ကလောမြို့နယ် ၁၁ နှစ်သားအရွယ် ကလေးတဦးကို ဓာတ်လိုက် ၍ သေဆုံး
ရှမ်းပြည်နယ် ကလောမြို့နယ် လွယ်အံ ကျေးရွာအုပ်စု
ကျောက်တန်း ရွာတွင် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက ကလေး တစ်ဦး ဓာတ်လိုက် သေဆုံး သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျော်ဇင်ထက် (ခ)အာပြဲ ၁၁နှစ် (ဘ) ဦးချစ်စမ်းကို ကလော မြို့နယ် လွယ်အံ ကျေးရွာ အုပ်စု ကျောက်တန်းရွာ
နေသူသည် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက မိဘ များ မရှိစဉ် နေအိမ် ခြံဝင်းအ တွင်း ပေါက်ပြားဖြင့် မြက် ပေါက်
ရှင်းလင်းရာ သွယ်တန်းထားသော လျှပ်စစ် ဝါယာကြိုးအား ပေါက်ပြားဖြင့် ချိတ်မိ ပြီး ပေါက်ပြား ပြုတ်ကျ၍
ကောက်ယူစဉ် ဓာတ်လိုက် သေဆုံး သွားသဖြင့် ကလော ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၉/၂ဝ၁၂
ဖြင့် ရေးဖွင့်၍ ဓမ္မတာ အတိုင်း သေဆုံး ခြင်းဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 မှတ်ချက်များ for "ကလောမြို့နယ် ၁၁ နှစ်သားအရွယ် ကလေးတဦးကို ဓာတ်လိုက် ၍ သေဆုံး "