အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးမည်

အာဆီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံများ၏ကာကွယ်
ရး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ (ADMM) ကို ကမ္ဘောဒီးယား နိုင်ငံ Siem Reap ပြည်နယ် တွင်
နိုဝင်ဘာလ ၁၅ ရက် နေ့မှ ၁၇ ရက်နေ့ အထိ
ပြုလုပ် သွားမည် ဖြစ်ပြီး နိုင်ငံတော် ကာကွယ်
ရးနှင့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ကိစ္စများ အပေါ် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။ 

(၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံပွဲကို မေလ ၂၈ ရက် နေ့မှ ၃ဝ ရက်နေ့ အထိ ဖနွမ်ပင် မြို့တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ 

Siem Reap ပြည်နယ်တွင် ပြုလုပ် သွားမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံပွဲ (ADMM) တွင် ကမ္ဘောဒီးယား နိုင်ငံမှ အာဆီယံ ဒေသ ပြည်တွင်းစစ် ကင်းမဲ့ဇုန် အကြောင်းနှင့် ဘရူနိုင်းနိုင်ငံမှ တပ်ဖွဲ့ပေါင်း စုံစစ်ရေး လေ့ကျင့်ခန်း အကြောင်း တင်ပြ သွားမည် ဖြစ်ပြီး နောက်လူသားချင်း စာနာမှု အကူအညီများ၊ သဘာဝ ဘေး အန္တရာယ် ကာကွယ်ခြင်း များနှင့် စစ်ဘက် ဆေးပညာများ အကြောင်း ဆွေးနွေး သွားမည်ဟု သိရှိရ ပါသည်

0 မှတ်ချက်များ for "အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးမည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++