ဆရာမ ရှိုက်နက်၍ မူလတန်း ကျောင်း သား ဆေးရုံတင်ရ မည့် အခြေအနေရောက်
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း
ကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက အကြမ်းဖက် ရိုက်နက်မူကြောင့် ကျောင်းသား
ဖြစ် သူမှာ အကြောက် လွန် သွေးလန့်ပြီး ဆေးရုံတင်ရ သည့်အနေအထားထိ
ရောက်ရှိခဲ့သည်ဟု ကျောင်းသား မိဘများ က ပြောသည်။
သို့အတွက် မိဘ ဖြစ်သူများက
ယခုကဲ့သို့ ရိုက်နက်မူ ကို မကျေ နပ်သဖြင့် လွန်ခဲ့သော အောက်တို ဘာလ ၁၄
ရက်နေ့က သက်ဆိုင် ရာ ပြည်နယ် ပညာရေးမှူးရုံး သို့ တိုင်ကြားခဲ့သည်ဟု
ပြောသည်။
အရိုက်ခံရသော ကျောင်းသားမှာ ပုဏ္ဍားကျွန်းမြို့နယ် ကွမ်းတောင်
ကျေးရွာ အထက်တန်းကျောင်းခွဲမှ ဦးမောင်လှသိန်း၏သား သုံးတန်းကျောင်းသား
မောင်မျိုးမင်းနိုင် ဖြစ်သည်။
ထိုသို့ တိုင်ကြားသည့် အတွက် အောက်တိုဘာလ ၂၀ ရက်နေ့တွင်
ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးမောင်ကျော်လှ ဦးဆောင်သော အဖွဲ့က
လာရောက်ကာ စုံစမ်းစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရိုက်နှက်ခံရသည့်
ကလေးငယ်နှင့် ပတ်သက်ပြီး မိဘများ အနေဖြင့် ဆရာမများအား အစိုးရဌာန များသို့
တိုင်တန်းခြင်းမပြုရန်၊ ငွေ ၁၈၀၀၀ ကျပ်ကို လက်ခံပြီး ရိုက်နှက်မှုအား
ပြေငြိမ်းရန် ၀န်ခံ လက်မှတ် ထိုးခိုင်း ခဲ့သည်ဟု ကျောင်းသား မိဘများက
ပြောကြားသည်။
ထိုသို့ မလိုက်နာပါက ကွန်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား
မြို့နယ် ပညာရေးမှူး အမိန့်ဖြင့် အခြားတစ်နေရာသို့ ရွှေ့ပြောင်းပစ်မည်ဟု
ခြိမ်းခြောက်ကာ ကလေးငယ်၏ မိဘများအား အတင်းအကျပ် ကျေနပ်ရန်
ဖိအားပေးသွားခဲ့သည်ဟု ဆိုသည်။
မြို့နယ်ပညာရေးမှူး လာရောက်စစ်ဆေးမှူသည် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့်
စုံစမ်းမူ မဟုတ်သည့် အတွက် မိဘများက မကျေနပ်နိုင်သဖြင့် အောက်တိုဘာလ ၂၁
ရက်နေ့တွင် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ထံသို့ လိပ်မူကာ ထပ်မံပြီး
စုံစမ်းစစ်ဆေးပေးရန် ပြန်လည်တိုင်ကြားခဲ့ဟု ဆိုသည်။
ထိုသို့ ထပ်မံ တိုင်ကြားခဲ့သော်လည်း ပြည်နယ်
ပညာရေးမှူးရုံးမှလည်းကောင်း၊ မြို့နယ် ပညာရေးမှူး ရုံမှ လည်းကောင်း
ယခုအချိန်ထိ တစ်စုံတရာ လာရောက် စုံစမ်း စစ်ဆေးခြင်းမလုပ်ပဲ မိဘများ၏
တိုင်ကြားမှုကို မသိကျိုးကျွန် ပြုပြီး မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။
မောင်မျိုးနိုင် အရိုက်ခံရသည့် ကိစ္စမှာ သူက အတန်းဖေါ် ကျောင်းသူတစ်ဦးအား
ဆရာမများ အနေဖြင့် ကျောင်းသားများကို ကျူရှင်ပြနေသည်မှာ သူတို့
ကိုယ်ကျိုး အတွက် လုပ်စားနေတာ သာ ဖြစ်ကြောင်း
ပြောဆိုခဲ့သည့် အပေါ် အဆိုပါ ကျောင်းသူမှ ဆရာမများကို သွားရောက် တိုင်ကြားရာမှ ဆရာမ (၃) ဦးက မောင်မျိုးမင်းနိုင်အား ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ပြောဆိုခဲ့သည့် အပေါ် အဆိုပါ ကျောင်းသူမှ ဆရာမများကို သွားရောက် တိုင်ကြားရာမှ ဆရာမ (၃) ဦးက မောင်မျိုးမင်းနိုင်အား ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ယခုအခါ မောင်မျိုးမင်းနိုင်မှာ ဆရာမသုံးဦး၏
အကြမ်းဖက်ရိုက်နှတ်ခံရမူကြောင့် ကြောက်စိတ် လွန်ကာ ကျောင်းမတက်ရဲတော့ဘဲ
ဖြစ်နေကြောင်း သိရသည်။ မိဘမျာ အနေဖြင့် ကလေးငယ်အား ကျောင်းသို့
စာသင်ကြားရန် အတင်း မစေလွှတ်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။
မောင်မျိုးနိုင်မှာ အကြမ်းဖက်မူ ခံရပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရ စာသင်ကျောင်းများတွင် ဆရာ ဆရာမများ အနေဖြင့်
ကျောင်းသူ ကျောင်း သားများကို ဆိုဆုံးမရာတွင် ခေတ်နှင့် မလျှော်ညီတော့သော
ရိုက်ပုတ် ဆဲဆိုမူများကို ဆက် လက် ပြု လုပ်နေသေးသဖြင့် အဆိုပါ ကိစ္စအပေါ်
မြန်မာနိုင်ငံ ပညာရေး ဌာန အနေဖြင့် အသေအချာ ဆန်းစစ်ရန် လိုအပ်နေကြောင်း
ကျောင်းသား မိဘတစ်ဦးက ပြောသည်။
http://www.narinjara.com/burmese/


0 မှတ်ချက်များ for "ဆရာမ ရှိုက်နက်၍ မူလတန်း ကျောင်း သား ဆေးရုံတင်ရ မည့် အခြေအနေရောက်"