တိုင်းရင်းသား အဖွဲ့များနှင့် ရှေ့နေ များ သမ္မတ အိုဘားမားထံ စာပို့ တောင်းဆို

မြန်မာနိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် ခိုင် မတ်လာအောင် အကူအညီပေးဖို့ မြန် မာနိုင်ငံရှေ့နများ ကွန်ရက်က အမေရိကန်သမ္မတ အိုးဘားမားထံကို တောင်း ဆိုလိုက်ပါတယ်။

မနေ့တုန်းက သမ္မတအိုဘားမား မြန်မာပြည်မှာ ရှိတုန်းက
တောင်းဆို စာပေးခွင့် မကြုံခဲ့လို့ ဒီနေ့ ရန်ကုန်မြို့က သံရုံးကို စာပေးပို့ တောင်းဆိုခဲ့တယ်လို့ ရှေ့နေများ ကွန်ရက်ပြောခွင့်ရ သူ ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်နဲ့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေး ဒီကိစ္စ ၂ ခုကို အမြန်ဆုံး တည်ဆောက်နိုင်အောင်၊ အကောင်အထည်ဖော်နိုငအောင် အကူအညီတောင်းတဲ့ သဘောပါ။ အဲလိုပြင် တဲ့နေရာမှာ ကျနော်တို့အနေနဲ့ အခက်အခဲတွေ ရှိတယ်။ အဲအခက်အခဲကို သမ္မတကြီးအနေနဲ့ နည်း ပညာပိုင်းအရဖြစ်စေ၊ အတတ်ပညာပိုင်းအရဖြစ်စေ သို့မဟုတ်ရင်လည်း အခြား သင့်တော်တဲ့ နည်းနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ ကူညီပေးပါလို့ ကျနော်တောင်းတယ်။”

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံအတွင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများအဖွဲ့ (ယူ အန်အေ) ကလည်း သမ္မတအိုဘားမားနဲ့ တွေ့ဆုံရာမှာ သူတို့ပါတီတွေရဲ့ ဆန္ဒသဘောထား ကို ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားတွေ ရာချီပြီး ချုပ်နှောင်ခံထားရဆဲ ဖြစ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကုန်လုံးကို ရုပ်သိမ်း ဖို့တော့
စောသေးတယ်လို့ ရေးသားထားပါတယ်။

ယူအန်အေ တိုင်းရင်းသားမဟာမိတ်အဖွဲ့က ပြောခွင့်ရသူ နိုင်ငွေသိမ်းကခုလို ပြောပါတယ်။ “နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသေးတော့ စီးပွားရေးပိတ်ဆို့မှု အကုန်လျှော့လိုက်ရင် သိပ်စောနေသေးတယ်လို့ထင်တယ်။ နောက်တခုက အပစ်ရပ်စဲရေးက မပြီးသေးပါဘူး။ နိုင်ငံရေးနည်းအရေ ဖြေရှင်းမှ၊ တွေ့ဆုံဆွေးနွေးရေးလုပ်မှ၊ စေ့စပ်ဆွေးနွေးရေးလုပ်မှ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှသာ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တယ်။ နောက်တခုက အစိုးရက ပွင့်ပွင့်လင်းလင်း မြင်သာထင်သာရှိအောင် လုပ်ဖို့လိုဦးမယ်လို့ ကျနော်တို့ထင်တယ်။ နောက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ လိုအပ်တယ်။ တရားဥပဒေစိုးမိုးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေးရှိရေး အဲဒီ ၄ ချက်ပါပဲ။”

ယူအန်အေထဲမှာ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့်၊  ကချင်၊ ကရင် စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ စုစည်းပါဝင်ပါတယ်။http://burmese.dvb.no/archives/33293

0 မှတ်ချက်များ for "တိုင်းရင်းသား အဖွဲ့များနှင့် ရှေ့နေ များ သမ္မတ အိုဘားမားထံ စာပို့ တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++