ရေပိုင်နက် အငြင်းပွားကိစ္စ ဂျပန်-တရုတ် ထပ်တွေ့ဆုံမှုအပေါ် ကန့်ကွက်ဆန္ဒပြုမှုများ ဖြစ်ပေါ်
နှစ်နိုင်ငံ ကုန်သွယ်မှုကို ထိခိုက် စေပြီး တင်းမာမှု များကို ပိုမို မြင့်တက် စေခဲ့သော အရှေ့ တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံသည် နိုဝင်ဘာ ၅ ရက်က ဂျပန် နိုင်ငံနှင့် နောက်ထပ် တစ်ကြိမ် ဆွေးနွေးပွဲ ပြု လုပ်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်
ဖော်ပြ ထားသည်။
ဂျပန် နိုင်ငံသည် ကျွန်းများကို စက်တင်ဘာ လတွင် နိုင်ငံပိုင် ပြုလုပ် ခဲ့ခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံမြို့ များရှိ လမ်းမ များတွင် ကန့်ကွက် ဆန္ဒပြ မှုများ ဖြစ်ပေါ် ခဲ့သည်။
စက်တင်ဘာ လမှစ၍ ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးများ အကြား တွေ့ဆုံ ဆွေးနွေးမှု များကို ထပ်မံ ပြုလုပ်ရေး ကြိုတင် ပြင်ဆင် ထားကြရန် နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက် တို့တွင် တရုတ် နိုင်ငံနှင့် ဂျပန် နိုင်ငံ တို့မှ တာဝန်ရှိသူ များက တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း တရုတ် နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့် ရှိသူ ဟုန်လေးက ပြောကြားသည်။
0 မှတ်ချက်များ for "ရေပိုင်နက် အငြင်းပွားကိစ္စ ဂျပန်-တရုတ် ထပ်တွေ့ဆုံမှုအပေါ် ကန့်ကွက်ဆန္ဒပြုမှုများ ဖြစ်ပေါ်"