ထုတ်ပယ်ခံခဲ့တဲ့ KNU ခေါင်းဆောင် (၃)ဦးအား မူလ ရာထူး ပြန်လည် ခန့်အပ်

ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ကေ အန်ယူ လေးဝါးခ စခန်းမှာ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ ကေအန်ယူဗဟို အမြဲတန်း ကော်မတီရဲ့ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်
တက်ရောက်ခဲ့တဲ့ ဗဟိုအမြဲ တန်းကော်မတီနဲ့ အရံအမြဲတန်းကော်မတီ ၄၀ ဟာ မဲခွဲတာတွေမလုပ်ဘဲ၊ ညီညွတ်ရေးနဲ့ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ထုတ်ပယ်ခံခဲ့ရတဲ့ KNU  ခေါင်းဆောင် ၃ ဦးအား မူလရာထူးတွေမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ညှိုနှိုင်းနိုင်ခဲ့တာလို့ ကေအန်ယူပြောခွင့်ရသူ ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ပြီးတော့ ပြဿနာဖြစ်ခဲ့တဲ့ ဘားအံ မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ ကေအန်အဲလ်အေ တပ်မဟာများဆက်ဆံရေး ရုံးကိုလည်း အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ကေအန်ယူနဲ့ အစိုးရ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ဒီရုံးတွေကို
ကေအန်ယူ ခေါင်းဆောင်ပိုင်း တချို့က သိပ်ပြီး မြန်ဆန်လွန်းနေတယ်၊ တချို့က အခုလို ဆက်ဆံရေး ရုံးတွေဖွင့်တာ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ်လို့ယူဆကြ ရာကနေ ခေါင်းဆောင်
တွေအကြား သဘောထားကွဲလွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ အားလုံးပြေလည်သွားပြီ ဖြစ်လို့ ကအန်ယူနဲ့အစိုးရ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကို မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားတော့မှာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဗဒိုမန်းငြိမ်း
မောင်က ပြောကြားသွားပါတယ်။

0 မှတ်ချက်များ for "ထုတ်ပယ်ခံခဲ့တဲ့ KNU ခေါင်းဆောင် (၃)ဦးအား မူလ ရာထူး ပြန်လည် ခန့်အပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++