ကန့်ကွက် ဆန္ဒ ပြမှုများအား ကူဝိတ်လုံခြုံရေး တပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့

ဒီဇင်ဘာလ ၁ ရက်နေ့ ပါလီမန် ရွေးကောက်ပွဲ များ တွင် မဲပေးရေး စည်းကမ်းသစ်များ ချမှတ်ခဲ့ခြင်း အတွက် အတိုက်အခံဘက်ကို ထောက်ခံသူ လူထောင်ပေါင်းများ စွာက ပြုလုပ်သည့် ကန့်ကွက် ဆန္ဒ ပြမှုများအား ကူဝိတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး များအသုံးပြု၍ လူစုခွဲခဲ့ကြောင်း သိရသည်။

ရေနံထုတ်လုပ်သော အိုပက် အဖွဲ့ဝင်နိုင်ငံနှင့် အမေရိကန်၏ မဟာမိတ်ကူဝိတ်နိုင်ငံမှာ ယခု အချိန်အထိ အခြား အာရပ် နိုင်ငံ များ၌ ခေါင်းဆောင်များကို ပြုတ် ကျစေခဲ့သော လူထုမငြိမ်မသက် မှုများအား ရှောင်လွှဲနိုင်ဆဲ ဖြစ် သည်။ သို့သော် နိုင်ငံကိုလက်ရှိ အုပ်ချုပ်နေသော စော်ဘွား အယ်လ်ဆာ ဘား မိသားစု လွှမ်းမိုး ထားသည့် အစိုးရနှင့် ပါလီမန် အကြားတင်းမာမှုများမှာ ယခုနှစ် အတွင်း ပိုမိုမြင့် တက်လာသည်။ 

ဒီဇင်ဘာလ ၁ ရ က်တွင် ကျင်းပမည့် ရွေးကောက်ပွဲများမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ကျင်းပသည့် ကူဝိတ်ရွေးကောက် ပွဲဖြစ်ပြီး ဖေဖော်ဝါရီလက ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲများတွင် အစ္စလာမ်မစ်များ၊ အလယ် အလတ် ဝါဒီများနှင့် လူမျိုးစု အကြီးအကဲ များပါဝင်သည့် အတိုက်အခံ အုပ် စုက လူများစု နေ ရာရရှိခဲ့သည်။

ဇွန်လအတွင်း ချမှတ်ခဲ့သည့် တရားရုံးဆုံးဖြတ်ချက်တစ်ရပ်အရ အစိုးရအား လိုလားသည့် ပါလီ မန်အဖွဲ့ ကို ပြန်လည်ခန့်အပ်ခဲ့ သော်လည်း ပါလီမန်အမတ်များ က သပိတ်မှောက်ခဲ့သောကြောင့် ပါလီမန်အား ဖျက်သိမ်းခဲ့ရသည်။ ထို့နောက် ကူဝိတ်စော်ဘွားက ကြားဖြတ်ရွေးကောက်ပွဲများ ပြု လုပ်၍ အကျပ်အတည်းကို ဖြေ ရှင်းရန် ညွှန်ကြားခဲ့သည်။ 

ယင်းနောက်တွင် အောက် တိုဘာလအတွင်း ရွေးကောက်ပွဲ ဥပဒေအား ပြင်ဆင်မှုအချို့ လုပ် ဆောင်ခဲ့ သည်ဟု စော်ဘွားက ကြေညာခဲ့သည်။ 

အတိုက်အခံ များကမူ ယင်းမှာ အစိုးရလိုလား သော ကိုယ်စားလှယ်များ အသာ စီးရရန် လုပ်ဆောင်ခြင်းဖြစ် သည် ဟု ပြောကြားကြသည်။
—Ref: Reuters

0 မှတ်ချက်များ for "ကန့်ကွက် ဆန္ဒ ပြမှုများအား ကူဝိတ်လုံခြုံရေး တပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++