ထိုင်ဝမ်၏ လွတ်လပ်ရေး ကြိုးပမ်း ချက်ကို ဆန့်ကျင်ကြောင်း တရုတ် သမ္မတ ဟူကျင်တောင်းက သတိပေး ပြောကြား

တရုတ် သမ္မတ ဟူကျင်တောင်းက တရုတ်နှင့် ထိုင် ဝမ်တို့ အကြား အပြန်အလှန် ချိတ်ဆက် ဆောင် ရွက်မှု များအား ဆက်လက် လုပ်ဆောင်ရန် တိုက် တွန်း ခဲ့သော် လည်း ထိုင်ဝမ် လွတ်လပ် ရေး အတွက် မည်သည့် ကြိုးပမ်းချက်ကို မဆို ကန့် ကွက်ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ သည့် တရုတ် အာဏာရ ကွန်မြူနစ် ပါတီ ညီလာခံတွင် သတိပေး ပြောကြား ခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရ ပါသည်။ 

ထိုင်ဝမ် အနေဖြင့် မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ တရုတ် ပြည်မကြီးမှ ခွဲထွက်ရေး မည်သည့် ကြိုးပမ်းမှု၊ သို့မဟုတ် ကြိုးပမ်းရန် တွန်းအား ပေးမှုမျိုးကို မဆို တရုတ် ပြည်သူများက မည်သည့် အခါမျှ ခွင့်ပြု သွားမည် မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ သည် စစ်ရေး အင်အား ပိုမို တည်ဆောက်ရန် နှင့် ရေကြောင်း အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ 

တရုတ် နိုင်ငံ အနေဖြင့် ထိုင်ဝမ် အပေါ် ထိုကဲ့သို့ သတိပေးမှုများ အကြိမ်ကြိမ် ပြုလုပ် ခဲ့သော် လည်း သမ္မတ ဟူလက်ထက်တွင် နှစ်ဖက်အကြား ဆက်ဆံရေး များမှာ ကောင်းမွန် လျက်ရှိ ပါသည်။ 

ထို့အပြင် နှစ်ဖက်အကြား တာဝန်ရှိသူ များအဆင့် တရားဝင်ေ ဆွးနွေးပွဲ များအား ဆယ်စုနှစ် တစ်ခု ကျော်ကြာဆိုင်းငံ့ ထားခဲ့ပြီးနောက်၂ဝဝ၈ ခုနှစ်တွင် ပြန်လည် စတင်နိုင် ခဲ့ပါသည်။ 

တရုတ် နှင့် ထိုင်ဝမ်တို့ အနေဖြင့် ရေလက် ကြား ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန် အလှန် ချိတ်ဆက် ဆောင်ရွက် မှုများ၊ ညှိနှိုင်း တိုင်ပင်မှု များအား တိုးမြှင့်လုပ်ဆောင် သွားသင့် ကြောင်း ဟူ ကျင် တောင်း က ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

0 မှတ်ချက်များ for "ထိုင်ဝမ်၏ လွတ်လပ်ရေး ကြိုးပမ်း ချက်ကို ဆန့်ကျင်ကြောင်း တရုတ် သမ္မတ ဟူကျင်တောင်းက သတိပေး ပြောကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++