အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်းကျော် တာဝန်ထမ်းဆောင်
ကမ္ဘေားဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ၂၁ ကြိမ် မြောက်
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာမည့် နိုင်ငံ ခေါင်းဆောင် များ၏
လုံခြုံရေး တပ်ဖွဲ့ဝင် ၁ဝဝဝဝ ထက် မနည်း ချထား မည့်ဟု ကမ္ဘောဒီးယား ရဲတပ်ဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကတ်ချန်သရစ်က နိုဝင်ဘာလ ၁၁ ရက်က ထုတ်ဖော်
ပြောဆိုခဲ့သည်။
ထိပ်သီး အစည်းအဝေး မတိုင်မီ လပေါင်းများစွာ ကတည်းက ရဲ၊ စစ်ရဲနဲ့
ကိုယ်ရံတော် ၁ဝဝဝဝ ကျော် ကို လေ့ကျင့်ပေးထား ပါတယ်။ နိုင်ငံခြား
ကိုယ်စားလှယ် အဖွဲ့တွေရဲ့ လုံခြုံရေး အတွက် နောက်တစ်ပတ် ကျရင် ဖနွမ်းပင်မှာ
တာဝန် ထမ်းဆောင်စေတော့မှာပါ'' ဟု ၄င်းက ဆင်ဟွာသို့ ပြောသည်။
အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင် များအရ ဖနွမ်းပင်မြို့၏ လေဆိပ်၊
ငြိမ်းချမ်းရေး နန်းတော်၊ လမ်းများ၊ ဟိုတယ် များနှင့် တည်းခိုခန်းများ တွင်
နေရာချထား၍ ညဘက်များ တွင်ပါ တာဝန် ထမ်းဆောင်စေမည် ဖြစ်ပြီး
ကင်းလှည့်ခြင်းနှင့် ခရီးသွားများ အကြား လက်နက်နှင့် ဖောက်ခွဲရေး
ပစ္စည်းများ ရှာဖွေခြင်း တို့အရ ပြုလုပ် သွားမည်ဟု သိရသည်။
နိုဝင်ဘာလ ၁၈ ရက်မှ ၂ဝ ရက်အထိ ကျင်းပမည် ၂၁ ကြိမ် မြောက် အာဆီယံ ထိပ်သီး
ဆွေးနွေးပွဲအား ကမ္ဘော့ဒီးယားနိုင်ငံ မြို့ တော် ဖနွမ်ပင်ရှိ
ငြိမ်းချမ်းရေး နန်းတော်တွင် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး အာဆီ
ယံခေါင်းဆောင် များအဖြစ် အမေရိကန် သမ္မတ ဘာရက် အိုဘားမား၊ တရုတ်
ဝန်ကြီးချုပ် ဝန်ကျားပေါင်၊ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်၊ ဂျပန်
ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ အိန္ဒိယ
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်နှင့်
နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးတို့ တက်ရောက်မည် ဖြစ်ရာ ယခုကဲ့သို့
လုံခြုံရေးကို တင်းကြပ် စွာလုပ်ဆောင်နေရခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အာဆီယံ အဖွဲ့ ၏ ပထမအကြိမ်
ထိပ်သီးဆွေးနွေး ပွဲအား ၁၉၇၆ ခုနှစ်တွင် အင်ဒိုနီး ရှားနိုင်ငံ ဘာလီကျွန်း၌
ကျင်းပ ပြုလုပ်ခဲ့သည်။
0 မှတ်ချက်များ for "အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်းကျော် တာဝန်ထမ်းဆောင် "