ရုရှားကာကွယ်ရေး ဝန်ကြီး တာဝန်မှ ဖယ်ရှားခံရ

ရုရှား နိုင်ငံမှာတော့ သမ္မတ ဗလာဒီမီယာ ပူတင်က သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး အနာတိုလီ ဆာဒျူကာ့ဗ် ကို တာဝန်ကနေ ဖယ်ရှားလိုက်ပါတယ်။

အဲဒီ ကာကွယ်ရေး ဝန်ကြီး အရင်က ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီတခုကို မသမာမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့အပြီးမှာ အခုလို ထုတ်ပယ်လိုက်တာ ဖြစ်ပါ တယ်။ အဲဒီ ကုမ္ပဏီဟာ သူတို့ အကျိုးအမြတ်ရဖို့ အတွက်ကို စစ်ဘက်က ပိုင်ဆိုင်မှု တွေနဲ့ အိမ်မြေ တွေကို မတန်တဆ ဈေးတွေချ ရောင်းခဲ့တယ်လို့ ဆိုပါတယ်။

မော်စကို မြို့က ဘီဘီစီ သတင်းထောက် ကတော့ အဲဒီ မစ္စတာ ဆာဒျူကာ့ဗ်ဟာ ခေတ်နောက်ကျ နေတဲ့ ရုရှား စစ်တပ်ကို ပြုပြင် ပြောင်းလဲဖို့ ကြိုးစား နေတာ ဖြစ်ပြီး အသုံးစားရိတ် နဲ့ လူဦးရေ လျှော့ချမှု တွေ
ကြောင့် သူ့ကို အမြင်မကြည်သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သူ့နေရာမှာ ခန့်ထားလိုက်တဲ့ ကာကွယ်ရေး ဝန်ကြီး အသစ်ကတော့ မစ္စတာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာ မိတ် တဦး ဖြစ်တဲ့ အရင် အရေးပေါ်ဌာနရဲ့ ဝန်ကြီးဟောင်း ဆာဂျေရှိုဂူ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ရုရှားကာကွယ်ရေး ဝန်ကြီး တာဝန်မှ ဖယ်ရှားခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++