ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းရဲ့ တက္ကသိုလ်ပညာသင်ဆု အစီအစဉ်

ရွှေပါရမီဓမ္မစာပေ ပြန့်ပွားရေးအဖွဲ့မှ ရွှေပါရ မီပညာ
ရေး ဖောင်ဒေးရှင်းဆိုတဲ့ အမည်နဲ့ ပညာရေး ပရဟိတ အသင်းတစ်ခု တည်ထောင်သွားဖို့ရှိတယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကထံက သိရပါတယ်။

'၂ဝ၁၃ ဇန်နဝါရီလ ၉ ရက်နေ့က ဦးဇင်းရဲ့ အသက် ၄၅ နှစ်ပြည့်မွေးနေ့ပါ။ ၄၅ နှစ်တာကာလပတ်လုံး အဆင့်မြင့်တဲ့ဉာဏ်ပညာတွေနဲ့ သတ္တဝါများ အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မြတ်စွာဘုရားကို ပူဇော်တဲ့ အနေနဲ့ ဦးဇင်းရဲ့ အသက် ၄၅နှစ်ပြည့်တဲ့ မွေးနေ့မှာ ပညာရေးဖောင်ဒေးရှင်းကို တည်ထောင် ပြီး တက္က သိုလ်ပညာသင်ဆု ချီးမြှင့်သွားမှာပါ' လို့ ဆရာတော် အရှင်ဆန္ဒဓိက ကမိန့်ကြားပါတယ်။

ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းက ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းပေး မှာ ဖြစ် တာကြောင့် ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းဆိုပြီး နာမည်သီးသန့် တပ်လိုက်တာလို့ သိရပါ တယ်။ ရွှေပါရမီ ဝေယျာဝစ္စအဖွဲ့ကပဲ သည်လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖောင်ဒေးရှင်းသတ်မှတ်ချက်အနေနဲ့ ဖောင်ဒေးရှင်းရဲ့ သတ်မှတ်ချက်အနေနဲ့ ကတော့ အခု ၂ဝ၁၃ ပညာ သင်နှစ်ကနေစပြီး ချီးမြှင့်မှာဖြစ်တဲ့ အတွက် အခု ၂ဝ၁၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်တဲ့ ကျောင်း သူကျောင်းသားတွေထဲကပဲ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 

လက်ရှိ ပထမနှစ်၊ ဒုတိယနှစ်နဲ့ တတိယနှစ်စတဲ့ အတန်းအသီးသီးမှာ တက်လက်စ ကျောင်းသူ ကျောင်း သားတွေကိုတော့ ပညာသင်ဆုချီးမြှင့်ပေးမှာ မဟုတ်ဘူးလို့ သိရ ပါတယ်။ 

၂ဝ၁၃ ပညာသင်နှစ်အတွက် ပထမနှစ်စတက်မယ့် ကျောင်းသူ ကျောင်းသားတွေကိုသာ စတင်ထောက်ပံ့
ပေးမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

တက္ကသိုလ်တွေက 'ပုံမှန်ဆိုရင်တော့ တက္ကသိုလ်ပညာသင်ဆုဆိုတဲ့အတွက်ကြောင့်မို့ တက္ကသိုလ်ကိုပဲချီးမြှင့် ရမှာပေါ့။ ဒါပေမဲ့ ကျောင်းဆရာ ဆရာမတွေကိုလဲ အရမ်းတန်ဖိုးထားတဲ့အတွက်ကြောင့်မို့ ပညာရေးကောလိပ် ကိုလဲထည့်ပြီး စဉ်းစားပေးတာပါ' လို့ ရွှေပါရမီပညာရေး ကျန်းမာရေးဖောင်ဒေးရှင်းလည်း တည်ထောင် ထားတဲ့ ဆရာတော် အရှင်ဆန္ဒဓိက ကမိန့်ပါတယ်။

လက်ရှိပညာသင်ဆု ထောက်ပံ့ပေးဖို့ရည်မှန်းထားတဲ့ တက္ကသိုလ်တွေကတော့ ဆေးတက္ကသိုလ်၊ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္က သိုလ် (ရန်ကုန်၊မန္တလေး) နဲ့ ရေကြောင်းပညာတက္ကသိုလ် စတဲ့ တက္ကသိုလ် ခုနှစ်ခု ဖြစ်ပါတယ်။

 ထောက်ပံ့မယ့် ငွေကြေးပမာဏနဲ့ လူဦးရေကန့်သတ်ချက်ကိုလည်း တက္ကသိုလ်တစ်ခုမှာ အနည်းဆုံး လူ ၁ဝ ဦး လျာထားပြီး တစ်ဦးချင်းစီကို ထောက်ပံ့ကြေးငွေ တစ်သိန်းစီလျာထားတယ်လို့ သိရပါတယ်။

တက္ကသိုလ်ပညာသင်ဆု ပေးအပ်မယ့် ကျောင်းသား ကျောင်းသူဦးရေကိုတော့ အယောက် ၁ဝဝ ခန့်မှန်း ထားတယ်လို့ ဆရာတော် အရှင်ဆန္ဒဓိက ကဆက်လက်မိန့်ပါတယ်။

ထောက်ပံ့ပုံအနေနဲ့ကတော့ 'ပညာသင်ဆုအနေနဲ့ ထောက်ပံ့ပေးမှာကတော့ သူတို့ရဲ့ လိုအပ်ချက် အားလျော်စွာပဲ ထောက်ပံ့ပေးမှာ ဖြစ်တယ်၊ ဥပမာ ဆေးတက္ကသိုလ်ပဲထားပါတော့၊ ရန်ကုန်က ကျောင်း သူ ကျောင်းသားဆိုရင် သူတို့အတွက် ကျောင်းလခနဲ့ စာအုပ်ဖိုးတွေက ၅ဝ,ဝဝဝ နဲ့ လုံလောက်မယ်ဆို ရင်တော့ ၅ဝ,ဝဝဝ ထောက်ပံ့ပေးမှာပေါ့၊ တစ်သိန်းထက်ပိုပြီး ထောက်ပံ့ပေးဖို့တော့ မရှိသေးဘူးပေါ့' လို့ ဆရာတော် အရှင်ဆန္ဒဓိက ကမိန့်ပါတယ်။

ထောက်ပံ့မှုကို တစ်လချင်းစီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျောင်းသူ ကျောင်းသားတွေကို တိုက်ရိုက် ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ပညာသင်နှစ်ပြီးရင် လည်း ဘာဂတိခံဝန်ချက်မှ ချုပ်နှောင်ထားခြင်းမျိုး မပြုလုပ်တဲ့အတွက် ကြိုက်နှစ်သက်တဲ့ အလုပ်ကို လည်း လွတ်လပ်စွာ ရွေးချယ်လုပ်နိုင်တယ်လို့သိရပါတယ်။

လျှောက်လွှာတွေကိုတော့ တက္ကသိုလ်ဝင်ခွင့်ရလဒ် ထွက်လာပြီဆိုတာနဲ့ စတင်လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

0 မှတ်ချက်များ for "ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းရဲ့ တက္ကသိုလ်ပညာသင်ဆု အစီအစဉ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++