'ကိုယ်ကျိုး စီးပွားရှာတဲ့ခေတ် က ကုန်သွားပါပြီ' ဆိုသော သရုပ်ဆောင် ဇင်ဝိုင်း

"အခုထိတော့ အလုပ် အမှုဆောင် အဟောင်းနဲ့ အသစ် အလုပ်ဝတ္တရား လွှဲအပ်ခြင်း မရှိသေးပါဘူး။ နာယကတွေ ရဲ့ ဦးဆောင်မှုနဲ့ ရွေးကောက် ပွဲကြီးတော့ လုပ်ခဲ့ပြီးပါပြီ။ 

ဦးက ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံရ ပါတယ်။ အခြေခံအကျဆုံးလုပ်ရမှာက အမှုဆောင် အဖွဲ့ ကို တောင့်တင်းအောင် လုပ်ဖို့ပါ။ 

ကိုယ်ကျိုးစီးပွားရှာတဲ့ခေတ်က ကုန်သွားပါပြီ။ အလုပ် အမှုဆောင်အဖွဲ့ ၀င်တစ်ဦးက တစ်ကျပ် ခံစားခွင့် ရရင် ကျန်တဲ့သူတွေကလည်း တစ်ကျပ်ပဲ ခံစားခွင့်ရမှာပါ။

အလုပ်အမှုဆောင်အဖွဲ့အတွင်း မှာကိုယ်ကျိုး စီးပွားရှာ တဲ့သူတွေ မရှိအောင်အဖွဲ့ကို တောင့်တင်းအောင် အရင်ဆုံးစည်းမျဉ်းစည်းကမ်း တွေနဲ့ အခိုင်အမာ လုပ်
ဆောင်သွားမှာပါ။ "နောက်ပြီးဗီဒီယိုအဖွဲ့ နယ်သွားတဲ့ အခါမှာ တန်စိုးလက်ဆောင်ယူတာမျိုး၊ မမှန်မကန် လုပ်တာမျိုးတွေကို ပြတ်ပြတ်သားသားအရေးယူသွားမှာပါ။

နောက်တစ်ချက်က အခုနောက်ပိုင်းမှာ အရမ်း ဆိုးဝါးလာတဲ့ခိုးကူးခွေတွေကိစ္စပါ။ ခိုးကူးခွေ တွေကို အမြန် ဆုံး နှိမ်နင်းသွားမယ်။ နောက်တစ်ချက်က အနု ပညာရှင် တွေအတတ်ပညာရှင်တွေရဲ့ အရည်အသွေး ပိုင်းမှာ တိုးတက်လာအောင် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး ပြည်တွင်းမှာ လာရောက်သင် ကြားပေးတာမျိုးတွေ လုပ်မယ်။ ရုပ်ရှင်ရဲ့ အခြေခံ လုပ် သားတွေဖြစ်တဲ့  စက်မှုအခြေခံအဖွဲ့ သားတွေ၊ ဇာတ်ပို့ဇာတ်ရံ၊ အမေများအဖွဲ့၊ လူကြမ်းအဖွဲ့တွေရဲ့လူမှု ဒုက္ခအ၀၀ကို ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင် သွားပါမယ်"လို့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ အပြီးမှာပြော ခဲ့ပါတယ်။

0 မှတ်ချက်များ for "'ကိုယ်ကျိုး စီးပွားရှာတဲ့ခေတ် က ကုန်သွားပါပြီ' ဆိုသော သရုပ်ဆောင် ဇင်ဝိုင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++