ချင်းပြည်နယ်ေ ကျာင်းဝင်ကြေး အဆမတန်ေ ကာက်ခံနေ
ချင်းပြည်နယ်ထန်တလန်မြို့နယ် ကြောင်ထီးယား ရွာ
အစိုးရအလယ်တန်းကျောင်းအုပ်ကြီး ပူး ငွန် ထန်သည် မူလတန်း အလယ်တန်း ကျောင်း
သူကျောင်း သားများအပေါ် နည်းအမျိုးမျိုးဖြင့် သွေး စုပ် ချယ်လှယ်နေသည်ဟု
သတင်းရရှိသည်။
ကျောင်းအုပ်ကြီးသည် ကျောင်းဝင်ကြေးအတွက် လယ်ဆင့်ကျောင်းသားတဦးလျှင်
ကျပ်ငွေ ၃၀၀၀၊ မူအဆင့် ကျပ်ငွေ ၂၀၀၀ ကောက်ခံသည့် အပြင်
ကျောင်းသားကျောင်းသူများအား ၄င်း၏ ကိုယ်ပိုင်တောင်ယာခုတ်၊ ယာထွက် စပါးသယ်၊
ခြံ ကာ၊ ၀က်စာရှာ၊ ယာခင်းပေါင်းရှင်းခိုင်းနေသည်။
“ကျောင်းသားတွေကိုလုပ်အားပေးမခိုင်းဖို့ရပ်မိရပ်ဖတွေက တောင်းပန်ပေမဲ့ လုပ်အားမပေးသူတွေကို တဦးလျှင် ကျပ်ငွေ ၁၅၀၀ အခု ကောက်နေတာ ပါ ” ဟု ရပ်မိရပ်ဖ တဦးက ပြောသည်။
ထို့အပြင် သောကြာနေ့တိုင်း ကျောင်းသူကျောင်းသားတွေကို ကျောင်းဥယာဉ်ပေါင်းရှင်းခိုင်းေ သာ် လည်း ခြံထွက် ကော်ပီထုပ်၊ ကြံ၊ ငှက်ပျောသီးတွေ ကို တဦးတည်း ယူစားသွားသည်ဟု ဆက်ဆိုသည်။
ကျောင်းအုပ်ဆရာကြီးသည် ကြောင်ထီးယားရွာအလယ်တန်းကျောင်း တွင် တာဝန်ကျသည်မှာ ၁၅ နှစ်ရှိ
ပြီဖြစ်ပြီး နှစ် တိုင်း ကျောင်းသားတွေ အား ငွေ အား၊ လူအားဖြင့်သွေးစုပ်ချယ် လှယ်နေခြင်းဖြစ်သည်။
ပြီဖြစ်ပြီး နှစ် တိုင်း ကျောင်းသားတွေ အား ငွေ အား၊ လူအားဖြင့်သွေးစုပ်ချယ်
အဆိုပါကျောင်းတွင် ကျောင်းအုပ်ကြီးအပါအ၀င် ကျောင်းဆရာ တဦး၊ ကျောင်းဆရာမ
၅ ဦးရှိပြီး ကျောင်း ဆရာ မ အေးခိုင် ဖြူနှင့် နွယ်နွယ်အေးတို့ သည်
ကျောင်းသူကျောင်းသားများအား ထင်းမီးကို ရှာဖွေ ခိုင်းနေသည်ဟု သိရပြန်သည်။
အစိုးရမှ ကျောင်းဆရာများ ကျောင်းပုံမှန်တက်ပြီး စာသင်နိုင်ရေးအတွက်
ချင်းပြည်နယ်ရှိ ကျောင်း ဆရာများအား အထူး အစီအစဉ်အဖြစ် လစာ တ
ဆတိုးပေးပြီးသည့် အပြင် တောင်တန်းစရိတ် ကျပ်ငွေ ၃ သောင်း အား ယခုနှစ်အတွင်း
ချီးမြှင့်ထောက်ပံ့ခဲ့ပြီးဖြစ် သည်။
“ဗမာကျောင်းဆရာမတွေဆိုတော့ မလုပ်တတ်မကိုင်တတ်တာဖြစ်မှာပါ၊ ဒါပေမဲ့
ခွဲပြီးသားထင်းကို လက်ခံပြီး မခွဲတဲ့ ထင်းမီး ကို လွှင့်ပစ်ကြတာ
မကောင်းဘူးက”ွ ဟု မိဘပြည်သူတဦးက ဆိုသည်။
ဆရာမနှစ်ဦးသည် စောက်မြင်ကတ်မှုဖြင့် ကျောင်းသူနှစ်ဦး နှင့် ကျောင်းသားသုံးဦးအား ပြီးခဲ့သည် လ က ကျောင်း ထုတ် လိုက်ကြသည်။
“မိဘတွေတောင်းပန်လို့ ကျောင်းသူနှစ်ဦးကို ပြန်လက်ခံတယ်၊ ကျောင်းသား ၃
ဦးတော့ ကျောင်းပြန် မ၀င်နိုင်တော့ဘူး၊ ဆရာမတွေက ရုပ်ဆိုးလွန်း လို့
ကြည့်မရတာနဲ့ ကျောင်းထုတ်လိုက် တာလို့ ပြော ကြတယ်” ဟု ဒေသခံတဦးက ပြော သည်။
ပြီးခဲ့သည် စက်တင်ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း
ကန်ပက်လက်မြို့နယ် ကျင်ဒွေး ရွာ အလယ် တန်း ကျောင်း သူကလေး ဘုန်းကြီး
အလှူအတန်းပြုလုပ်ဖို့ ကျောင်းဆရာတွေက ထင်းခွေ ခိုင်း ရာမှ သစ်တုံး ပိပြီး
သေဆုံး သွား ခဲ့သည်။ http://khonumthungburmese.org/?p=787


0 မှတ်ချက်များ for "ချင်းပြည်နယ်ေ ကျာင်းဝင်ကြေး အဆမတန်ေ ကာက်ခံနေ "