မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော်ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော် ENGELBERT HUMPER DINCK ၏ ဖျော်ဖြေပွဲအား ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ရန် စီစဉ် ထားသည်ဟု သတင်းရရှိသည်။ 

အဆိုပါဖျော်ဖြေပွဲကို Forever BECTERO မှ စီစဉ် တင်ဆက်ခြင်းဖြစ်ပြီး Alpine သောက်ရေသန့်မှ ပံ့ပိုး တင်ဆက်ခြင်းဖြစ်သည်ဟု သိရှိရသည်။ 

ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန် ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ၎င်း၏ထင်ရှားခဲ့သည့် တေးသီချင်းပေါင်းများစွာဖြင့် သီဆိုဖျော်ဖြေ ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

လက်မှတ်နှုန်းထားများကို ငွေကျပ်တစ်သိန်းခွဲ၊ ငွေကျပ်တစ်သိန်းနှင့် ငွေကျပ်ခုနစ်သောင်းတို့ အသီးသီး သတ်မှတ်ထားပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ည ၇နာရီခွဲတွင် စတင်ဖျော်ဖြေ မည်ဖြစ်ကာ တိုက် ရိုက် ကြည့်ရှုနိုင် ရန်သာ သီးသန့်တင်ဆက်မည်ဖြစ်ပြီး ရုပ်သံလိုင်း များမှ ပြန်လည် ထုတ်လွှင့်သွားမည် မဟုတ်ဟု သိရှိရသည်။ 

ကမ္ဘာကျော် အဆိုတော်ကြီးသည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကာ မီဒီယာများ နှင့် တိုက်ရိုက်တွေ့ဆုံသွားရန်လည်း စီစဉ်ထားသည်ဟု သိရှိရသည်။

ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK သည် ဂီတသက်တမ်းနှစ်ပေါင်း ၄၀ ကျော်ဖြတ် သန်းခဲ့သည့် ၀ါရင့် အဆိုတော်ကြီးတစ်ဦးဖြစ်ပြီး ၎င်းသီဆိုခဲ့သည့် သီချင်းများအနက် Grammy nomi nations လေး ကြိမ်တိုင် ရရှိပြီးဖြစ်သည်ဟု သိရှိရသည်။ 'Entertainer of the Year(1988)' အဖြစ်ရွှေ ကမ္ဘာလုံးဆု ကိုရရှိခဲ့ပြီးဖြစ်ကာ ဟောလိဝုဒ်အောင်မြင်မှုလျောက်လမ်းပေါ်တွင်  ကြယ်တစ်ပွင့်အဖြစ်ရေး ထိုးခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်း၏ နောက်ဆုံးထွက်ရှိထားသည့် 'Love Will set You Free' အယ်လ် ဘမ်သည်လည်း ယခုနှစ်အစောပိုင်းအတွင်း ထိပ်ဆုံးတေးအယ်လ်ဘမ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်ဟု သိရှိရသည်။ ထင်ရှားခဲ့သည့် တေးသီချင်းအချို့မှာ 'Quando,Quando,Quando' ၊  'Release Me' နှင့် 'The Last Waltz' တို့ဖြစ်သည်ဟု သိရှိရသည်။ 

၎င်း၏ အောင်မြင်ခဲ့သည့် တေးသီချင်းအချို့ကို ကော်ပီတေးသီချင်းအဖြစ် မြန်မာတေးသံရှင်များက သီဆိုခဲ့ခြင်းများလည်းရှိသည်ဟု သိရသည်။

ပထမဆုံးအကြိမ်ပြုလုပ်မည့် ကမ္ဘာကျော်အဆိုတော် ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲအပေါ် ၀ါရင့်အနုပညာရှင်အချို့၏ အမြင်များ

 
ကိုရဲလွင်
ကျွန်တော်တို့ခေတ်တုန်းက ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး တစ်ယောက်ပေါ့။ အခုအသက်အရွယ်တွေ လည်း ရလာတဲ့အချိန်ဆိုတော့ သူ့ကိုသိပေမယ့် သူ့သီချင်းတွေကို ပြန်စဉ်းစားကြည့်တာ နည်းနည်းဝေေ၀ ၀ါးဝါးတော့ ဖြစ်နေတယ်။ အခုလို နိုင်ငံတကာပွဲမျိုးကို လုပ်နိုင်တာက ၀မ်းသာစရာ ကောင်းပါတယ်။ ဒါက
နိုင်ငံရေး အပြောင်းအလဲတစ်ခုလို့လည်း မြင်လို့ရမယ်ထင်တယ်။ ခင်မောင်တိုး ကျွန်တော် တို့ အရမ်း ကြိုက် ခဲ့ရတဲ့၊ နားထောင်ခဲ့ရတဲ့ အဆိုတော်ကြီးတစ်ယောက်ပါ။ အဲဒီလိုသူတစ်ယောက် က မြန် မာနိုင်ငံမှာ လာရောက်ဖျော်ဖြေမယ်ဆိုတော့ ၀မ်းသာစရာ ကောင်းပါတယ်။ ဒါကဖြစ်သင့်ဖြစ်ထိုက်တဲ့ ပွဲတစ်ခုလို့လည်း မြင်ပါတယ်။
တူးတူး
ကျွန်တော်တို့ ငယ်စဉ်က အစ်ကိုတွေ နားထောင်နေကြရင်းနဲ့ကို နားရည်ဝပြီးကြိုက်ခဲ့ရတဲ့ အဆိုတော်ကြီး တစ်ယောက်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း သူ့သီချင်းတစ်ပုဒ်ကို ကော်ပီလုပ်ပြီး ပြန်ဆိုခဲ့ဖူးတယ်။ ကိုယ်လေးစားရတဲ့ ကြည့်ခွင့်ရဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ဒီလိုပွဲမျိုးကို မြန်မာနိုင်ငံမှာ လုပ်မယ်ဆိုတဲ့ အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးလို့ မြင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လည်း ဖြစ်အောင်သွား ကြည့်မယ်လို့ စိတ်ကူးထားတယ်။
 
သျီ
ငယ်ငယ်ကတည်းကလည်း သူ့ရဲ့သီချင်းတွေကို ကြားခဲ့ဖူးတယ်။ အခုနောက်ပိုင်းလည်း လူငယ်တွေ ပြန် ဆိုနေကြတယ်ပေါ့နော်။ အခု သူ့ရဲ့ဂီတ သက်တမ်းနှစ်လေးဆယ်လို့ဆိုတဲ့အတွက် အရမ်းအံ့သြသွား တယ်။ နှစ်ပေါင်းလေးဆယ်ဖြတ်သန်းခဲ့တဲ့ ဒီသီချင်းတွေက အခုချိန်မှာ ဖွင့်ပြမယ်ဆိုလည်း အားလုံးက လက်ခံကြမှာပဲလေ။ ဒီလိုမျိုးပွင့်လင်းလာတဲ့ ခေတ်မှာ ဒီလိုပွဲမျိုးကြည့်ခွင့်ရမယ်ဆိုတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ်။

0 မှတ်ချက်များ for "မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ကမ္ဘာကျော် အဆိုတော်ENGELBERT HUMPERDINCK ၏ ဖျော်ဖြေပွဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++