ရွန်းနေးက အိုဘားမား မူဝါဒများအပေါ် အသာစီရရှိမည့် မူဝါဒများ ပြောဆိုနိုင်ခြင်းမရှိကြောင်း လုံခြုံရေးဆိုင်ရာ ပါမောက္ခ မှတ်ချက်ပြု
အမေရိကန် လက်ရှိသမ္မတဘားရက် အိုဘားမားနှင့်ရွေးကောက်ပွဲဝင် သမ္မတလောင်း မစ်ရွန်နေး တို့ သည် ၂ဝ၁၄ ခု နှစ်တွင် အာဖဂန်မှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် စီစဉ်ထားမှုတွင် နှောင့်နှေးမှု ဖြစ်ပေါ်
စေရန် အခြေအနေ ပေါ်ပေါက်လာပါက ဆောင် ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ အသင့် မရှိသေး ကြောင်း အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ထိပ်တန်း ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါရုပ်သိမ်းမည့် အစီအစဉ်အတွက် ကြန့်ကြာမှု ဖြစ်ပေါ် စေရန် အခြေအနေဖန်တီး ပေါ်ပေါက်လာပါက မည်ကဲ့သို့လုပ်ဆောင်မည် ဆိုသည်နှင့်ပတ်သက်၍ နှစ်ဦး စလုံးက ဖြေကြားခဲ့ခြင်းမရှိကြောင်း ၂ဝဝ၉ ခုနှစ် တွင် အိုဘားမားအစိုးရ၏ အာဖဂန်-ပါကစ္စတန်ဆိုင်ရာ မူဝါဒအား ရေးဆွဲရာတွင် ပါဝင်ခဲ့သော လူ ၃ ဦး အနက်မှတစ်ဦးအပါအဝင် ဖြစ်သည့် CIA အရာရှိ ဟောင်း Bruce Riedel က ပြောကြားခဲ့ပါသည်။
ရွန်နေးသည် အာဖဂန်-ပါကစ္စတန်ဆိုင်ရာ အိုဘားမား၏ မူဝါဒများအပေါ် အသာစီးရရှိ နိုင်မည့် ၎င်း၏မူဝါဒ များအား ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြား နိုင်ခဲ့ခြင်းမရှိကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ လေ့လာရေး ဗဟိုဌာန လက်ထောက် ပါမောက္ခ C Christine Fair က မှတ်ချက်ပြု ပြောကြား ခဲ့ပါသည်။


0 မှတ်ချက်များ for "ရွန်းနေးက အိုဘားမား မူဝါဒများအပေါ် အသာစီရရှိမည့် မူဝါဒများ ပြောဆိုနိုင်ခြင်းမရှိကြောင်း လုံခြုံရေးဆိုင်ရာ ပါမောက္ခ မှတ်ချက်ပြု "