှု ပြုထားကြောင်း သိရှိရပါသည်။ 

စင်ကာပူ နိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနက် ဥရောပ သမဂ္ဂနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် ရရှိသည့် ပထမဦးဆုံး နိုင်ငံဖြစ်လာမည် ဖြစ်ကြောင်းနှင့် ယင်းသဘော တူညီချက်သည် ဥရောပ သမဂ္ဂနှင့် အာဆီယံ အဖွဲ့အကြား ကျယ်ပြန့်သည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန်အတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း Ungeheuer က ပြောကြား ခဲ့ပါသည်။ 

ဥရောပ သမဂ္ဂသည် အဆိုပါ သဘော တူညီချက် ရရှိရန် မလေးရှားနှင့် ဗီယက်နမ် နိုင်ငံ တို့နှင့် စေ့စပ် ဆွေးနွေး မှုများပြု လုပ်လျက်ရှိပြီး လာမည့် နှစ်တွင် ယိုးဒယားနှင့် အင်ဒိုနီးရှား နိုင်ငံတို့နှင့် ဆွေးနွေးမှုများ စတင်ပြုလုပ် သွားနိုင်ရန် မျှော်မှန်း ထားေ ကြာင်း သိရှိရ ပါသည်။

0 မှတ်ချက်များ for "ကုန်သွယ်ရေး သဘောတူစာချုပ် ဥရောပနှင့် စင်ကာပူ ၂၀၁၂ နှစ်ကုန်ပိုင် အပြီးသတ်ချုပ်ဆိုနိုင်မည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++