ရခိုင်ပြဿနာ ဖြေ ရှင်းဖို့ ခေါင်းဆောင် ပိုင်းမှ ဦးဆောင်မှု မပေးနိုင်

မုန်တိုင်းကျနိုင်တဲ့ တိမ်တိုက်များ Storm Clouds on the Horizon ဆိုတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ပြုပြင်
ပြောင်း လဲရေးတွေ လုပ်နေပေမယ့် ရခိုင်ပဋိပက္ခ အတွက် ရေ ရှည် ဖြေရှင်းဖို့ ပြတ်သား တဲ့ ခေါင်း
ဆောင်မှု မပေးနိုင်ရင် တိုင်းပြည် တည်ငြိမ်မှုကို ခြိမ်း
ခြောက်နိုင်တယ်လို့ အိုင်စီဂျီအစီရင်ခံစာက
ထောက်ပြ ထားပါတယ်။

ရခိုင်ပြည်နယ် ကချင်ပြည်နယ်တွင်းက ပြဿနာတွေကို အေးငြိမ်းအောင် ကိုင်တွယ်ဖို့ ခေါင်းဆောင်တွေ အတွက် အဓိက စိန်ခေါ်မှုဖြစ်တယ်လို့ အိုင်စီဂျီရဲ့ အရှေ့တောင်အာရှ တာဝန်ခံ Jim_Della _Giacoma က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိပြဿနာကို အဖြေရှာရာမှာ ခေါင်းဆောင်ပိုင်းက လုပ်သင့်တဲ့အချက်တွေနဲ့ ပတ်သက်လို့ ပထမဆုံး အနေနဲ့ လူတွေအားလုံးရဲ့ လူသားဖြစ်မှုဆိုတဲ့အခြေခံကို အသိမှတ်ပြုလက်ခံဖို့လိုတယ်။
နောက်ပြီးသူတို့ တတွေကို အခုလိုတိုက်ခံရတာကနေ အကာအကွယ်ပေးတဲ့ အခွင့်အရေး အပြည့်ရှိဖို့ လိုမယ်။ ဒီအပေါ်မှာအခြေခံပြီး မြန်မာပြည်မှာ ဘာသာတခုနဲ့တခု လူမျိုးစုတခုနဲ့တခု တိုက်ခိုက်တာတွေ ရပ်စဲပြီး ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်အောင်လုပ်ကိုလုပ်မယ်ဆိုတာ သဘောထား အမြင်ရှိရမယ်။ တိုင်းပြည်ရဲ့ ရေရှည် အကျိုးစီးပွားကို ကြည့်ပြီး အုပ်စုတခုနဲ့တခုကြား ခွဲမထားဘဲအတူပူးပေါင်းနေ ထိုင်အောင်လုပ်ရမယ်။

ပြီးတော့ အမျိုးမတူတဲ့အုပ်စုတွေကြား ခွဲခြားဆက်ဆံတာမလုပ်မိဖို့လိုမယ်။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့တိုင်းပြည်ဖြစ်လို့ ဒီမိုကရေစီကိုမျှော်မှန်းရင် လူမျိုးတမျိုး ဘာသာတမျိုး သာ ကြီးစိုးတဲ့ လူ့အဖွဲ့အစည်း မဖြစ်သင့်ပါဘူး။ ရေရှည်မှာတော့ ခေါင်းဆောင်အားလုံးဟာ နိုင်ငံသား ဘယ်သူဖြစ်သင့်တယ်ဆိုတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းရမယ်။ ဒါဟာ လက်ရှိခေါင်းဆောင်တွေ ဖြေရှင်းရမယ့် စိန်ခေါ်မှုပါဘဲလို့ Giacoma ကပြောကြားသွားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးဝင်းတင်ကတော့ ရခိုင်ပဋိပက္ခဟာ ခက်ခဲရှုပ်ထွေးတဲ့ အတွက် ခေါင်းဆောင်တယောက်က ထုတ်ပြောတာထက်စာရင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းအဖြေရှာသင့်တယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။
http://www.bbc.co.uk/burmese/

0 မှတ်ချက်များ for "ရခိုင်ပြဿနာ ဖြေ ရှင်းဖို့ ခေါင်းဆောင် ပိုင်းမှ ဦးဆောင်မှု မပေးနိုင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++