ကေအိုင်အို ဌာနချုပ်အနီး အစိုးရတပ်က လက်နက်ကြီးများပို့
တရုတ်ပြည် ရွှေလီ ဆွေးနွေးပွဲ တစ်ရက်အလို
အောက်တိုဘာ ၂၉ ညက မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ ၎င်းတို့၏ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) စခန်းသို့ လက်နက်ကြီးနား ပို့ဆောင် ခဲ့ကြောင်း KIO က ဆိုသည်။
အောက်တိုဘာ ၂၉ ညက မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ ၎င်းတို့၏ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) စခန်းသို့ လက်နက်ကြီးနား ပို့ဆောင် ခဲ့ကြောင်း KIO က ဆိုသည်။
ဇူလိုင် ၂၅ ရက်က KIA မှ ဆုတ်ခွာပေးသော မြစ် ကြီးနား-မန်မော် (ဗန်းမော်)
လမ်း ဒေါ့ဖုန်းယန် (Dawhpumyang) အနီးရှိ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum)
စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) ၏
ရှေ့တန်းစခန်းတစ်ခု ဖြစ်သည်။
မြန်မာအစိုးရတပ် ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) စခန်းသို့
ဗန်းမော်မြို့အခြေစိုက် ခလရ (၅၆)တပ်မှ ၁၂၀ မမ အမြောက် ၁ ခုနှင့် လေယာဉ်ပစ်
စက်သေနတ် (Anti Aircraft Gun) ၃ ခုကို စစ်အင်အား ၁၅၀
ကျော်နှင့် ခြေလျင်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်နှင့် ခြေလျင်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တောလမ်း ကနေ ခြေကျင်နဲ့လာကြတာ။ ကားလမ်းကနေတော့ သွားလို့မရဘူး။ လမ်းတလျှောက် ကျွန်တော်တို့ရှိနေတော့။” ဟုဆိုသည်။
မြန်မာအစိုးရတပ် ခမရ ၃၈၇ နှင့် ခလရ ၁၄၂ စုပေါင်းစစ်ကြောင်း အင်အား ၈၀
ကျော်ရှိသော ဘွမ်ဆောန် ဘွမ် (Bum Sawn Bum) တပ်စခန်းတွင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်
ညပိုင်းတွင် အဆိုပါလက်နက်များပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းစစ်ကြောင်းသည် ထိုနေ့ည မိုးမလင်းမီ ချက်ချင်းပြန်ခေါက်ပြီး KIA တပ်မဟာ
(၃) အောက် တပ်ရင်း (၁၅) နယ်မြေ တာဆိုင်း (Ta Seng) ရွာသို့ ရောက်ရှိပြီး
အောက်တိုဘာ ၃၁ ရက် နံနက် ၇ နာရီချိန်တွင် ဗန်းမော်မှ ကား ၆ စီး
ဖြင့်၎င်းစစ်ကြောင်းအား ဗန်းမော်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးမည့်ချိန် နှစ်ဖက်တပ် ရှေ့တန်းမှ အပစ်အခတ်ရပ်ရန်
ညွှန်ကြားထားသော်လည်း အစိုးရတပ်သည် ၎င်းဆွေးနွေးပွဲကို အခွင့်အရေးယူပြီး
စက်လက်နက်ကြီးများပို့ဆောင်နေခြင်းဖြစ် ကြောင်း KIO အရာရှိများပြောဆိုသည်။
ထိုသို့လက်နက်ကြီးများပို့ဆောင်ခြင်းဖြင့် အစိုးရနှင့် KIO နှစ်ဖက်ကြား
တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နိုင်
ကြောင်း KIO ဖက်မှသုံးသပ်ခဲ့သည်။
ကြောင်း KIO ဖက်မှသုံးသပ်ခဲ့သည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO
ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် အောက်တိုဘာ ၃၀ ရက်
နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာမချနိုင်သေး ပဲ ယခုလအတွင်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။
နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာမချနိုင်သေး ပဲ ယခုလအတွင်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။
http://kachinnews.com/burmese/news/986

0 မှတ်ချက်များ for "ကေအိုင်အို ဌာနချုပ်အနီး အစိုးရတပ်က လက်နက်ကြီးများပို့"