ကျောင်းသား/သူေ ကျာင်းမလာ၍ စစ်တွေ တက္ကသိုလ် မဖွင့်ဖြစ်
စစ်တွေ တက္ကသိုလ်ကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန် အစိုးရမှ
တရားဝင် ကျေညာထားသော်လည်း
ကျောင်းသားများ ကျောင်းမတက်ကြသဖြင့် ကျောင်း မဖွင့်ဖြစ်သေးဟု သိရသည်။
ကျောင်းသားများ ကျောင်းမတက်ကြသဖြင့် ကျောင်း မဖွင့်ဖြစ်သေးဟု သိရသည်။
ကျွန်တော်တို့က လုံခြုံမူ မရှိလို့ယူဆတဲ့
အတွက် ကျောင်း မသွားကြပါဘူး။ စစ်တွေ တက္ကသိုလ်ရဲ့ ပတ်ပတ်လည်မှာ ဘင်္ဂလီရွာတွေ
ရှိနေတော့ လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်း မသွားကြတာ ဖြစ်ပါတယ်။
ကျောင်းသားတွေ မရောက်တဲ့ အတွက် ကျောင်းလည်း မဖွင့်ဖြစ်တဲ့ သဘောပါ” ဟု
စစ်တွေမှ ကျောင်းသား တစ်ဦးက ပြောသည်။
ကျောင်းဖွင့်ရန် ဇူလိုင်လ ၁၆ ရက်နေ့ကို သတ်မှတ်ထားသော်လည်း နယ်မှ
ကျောင်းသား ကျောင်းသူ တစ် ဦးတစ်ယောက်မှလည်း ရောက်မလာကြောင်း ကျောင်းသား
ဘော်ဒါဆောင် လုပ်ကိုင်သူ ဆရာဝင်း က ပြော သည်။
“ ဒီကနေ့မှာ ကျောင်းဖွင့်မယ်လို့ ကျေညာထားတယ်။ နယ်က ကျောင်းသား
တစ်ယောက်မှ မလာဘူး။
ကျောင်းလည်း မဖွင့်ဖြစ်ဘူး။ ကျွန်တော်တို့လည်း စီးပွားရေးကလည်း ကျောင်းသားတွေ မလာတော့ အထူး ထိခိုက်နေပါတယ်” ဟု ပြောသည်။
ကျောင်းလည်း မဖွင့်ဖြစ်ဘူး။ ကျွန်တော်တို့လည်း စီးပွားရေးကလည်း ကျောင်းသားတွေ မလာတော့ အထူး ထိခိုက်နေပါတယ်” ဟု ပြောသည်။
စစ်တွေ
တက္ကသိုလ် ဖွင့်လှစ်ရန် အချိန်ယူရအုံးမည် ဖြစ်ကြောင်း၊ ကျောင်းဖွင့်မည်
ဆိုပါ လုံခြုံရေးကို အဓိက ထားပြီး ဆောင်ရွက်ရန် လိုကြောင်း စစ်တွေမှ ဆရာ
တစ်ဦးက ပြောကြားသည်။
စစ်တွေ တက္ကသိုလ်ကို မဖွင့်လှစ်နိုင်သေးသော်လည်း စစ်တွေ နည်းပညာ ကောလိပ်ကိုမူ ဖွင့်လှစ် ထားပြီးဖြစ်ကြောင်း သိရသည်။
“ စစ်တွေ နည်းပညာကောလိပ်က ဖွင့်ထားပါပြီ။ ကျောင်းသားတွေ ကျောင်းတက်တဲ့
ကားတွေကို ရဲက လမ်း တလျှောက် လုံခြုံရေး ယူပေးပါတယ်။ ဒါပေမယ့် အများစု
ကျောင်းသားတွေက ကျောင်းသွားတာကို မတွေ့ ရသေးဘူး။ ကျောင်းသား ၅၀နဲ့ ၁၀၀
အကြားလောက်တော့ ကျောင်းသွားတာကို တွေ့ရပါတယ်” ဟု စစ်တွေ နည်းပညာ ကောလိပ်
ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ကိုထွန်းလင်းက ပြောသည်။
စစ်တွေမြို့ပေါ်ရှိ အထက၊ အလကနှင့် အမက ကျောင်းများကို ဖွင့်လှစ်ထားပြီး
နယ်များတွင်မူ လုံခြုံရေး စိတ်မချရသေးသဖြင့် မဖွင့်လှစ်နိုင်သေးဘဲ
ဖြစ်နေကြောင်း သိရသည်။


0 မှတ်ချက်များ for "ကျောင်းသား/သူေ ကျာင်းမလာ၍ စစ်တွေ တက္ကသိုလ် မဖွင့်ဖြစ်"