တိုင်းရင်းသားမို့ မျက်ရည်ကိုသုတ်ပေးမလား တုတ်နဲ့ပဲ ရိုက်မလား

 ဒီမျက်မှောက်သုံးသပ်ချက်ကို မြန်မာနိုင်ငံသားရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ရေးပါတယ်။ နောက်ပြီးတော့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ မိမိရဲ့ စာဖတ်ပရိတ်သတ်ကို သစ္စာခံလျက် တင်ပြပါတယ်။

ဆရာတော်ကြီးတွေ၊ မူဆလင်ဘာသာဝင် ဦးစီးဦးရွက်ပြုကြသူတွေနဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပြီးခဲ့တဲ့ နို ၀င်ဘာ (၁၆)ရက်နေ့မှာ ပြောကြဆိုကြပြီးတဲ့နောက် Coral Arakan ဟာ မိမိတို့ ပရိတ်သတ်ကို အရှိအတိုင်း အမြင်အတိုင်း တင်ပြဖို့ တာဝန် ရှိလာတယ်။ ရာဇမာန်ရှ ခံရမှာကို ဂျာနယ်လစ်တို့ တွေးမပူ သင့်ပါဘူး။

(၁) နိုင်ငံတစ်ခုကို ခေတ်သစ်တစ်ခုဆီ သတိကြီးစွာနဲ့ ဦးဆောင်ခေါ်သွားနေရတဲ့ နိုင်ငံ့ အကြီးအကဲ တစ်ယောက်အနေနဲ့ သမ္မတဦးသိန်းစိန် စကားပြောသွားတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ အစိုးရ အနေနဲ့ ဘင်္ဂါလီဆူပူမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆရာတော်တို့ကို ‘ရှင်းလင်း လျှောက်ထား’ ရာမှာ သမ္မတကြီးဟာ . . .

၁။  ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေဟာ တစ်ခုတည်းသော ရာဇ၀တ်မှုတစ်ခုကို အရင်းခံပြီးသကာလ ဖြစ်လာရ တာလို့ မှတ်ချက်ပေးတယ်၊ ဒါမှမဟုတ် နောက်တစ်မျိုး ပြောရရင်၊ အဲသည်ရာဇ၀တ်မှုကျူးလွန်သူတွေကို ဥပဒေအတိုင်း စီရင်တာကို လက်သင့်မခံဘဲ ဒေါသအလျောက် ပြစ်မှုတွေထပ်ဆင့် ကျုးလွန်ကြရာက ဖြစ်ရတာလို့ ဆိုတယ်၊
၂။ ၊ ၁၈၇၂-ခုနှစ် ကတည်းက ရခိုင်မှာ မူဆလင် ခြောက်သောင်း နီးကပါးရှိခဲ့ဖူးတယ် လို့ စကားဦးသန်းတယ်၊
၃။ သူက ‘ပြည်သူ’လို့ လွဲမှားစွာ ခေါ်ဝေါ်လိုက်တဲ့ လူခြောက်သိန်းဟာ ဒုက္ခသည် ဖြစ်နေကြရရှာတယ် ဆိုပြီးတော့ ယူအန်အေဂျင်စီတွေက အကြောင်းရှာ ကျွေးမွေး ထောက်ပံ့ထားတဲ့ ဘင်္ဂါလီ တွေရဲ့ စာရင်းကို ထုတ်ပြတယ်၊
၎။  သာမန်ပြည်သူတွေ က ဘာမှ ပဋိပက္ခမဖြစ်ချင်ပေမယ့် လူတချို့က အလကား နေရင်း နှောင့်နေကြတဲ့အတွက် အချင်းများနေကြရတဲ့သဘော ရှိနေတဲ့ပမာ ဆိုတယ်၊
၅။  ရခိုင်ပြည်သူတွေအဖို့ ဘာမှ အကျိုးမခံစားရတဲ့ ကျောက်ဖြူလို ပရောဂျက် တွေကို လက်ညှိုးထိုးပြပြီး မင်းတို့သာရန်မဖြစ်တော့ဘူးဆိုရင် မုန့် ကောင်းကောင်း စားရတော့မှာ ဆိုတာမျိုး ပြောတယ်၊
၆။  နိုင်ငံတကာစံနဲ့ မညီရင် ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာ ဖြစ်လာနိုင်တယ် လို့ ချခင်းပြတယ်။
၇။  ဒါကြောင့်မို့လို့ ပြည်သူတွေကို အမြင်ကျယ်ကြဖို့ လိုတယ်ဆိုပြီး ဆုံးမတယ်၊
၈။ နောက်ဆုံးမှာ လူမျိုးဘာသာမခွဲခြားပဲ ‘တန်းတူရည်တူ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ ပါရန်’ ဆိုပြီး နိဂုံးချုပ်တယ်။

(၂) နိုင်ငံရေးသိပ်နားလည်ဘူးဆိုတဲ့သဘောကို ပြောတဲ့ ဆရာတော်တစ်ပါး နဲ့ လူရည်လည် မူဆလင် စီးပွားရေးသမားတစ်ယောက်တို့ အပါအ၀င် ဘုန်းတော်ကြီးများ မူဆလင်ခေါင်းဆောင်များ က သူ့အပိုင်းနဲ့သူ ပြောသွား ကြတယ်။  ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူနိုင်မယ်ဆိုရင် ငြိမ်ဝပ်သွားနိုင်တယ်လို့ မိန့်ကြားတဲ့ ပုဂ္ဂိုလ်များကလည်း မိန့်ကြားကြတယ်။

(၃) တစ်ကျော့ပြန် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း မငြိမ်မသက်ထပ်ဖြစ်ရင် အင်အားကို သုံးပြီး ငြိမ်စေမယ်လို့ တိုင်းပြည်ရဲ့မင်းလုပ်သူက ပြောချင်နေတဲ့စကားကို မင်းဖြစ်သူရဲ့ ကိုယ်စား ပြောပေးကြသလားလို့ ကျွန်တော်တွေးမိတယ်။ ကျောက်တော်မြို့နယ်မှာ လုံခြုံရေးတွေကို ဘာမှ ရန်မူတိုက်ခိုက်ခြင်းမပြုပါ ဘဲ ရေအလယ်က လှေထဲထိုင်နေသူတွေကို သေနတ်နဲ့ မွှေ့ရမ်းတိုက်ခိုက်တာခံရလို့ သေသွားကြပါတယ် ဆိုကြသူတွေ ရဲ့ ခန္ဓာကိုယ်တွေထဲကို ကျည်ဆံတွေဟာ လှေဘောင်သစ်သားဖောက်ပြီး ၀င်သွားပုံကို မြင်ယောင်နေမိတယ်။

(၄) သမ္မတကြီးပြောသွားမျှတွေကို လိုက်လံချေပဖို့ဆိုရင် စာမျက်နှာတွေ အများကြီး သုံးစွဲရမှာမို့ အဲသည် အလုပ်ကို ခဏ အသာထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတွေကို နှိုင်းယှဉ် လို့ရအောင်တင်ပြပါ့ မယ်။ ပြီးခဲ့တဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ဖြစ်ခဲ့ကြတဲ့ ဘင်္ဂါလီပဋိပက္ခတွေရဲ့ အဓိကအကြောင်းရင်းခံအဖြစ် ဘင်္ဂါလာဒေ့ရှ်နယ်စပ် ဘက်ကနေခိုးဝင်မှုတွေရှိနေတာကို ထောက်ပြခဲ့တယ်။ နောက်ပြီးတော့ ဒီဘင်္ဂါလီ
ပြဿနာဟာ မြန်မာနိုင်ငံတစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ ပြဿနာလည်းဖြစ် တယ်၊ နိုင်ငံတကာက ဖြေရှင်းပေးရမယ့် ပြဿနာဖြစ်တယ်လို့ ဒေါ်စု ပြောခဲ့တယ်။ စာဖတ်သူများ သာ နှိုင်းယှဉ်စဉ်းစားကြည့်ကြပါကုန်။

(၅) ရခိုင်ကနေ ဗမာပြည်မကို ၀င်တဲ့ တောင်ကြားလမ်းသုံးပေါက်ရှိရာ တောင်ကုတ်မြို့၊ အမ်းမြို့နဲ့ ဂွမြို့နယ် တို့မှာ မူဆလင်တွေမရှိစေခြင်းဟာ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေက ဒါကို(ဒီလို မရှိစေခွင့်ကို) ခွင့်ပြုပေးခဲ့လို့ပဲ ဖြစ်ရမယ်လို့ ဆိုတဲ့သူတွေက ဆိုကြတယ်။ အခုတောင်မှ ဘင်္ဂါလီတွေကို ဂွမြို့နယ်မှာ ဖမ်းမိရင် ရခိုင်မြောက်ဘက် ဘူးသီးတောင်၊ မောင်တောဘက်ကို ပြန်ပြန်ခေါ်လာတာကို တွေ့နေရတယ်။ ဘင်္ဂါလီတွေကို ဗမာပြည်ဘက်ကို သွားခွင့်မပေးဘဲ ရခိုင်ပြည်ဘက်မှာပဲ စုစုထားပြီးတော့မှ၊ ဒေသခံရ ခိုင်တွေကို မင်းတို့တွေ ကုလားတွေနဲ့ တည့်အောင်နေ၊ မတည့်ရင် ဥပဒေအတိုင်း ကြပ်မတ် ဆောင်ရွက်မယ် (တစ်နည်း၊ ပစ်သတ်တန်ပစ်သတ်မယ်) ဆိုတာက ဘယ်လိုပဲ စဉ်းစား ကြည့်ကြည့် လုံးဝမတရားပါဘူး။

(၆) ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ စကားဦးများသန်းချင်နေသလား။ ရပါတယ်။ ပေးလိုက်ပါ။ ဒါပေမဲ့ သူတို့ကို (ဗမာပြည်ဘက်ကို) ခရီးသွားခွင့်ပေးပါ။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ် ဆယ့်သုံးခုမှာ မျှဝေခွဲခြမ်းနေရာချ ထားပြီး ဒေသခံလူ့အသိုက်အ၀န်း နဲ့ တစ်သားတည်းဖြစ်သွားအောင် ပေါင်းစပ်စိမ့်ဝင်စေခြင်း (assimilation) ဖြစ်စဉ်ကို ဖြတ်သန်း ခိုင်းကြပါ။ ဒါကလည်း အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။

(၅) ဘင်္ဂလာဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှုကို မသိရှိရင် သတိမမူမိရင် နားမလည်ရင်၊ (ပြီးတော့)
  • ၁၉၄၂-ခုနှစ်မှာ ဗိုလ်ရန်အောင်က လက်နက်သိမ်းလို့လက်နက်အပ်လိုက်ရတဲ့ ရခိုင်လူမျိုး သုံးသောင်းနဲ့ တစ်သိန်းအကြားတို့ လက်နက်ကိုင်ဘင်္ဂါလီတွေရဲ့ သတ်ဖြတ်မှုခံခဲ့ရတာကို ကိုယ်ချင်းစာစိတ်မရှိရင်၊ 
  • တစ်ဖက်က လျှံကျလာနေတဲ့ နိုင်ငံခြားသားလူဦးရေကို ရခိုင်ဒေသမှာပဲ ပိတ်လှောင်ထားပြီး မင်းတို့ကွာ ဟာမိုနီဖြစ်အောင်နေပါ ဆိုပြီး ဆရာလုပ်တာကို မခံချိမခံသာနဲ့ ဒေသခံတိုင်းရင်းသားက ခံစားနေရတာကို ရပါတယ်ကွာ ငါတို့ထိန်းနိုင်သားပဲလို့ ထင်နေရင်၊
  •  အခုဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေဟာ တစ်ခုတည်းသော ရာဇ၀တ်မှုကို အကြေင်းပြုပြီး အပြန်အလှန် ဆော်ကြတာမျှသာဖြစ်တယ်လို့ ထင်နေရင်၊ 
  • မင်းတို့အချင်းချင်း တည့်လိုက်ကြ ပါလားကွာ ဆိုရုံမျှနဲ့ တည့်သွားကြမယ် လို့ထင်နေရင်၊ 
  • ယူအန်အေဂျင်စီ တွေ ပြောသမျှကို လက်ခံနေရင်၊
  •  နိုင်ငံတကာမှာ လိုအပ်တာထက် မျက်နှာပန်းလှတာကို လိုချင်နေရင်၊ 
  • အနောက် ဒီမိုကရေစီ နိုင်ငံတွေကိုလည်း မိန်းမတို့အိန္ဒြရေ ရွှေပေးလို့မရ ဆိုတဲ့ထုံးနဲ့အညီ မဆက်ဆံနိုင်ပဲ အမျှော်စိုက်လွန်းနေရင်၊ . . . . . . . . . . . . . . . .
 ဒေသခံတိုင်းရင်းသားတွေ သွေးချောင်းစီးကြရတဲ့နေ့ရက်တွေကို ရောက်လာကောင်း ရောက်လာနိုင်တယ်။ ပဋိပက္ခကြောင့်သော်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျည်ဆန်တွေကြောင့်သော်လည်းကောင်း တိုင်းရင်းသားတွေ နစ်နာသွားနိုင်တယ်။ နစ်နာမှုဟာ အလွန်များသွားတာလည်း ဖြစ်သွားနိုင်ပါတယ်။

(၈) ဒီတော့ ခင်ဗျားက ပြဿနာကိုချည်းပဲပြောနေပြီး၊ ဖြေရှင်းပုံကို ရှာတဲ့နည်းနဲ့ ကော ခင်ဗျား မချဉ်းကပ်ဘူးလားလို့ မေးကောင်းမေးနိုင်ပါတယ်။ အခု ကျွန်တော်ပြောသွားတဲ့ အထဲမှာ အဖြေရှာတဲ့နည်းလမ်းနဲ့ချဉ်းကပ်တာကို ချဉ်းကပ်လိုစိတ်ရှိတာကို တွေ့ပါလိမ့်မယ်။ ဒီပြဿနာကို ဘယ်လိုပဲအဖြေရှာရှာ ၊ ရေရှည်တည်တံ့နိုင်မယ့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မယ့် အဖြေရှာပုံရှာနည်းမှာ အခြေခံ သဘောတရားက ဘာလဲဆိုတော့၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ နိုင်ငံသားတွေကို ခိုးဝင်ကျုးကျော် နယ်မြေလုသူများနဲ့ တန်းတူထား ဖြေရှင်းပေးလို့မရနိုင်ဘူးဆိုတာပါပဲ။

(၉) တန်းတူထားဖြေရှင်းလိုက်ရင် ခဏယာယီ ပြေလည်သွားကောင်းသွားနိုင်တယ်။

(၁၀) ဒါပေမဲ့ ခဏဆိုတဲ့ ကာလကို ကျော်လွန်သွားတဲ့အခါ . . . ။

 (ဟန်မောင်သိန်း ရေးသားသည်)

0 မှတ်ချက်များ for "တိုင်းရင်းသားမို့ မျက်ရည်ကိုသုတ်ပေးမလား တုတ်နဲ့ပဲ ရိုက်မလား "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++