ဆီးရီးယားအတိုက်ခံများတွင် အမေရိကန်ထုတ် လက်နက်များ အသုံးပြုနေကြောင်း ရုရှားပြော
ဆီးရီးယားအတိုက်အခံများသည် အမေရိကန် နိုင်ငံထုတ် လေယာဉ်ပစ် ဒုံးကျည်များအပါ အဝင် လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်များကို အသုံး ပြုလျက်ရှိကြောင်း ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် အတိုက်အခံများသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ အသုံး ပြုလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး နီကိုလိုင်မာကာ ရော့ဗ် ၏ ပြောကြား ချက်ကို ကိုးကား၍ InterFax သတင်း ဌာနက ဖော်ပြ ခဲ့သည်။
ဆီးရီးယားအတိုက်အခံများတွင် အမေရိကန် နိုင်ငံလုပ် လေယာဉ်ပစ် ဒုံးများအပါအဝင် ရွှေ့ပြောင်းရန် လွယ်ကူသော ပြည်ပလုပ် လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်များကို အသုံး ပြုလျက်ရှိကြောင်း အခိုင် အမာသတင်းရရှိခဲ့သည်ဟု ဗိုလ်ချုပ်ကြီး မာကာရော့ဗ်က သတင်းမီဒီယာများကို ပြောကြားခဲ့သည်ဟု သိရသည်။
ရုရှား နိုင်ငံသည် ဆီးရီးယား နိုင်ငံသို့ လက်နက် အများဆုံး တင်ပို့ ရောင်းချလျက် ရှိသော နိုင်ငံ ဖြစ်သည်။

0 မှတ်ချက်များ for "ဆီးရီးယားအတိုက်ခံများတွင် အမေရိကန်ထုတ် လက်နက်များ အသုံးပြုနေကြောင်း ရုရှားပြော "