UNFC အဖွဲ့ရဲ့ ထိပ်သီး စည်းဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ဇင်မယ်မှာ ကျင်းပ
ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား
လက်နက် ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး
မယူထားရသေး တဲ့တိုင်းရင်း သားအဖွဲ့ တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC
အဖွဲ့ဝင် ခေါင်းဆောင် ၂၀ ကျော်ဟာ ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO
နယ်မြေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေ သုံးသပ်ခဲ့ကြသလို
အစိုးရသစ်က ပြောဆို နေတဲ့ ပင်လုံ ကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံ
ကျင်းပဖို့ရှိနေတဲ့အပေါ် ပြန်လည် သုံးသပ်တာတွေနဲ့
တိုင်း ရင်းသားအဖွဲ့တချို့ကိုအပစ်ရပ်ပြီး၊ တချို့အဖွဲ့ကို
စစ်ဆင်ရေးလုပ်နေတဲ့ ကိစ္စအပါအ၀င် အဖွဲ့ရဲ့ လုပ်ငန်း တွေ ကို ပြောင်းလဲ
ပြင်ဆင်မူတွေ လုပ်ခဲ့တယ်လို့လဲဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
အခု EBO တိုင်းရင်းသား ညီလာခံကနေ ထွက်လာတဲ့ Ethnic Peace Palan နဲ့
လိုက်လျောညီထွေ ဖြစ် အောင်ပေါ့ဗျား။ ကျနော်တို့ အရင်ပြောထားတာက
အပစ်ရပ်ကို အတူတူလုပ်မယ်ပြောထားတာကိုး အဲ့ဒါက ပျက်သွားတာ
အဲ့ဒါကိုပြန်ဖျက်တာပေါ့လေ။ အပြစ်ရပ်ကိုတော့ ခွဲလုပ်ပေါ့ ဒါပေမယ့်
နိုင်ငံ ရေး ဆွေးနွေးပွဲကိုတော့ အတူတူ လုပ်မယ်ပေါ့၊ အဲ့ဒါပါ။
နိုင်ငံရေး ဆွေးနွေးပွဲ အတူတူလုပ်တဲ့ နေရာ မှာလည်း ကျနော်တို့ ကြည့်ပဲ
မကဘူး UNFC ပြင်ပအဖွဲ့အစည်း တွေလည်း
ပါရေးပေါ့ဗျား။ အားလုံး အဆင့်ဆင့်သွားပြီးတော့ တိုင်းရင်းသားတွေရဲ့
လိုလားချက်ဟာဒါပဲဆိုတဲ့ဟာကို ကျနော်တို့ နိုင်ငံတ ကာသိအောင်၊
ပြည်တွင်းပြည်ပသိအောင်၊ အဲ့ဒီလမ်းကိုတော့သွားဖို့တော့ ပြင်နေကြတယ် အခု
နှစ် လ သုံးလအတွင်းမှာ အဲ့ဒါကို ဆက်တွန်းနေတယ်။
UNFC
အဖွဲ့ ဝင်တွေထဲမှာ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ချင်း၊ ကရင်၊
ကရင်နီ၊မွန်တပ်ဖွဲ့တွေပါဝင်ပြီး အ ပစ်အခတ်ရပ်စဲရေးမယူရသေးတဲ့ ကချင်၊
ပအို့ ၊ ပလောင်၊ ရခိုင်၊ လားဟူနဲ့ ၀အမျိုးသား အဖွဲ့ ချုပ်(WNO)၊ အဖွဲ့တွေ ပါဝင်တဲ့အကြောင်း သိရပါတယ်။

0 မှတ်ချက်များ for "UNFC အဖွဲ့ရဲ့ ထိပ်သီး စည်းဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ဇင်မယ်မှာ ကျင်းပ"