ဆီးရီးယား နယ်စပ်ကို သူပုန်တွေ သိမ်းဆီးလိုက်ပြီ

အီရတ်နိုင်ငံ၊ ​တူရကီနိုင်ငံတို့နဲ့ ​ထိစပ်နေတဲ့ ​ဆီးရီး ယားနယ်စပ်ဂိတ်တွေကို ​ဆီးရီးယားသူပုန်တွေ က ​သိမ်းဆီးလိုက်ပြီလို့ ​သိရပါတယ်။

အီရတ်နိုင်ငံနဲ့ ​နယ်နမိတ်ချင်းထိစပ်နေတဲ့ ​နေရာမှာ ​Free ​Syrian ​Army ​သူပုန်တွေ ​ဝင်သိမ်းပြီး ​ဆီးရီးယား စစ်တပ်အရာရှိတစ်ဦးရဲ့ ​ခြေနဲ့ ​လက်ကို ​ဖြတ်လိုက်သ လို ​အရာရှိရဲ့ ​လက်အောက်ငယ်သား ​၂၂ ​ယောက်ကို လည်း ​သူတို့ရဲ့ ​ရှေ့မှာတင် ​ပစ်သတ်ခဲ့တယ်လို့ ​အီ ရတ်နိုင်ငံ ​စစ်သားတွေက ​ထွက်ဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ​မြို့တော် ​Damascus ​မှာလည်း ​တိုက်ခိုက်မူတွေ ​ပြင်းထန်နေဆဲ ​ဖြစ်ပါတယ်။  ​မြို့တော်မှာ တော့ ​ဆီးရီးယားအစိုးရတပ်တွေက ​ရဟတ်ယာဉ်တွေ၊ ​လက်နက်ကြီးတွေအသုံးပြုပြီး ​သူပုန်တွေကို ​တိုက်ခိုက် နေတယ်လို့ ​သိရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အဆိုအရ ​ဆီးရီးယားနိုင်ငံအနှံ့မှာ ​စစ်ဖြစ်ပွားမူကြောင့်  ​ကြာသပတေး နေ့မှာ ​လူပေါင်း ​၂၄၈ ​ယောက်သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​ပြည်သူအယောက်ပေါင်း ​၁၀၉ ​ယောက်ပါဝင် တယ် လို့ ​ခန့်မှန်းထားပါတယ်။ 

ဒီလိုအခြေအနေကြောင့် ​ဆီးရီးယားအစိုးရကို ​နိုင်ငံတကာက ​ပိတ်ဆို့အရေးယူမှုတွေ ​ပိုပြီးလုပ်သွားဖို့ ​အဆို ပြုမှုကို ​ရုရှားနဲ့ ​တရုတ်နိုင်ငံတွေက ​ဗီတိုအာဏာသုံးပြီး ​ပယ်ချခဲ့တဲ့အတွက် ​မကျေနပ်မှုတွေ ​ဖြစ်ပေါ်နေ ကြောင်းလည်း ​သိရပါတယ်။

ကုလသမ္မဂဆိုင်ရာ ​အမေရိကန်သံအမတ် ​Susan ​Rice ​က ​ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ​ကြိုးပမ်းချက်တွေ ဟာ ​လုံးဝ ​အရာမထင် ​ကျဆုံးနေပြီဖြစ်တဲ့အတွက် ​အမေရိကန်အစိုးရအနေနဲ့ ​ဆီးရီးယားသမ္မတ ​Bashar ​al-Assad ​ကို ​ထိပ်တိုက်ရင်ဆိုင်မှုကို ​မိမိတို့ဖာသာ ​ဆက်လုပ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​ကလည်း ​ရုရှားနဲ့ ​တရုတ်နိုင်ငံတွေရဲ့ ​ဆီးရီးယားအစိုးရကို ​အ ကာအကွယ်ပေးနေတဲ့ ​ဆုံးဖြတ်ချက်အပေါ်မှာ ​ခါးခါးသည်းသည်း ​စိတ်ပျက်မိတယ်လို့ ​ထုတ်ဖေါ်ပြော ဆို ထားပါတယ်။
ဆီးရီးယားအစိုးရ ​ထိပ်တန်းလုံခြုံရေးခေါင်းဆောင် ​သုံးဦး ​လွန်ခဲ့တဲ့ရက်ပိုင်းက ​ဗုံးခွဲလုပ်ကြံခံရပြီးနောက် ​ဆီး ရီးယားကာကွယ်ရေးဝန်ကြီး ​အသစ်က ​ဆီးရီးယားသမ္မတ ​Bashar ​al-Assad ​ရဲ့ ​ရှေ့မှောက်မှာ   ​ကျမ်းသစ္စာ ကျိမ်ဆိုတာကို ​ရုပ်မြင်သံကြားက ​ပြသခဲ့ကြောင်း ​သိရပါတယ်။

0 မှတ်ချက်များ for "ဆီးရီးယား နယ်စပ်ကို သူပုန်တွေ သိမ်းဆီးလိုက်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++