ခုနှစ်ရက်သားသမီးများအတွက် ( ၅.၁၁.၁၂ ) မှ ( ၁၁.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားခရီးကောင်းနေခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ရွှေ၊ နာရီဝင်ခြင်း၊ လက်အောက်ငယ်သားရောက်လာခြင်း၊ ရွှေလက်ကောက် ၀င်ခြင်း၊ မြေ၀င်ခြင်း၊ ကွန်ပြူတာဝင်ခြင်းများဖြစ်တတ်သည်။ စက်ပစ္စည်းများထွက်ခြင်း၊ ပျက်ခြင်းဖြစ် တတ်သည်။ ဆိုင်လုပ်ငန်းလုပ်ရန်အဆင်သင့်ဖြစ်နေခြင်း၊ သို့သော်မိမိထင် သလောက်မအောင်မြင်သေးသောအချိန်ဖြစ်နေသည်။ အစစအရာရာ သည်းခံပြီး လုပ်ပါ။ မကြာခင်အဆင်ပြေသွားမည်။ 
ကျန်းမာရေး။ အစာအိမ်ရောဂါပြန်ဖြစ်နေတတ်သည်။ အစားအသောက် ဆင်ခြင်ပါ။ 
အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်ကောင်းအနားမှာရှိနေသောကြောင့် အစစအရာရာအဆင်ပြေနေသည်။ 
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား
အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။ 
အကျိုးပေးဂဏန်း။ ( ၅ ၆ ၅ ၃)
 
တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်အစစအရာရာအောင်မြင်နေသည်။ ငွေများဝင်သည်။သို့သော်အထွက်လည်းဆက်တိုက်ဖြစ်နေ
တတ်သည်။ ရွှေဝင်ကိန်းရှိနေသည်။ သေချာပေါက်ဝင်လိမ့်မည်။အလုပ်တွင်လက်အောက်ငယ်သား၊ လူမျိုးခြားကြောင့်စိတ်အနှောင့် အယှက်ဖြစ်နေရတတ်သည်။ အဝေးမှာနေသောသားသမီးများအတွက် ပူပင်မှုဖြစ်နေရတတ်သည်။ ရေခြားမြေခြား ပင်လယ်ရပ်ခြားခရီးသွားရကိန်းရှိသည်။ ကောင်းသော ခရီးဖြစ်သည်။ လုပ်ငန်းတိုးချဲ့ရန်အကြောင်းဖြစ်လာတတ်သည်။ မလုပ်ပါနှင့်။
ကျန်းမာရေး။ နှာစီးခြင်း၊ ချောင်းဆိုးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်ရေခြားမြေခြားဖြစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၉ ၉ ၇ ၇ )
 
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်တတ်သည်။ မိမိအတွက် အစစ အရာရာအဆင်ပြေမှုရတတ်သည်။ စိတ်များလေနေတတ်သေးသည်။ ယခုအချိန်သည် မိမိဖြစ်ခြင်သောကိစ္စများအပြည့် အ၀မဖြစ်သေးသောအချိန်ဖြစ်နေသည်။ အစစအရာရာသည်းခံနေရမည်။ အလုပ်တွင်လည်းလုပ်သမျှအဆင်မပြေဖြစ်နေ တတ်ခြင်း၊ အခက်အခဲများအတိုက်အခံများတွေ့ရခြင်း များဖြစ်နေတတ်သည်။ အလိုလိုနေရင်းမိမိကိုယ်ကိုစိတ်တိုင်းမ ကျဖြစ်နေတတ်သည်။ တတ်နိုင် သလောက်ဘာသာရေးလုပ်ပြီးနေပါ။
ကျန်းမာရေး။ စိတ်အလိုမကျခြင်း၊ စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မစဉ်စားဖြစ်အောင်စိတ်မအားဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်သောဘာသာမှဘုရားသခင်အား ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၄ ၅ ၃)
 
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်အနည်းငယ်ပါးနေတတ်ခြင်း၊မိမိအတွက်မဟုတ်ဘဲသူတပါးအတွက်ငွေကြေးပူပင်သော
ကဖြစ်နေရတတ် သည်။ ငွေများဝင်သော်လည်းအကုန်အကျများနေတတ်ခြင်းဖြစ်နေတတ်သည်။
ရွှေဝင်ခြင်း၊ အလှူအတန်းများ ဆက်တိုက်ပြုလုပ်နေရတတ်သည်။ မိမိထက်အသက်ကြီးသူ၊ ရာထူးကြီးသူ၏ စိတ်ထားမကောင်းခြင်း၊ ညှာတာ မှုမရှိခြင်း၊ မတရားခြင်းများကြောင့်စိတ်ညစ်နေရတတ် သည်။
လက်အောက်ငယ်သားကောင်းများကြောင့်အစစအရာရာအဆင်ပြေပါလိမ့်မည်။
ကျန်းမာရေး။ အကြောနာနေတတ်သည်။
အချစ်ရေး။ အပျိုကြီး၊လူပျိုကြီးလုပ်ရန်စိတ်ကူးနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ညှပ်ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၀ ၀ ၅ )
 
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ရင်းနှီးထားသောငွေကြေးများသူတပါးလိမ်လည်သလိုဖြစ်ပြီးဆုံးရှုံးရမလိုဖြစ်နေတတ်သည်။ မိမိလုပ်ကိုင်နေ
သောလုပ် ငန်းမိမိကြိုးစားသလောက်မအောင်ဘဲဖြစ်နေသည်။ မအားရအောင်အလုပ်များလုပ်နေခြင်း၊ ခရီးလည်းမကြာခဏ ထွက်နေရခြင်းဖြစ်နေတတ်သည်။ ဘာသာရေးလည်းအမြဲမပြတ်ပြင်းပြင်းထန်ထန် လုပ်ဖြစ်နေမည်။ စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းနှစ်မျိုးလုံးဖြစ်နေတတ်သည်။ မကြာခင်အစစအရာရာ အဆင်ပြေပါလိမ့်မည်။
ကျန်းမာရေး။ ကိုယ်န္ဓာ ကိုက်ခဲနေခြင်း၊ အကြောများနာခြင်းများဖြစ်နေတတ်သည်။
အချစ်ရေး။ ဘ၀လက်တွဲဖေါ်ကောင်းအမြန်လိုနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်သောဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ဘုရားကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၉ ၈ ၀)
 
 သောကြာသားသမီးများ၏ကံကြမ္မာ
ရွှေလက်စွပ်ဝင်ခြင်း၊ အိမ်သုံးလျှပ်စက်ပစ္စည်းဝင်ခြင်းဖြစ်နေတတ်သည်။ မိမိလုပ်သောအလုပ်တွင် ၀င်ငွေ တိုးခြင်း၊ နာမည်ကောင်းရနေခြင်း၊ လစာတိုးခြင်းများဖြစ်နေ တတ်သည်။ မိတ်ဆွေများကိုလည်းငွေကြေး ကူညီမှုများပေးနေရခြင်းဖြစ်တတ်သည်။နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စရှေ့သို့မတိုးဘဲစောင့်ဆိုင်းနေရ
တတ်သည်။ စာရွက်စာတမ်းနှင့်ပတ်သက်ပြီးစိတ်ညစ်နေရတတ်သည်။ ခရီးသွားရန်ကိစ္စနှောင့်နှေးနေ တတ်သည်။ မကြာခင်ခေါ်စာရောက်လာခြင်း၊ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်လာပါလိမ့်မည်။
ကျန်းမာရေး။ သွေးပေါင်ကျပြီးခေါင်းမူးနေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုရနေမည်။ သို့သော်အခုတလောချစ်သူ/ အိမ်ထောင်ဖက်၏ထမင်းဟင်း ဂဂျီဂဂျောင်ကျသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဟင်းခါးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၆ ၃ ၆)
 
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လခကောင်းခြင်း၊၀င်ငွေကောင်းခြင်းဖြစ်နေသည်။သို့သောမိဘများ၏စီးပွားရေးကျဆင်းမှုကြောင့်စိတ်
ညစ်နေရတတ်သည်။ ဆွေမျိုးသားချင်းများကိုအကူအညီတောင်းနေရတတ်သည်။ငွေကြေးမဟုတ်ဘဲလူမူရေး
ကိစ္စများဖြစ်သည်။ အလုပ်တွင် အစစအရာရာအဆင်ပြေသည်။ အထက်လူကြီး၏ကူညီမှုရခြင်း၊ လူမျိုးခြား များ၏ ကူညီမှုရခြင်းဖြစ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်သည်။
ကောင်းသောပြောင်းခြင်းဖြစ်သည်။ အမိနိုင်ငံသို့သွားလိုက်ပြန်လိုက်လုပ်နေရတတ်သည်။
ကျန်းမာရေး။ နှာစီးချောင်းဆိုးဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရပါသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၇ ၃ ၁) 
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

0 မှတ်ချက်များ for "ခုနှစ်ရက်သားသမီးများအတွက် ( ၅.၁၁.၁၂ ) မှ ( ၁၁.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++