အင်းလေးကန် အခြေအနေ ဆိုးဝါးလာ

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ရှိတဲ့
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အင်းလေကန်ရဲ့ သဘာ ဝပတ်ဝန်းကျင် အေနအထားဟာ တနေ့တခြား ပိုဆိုး ဝါးလာတယ်လို့ အင်းလေး အထူးဒေသ ဖွံ့ဖြိုးရေး ဥက္ကဌ ကိုရေအးက ပြောပါတယ်။

ပတ်ဝန်းကျင်ဒေသက အနယ်အနှစ်တွေ ပိုချတာတွေ များပြားလာတဲ့အပြင်တ ခြားသော ဆိုးကျိုး သက်
ရောက်မှုတွေကြောင့် အင်းလေးကန် အခြေအနေဟာ အ တော်ဆိုးဝါးနေတယ်လို့ ပြောပါတယ်။

အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းတွေ မြစ်ဖျားခံတဲ့ ဒေသေတွမှာ သစ်တော ပြုန်းတီးတာတွေကြောင့် နုန်းပို့ချတာတွေ များလာပြီးတော့ အင်းလေးကန်က တိမ်လာတယ်လို့ သူကပြောပါတယ်။ 

 အင်းလေးဒေသမှာ သစ်တောတွေကို ခုတ်ယူရာကေန သစ်တောပြုန်းတီးတာကလည်း ဒီလိုဖြစ်ပွားစေတဲ့ အချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတု ဆေးပစ္စည်းတွေကလည်း အင်းလေးကန်ရဲ့ အခြေအနေကို ဆိုးဝါးစေတယ်လို့ ကိုရေအးက ပြောပါတယ်။

“အင်းသားတွေက စိုက်ပျိုးရေးကို အဓိကထားတယ်၊ ရြေခံလုပ်ငန်းမှာ ဘာသုံးလဲဆိုတော့ ဓာတုပစ္စည်းတွေ လိုတာထက် သုံးကြတော့ အင်းလေးကန်ရေက ညစ်ညမ်းတာပေါ့။ စိုက်ပျိုးရေးကဏ္ဍဍကေန ထိခိုက်တယ်။ အင်းလေးကန်ဒေသမှာ လျှပ်စစ်မီးမရဘူး။ အဲတော့ သစ်တောသစ်ပင်တွေခုတ်ပြီး မီးသွေးမီးဖိုအဖြစ် သုံးရ တယ်။ အဲတော့ သစ်ပင်တွေပြောင်တယ်၊ မြေဆီလွှာထိန်းသိမ်းမှုမရှိတော့ နန်းပို့ချမှုတွေများလာတယ်။ တချက်တည်းကြောင့် မဟုတ်ဘဲ အချက် အချက်တွေရှိတာပေါ့။ ဒါတွေပါင်းဆုံပြီး အင်းလေးကန်ဟာ အသက်ငင်နေတဲ့ လူနာတေယာက်လိုဖြစ်နေတယ်။”

ဓာတုပစ္စည်းတွေ အသုံးပြုတာတြွေကာင့်လည်း အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာ ပီအိပ်ခ်ျ level က ပိုမိုမြင့်တက်လာပြီးတော့ ရေကို သောက်သုံးမရေတာ့သလို ဒေသခံတွေမှာ လည်ပင်းကြီးရောဂါတွေ ဖြစ်ပွားတာတွေ တိုးလာတယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ်ကေန စတင်ပြီးတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အန်ဂျီအိုတွေက အင်းလေးကန် ထိန်းသိမ်းဖို့အတွက် ဒေါ်လာ ၂၆ သန်း အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
 
တန်ဆောင်မုန်း လဆန်း ၁ ရက်နေ့ကို အင်းအမျိုးသားနေ့အဖြစ်တနေ့မှာ သတ်မှတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ အင်းသားများဆုံဆည်းရာနေ့ အခမ်းအနားကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၄ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။  http://burmese.dvb.no/archives/33004

0 မှတ်ချက်များ for "အင်းလေးကန် အခြေအနေ ဆိုးဝါးလာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++