ဦးအောင်မင်း ဖိတ်ခေါ်၍ TSLF ကမန်းကတန်း သွားရောက်တွေ့ဆုံ
တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး (TSLF) အဖွဲ့နှင့်
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်း
ဆောင်သော အဖွဲ့တို့သည် နိုဝင်ဘာ (၁၀) ရက်
နေ့ ညနေ (၃) နာရီ အချိန်တွင် ထိုင်းနိုင်ငံ ဇင်း မယ်မြို့၌ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို ပန်ကြား သွားသည်ဟု TSLF ဥက္ကဌ ဖြစ်သူ မိုင်းအိုက်ဖုန်းက ပြောပါသည်။
ဆောင်သော အဖွဲ့တို့သည် နိုဝင်ဘာ (၁၀) ရက်
နေ့ ညနေ (၃) နာရီ အချိန်တွင် ထိုင်းနိုင်ငံ ဇင်း မယ်မြို့၌ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို ပန်ကြား သွားသည်ဟု TSLF ဥက္ကဌ ဖြစ်သူ မိုင်းအိုက်ဖုန်းက ပြောပါသည်။
“ကျနော်တို့ကို ဖုန်းဆက်ခေါ်တော့ သွားလိုက် ရတယ်။ ဘာမှပြင်ထားတာ
မရှိပါဘူး။ ဟိုရောက်တော့ ဦးအောင်မင်းက သူ များတွေ အပစ်အခတ် ရပ်စဲရေး
ယူထားကုန်ပြီးဆိုတော့ ကျနော်တို့ကလဲ အပစ်အခတ် ရပ်စဲရေးယူဖို့ ပြောသွားတာ
ဖြစ်ပါ တယ်။ ပြင်ဆင်ချိန် မရခဲ့လို့ ကျနော်တို့ဘက်က အဖြေမပေးနိုင်သေးဘူး။
ဒါဘဲ ပြောလိုက်တယ်။” ဟု ဆိုပါသည်။
TSLF ဥက္ကဌ မိုင်းအိုက်ဖုန်းနှင့် အဖွဲ့ဝင် တစ်ဦးသည် ဦးအောင်မင်းတို့
အဖွဲ့ဝင် (၆) ဦးနှင့် နိုဝင်ဘာ (၁၀) ရက်နေ့ ညနေ (၃) နာရီမှ (၄) နာရီအထိ
တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
အပစ်အခတ် ရပ်စဲရေးသည် ပလောင်ပြည် လွတ်ေ မြာက်ရေး အဖွဲ့ (PSLF)
မှ ၁၉၉၁ ခုနှစ်တွင် ရယူခဲ့ပါ သည်။ သို့သော် ၂၀၀၅ ခုနှစ်တွင် အစိုးရထံ
လက်နက်နှင့် ငြိမ်းချမ်းရေး (လက်နက်ချ) လဲလှယ် ခဲ့ရပါသည် ။ ဤကဲ့သို့ အပစ်အခတ် ရပ်စဲပြီးမှ ဖိအားပေး ခံရပြီး လက်နက် ချခဲ့ရသော်ကြောင့် လက်ရှိ TSLF အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရမ ည့် ကိစ္စကို ဆင်ချင် သုံးသပ် နေရသည်ဟု ဆိုပါသည်။
0 မှတ်ချက်များ for "ဦးအောင်မင်း ဖိတ်ခေါ်၍ TSLF ကမန်းကတန်း သွားရောက်တွေ့ဆုံ "