အဖမ်းခံ အမိန့်ကို လျစ်လျူရှုမည်ဟု ဂျူလီယန် အက်ဆန်က ပြော

ဝီကီလိခ် ဝက်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်က သူ့အား စကော့တလန် ယာ့ဒ်အဖွဲ့က ထုတ်ပြန်လိုက်
 သောအဖမ်းခံရန်အမိန့်ကို လျစ်လျူပြု မည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ သူသည် လိင်ဆိုင် ရာ ပြစ်မှုများဖြင့် တရားစွဲဆိုခံရပြီး သူ့အား ဆွီဒ င်နိုင်ငံသို့ လွှဲပြောင်းပေး မည်ကို ရှောင်ရှား လိုသော
ကြောင့် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံရန် လန် ဒန်မြို့ရှိ အီကွေဒေါ သံရုံးအတွင်းသို့ ရောက်ရှိနေခဲ့ သည်မှာ ကိုး ရက်ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဂျူလီယန်အက်ဆန်အား မြို့တော်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ အာဏာပိုင်များက ဇွန်လ ၂၇ ရက်နေ့ နံနက်တွင် အဖမ်းခံရန် အမိန့်ထုတ်ပြန်ခဲ့ရာ၌ သူ့အား ဇွန်လ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁း၃၀ နာရီအရောက် ဘယ်လ်ဂရာဗီယာ ရဲစခန်းသို့ လာရောက်အဖမ်းခံရန် အမိန့်ထုတ်ထား သည်။ ဂျူလီယန်အက်ဆန် (၄၀ နှစ်) သည် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးခံရပါက ယင်းမှတစ်ဆင့် အမေရိကန်
ပြည်ထောင်စုသို့ လွှဲပြောင်းပေးခံရပြီး သူလျှိုမှု၊ သစ္စာဖောက်မှုများဖြင့် စွဲချက်တင်ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ 

သူသည် ဆွီဒင်နိုင်ငံ၌ သူ့အားစွဲဆိုထားသည့် လိင်ဆိုင်ရာ ပြစ်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။ နာမည်ကျော်များဖြစ်သော အိုလီ ဗာစတုန်းနှင့် နွန်အန်ချွန်စကီးတို့က ဦးဆောင်လျက် လူပေါင်းလေးထောင်ကျော် လက်မှတ်ရေးထိုးထားသော အသ နားခံစာကို အီကွေဒေါသံရုံးသို့ တင်သွင်းထားပြီး အက်ဆန်အား နိုင်ငံရေး ခိုလှုံခွင့်ပေးရန် တောင်းပန်ထားကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းကလည်း ဂျူလီယန်အက်ဆန်အား ထောက်ခံသူများသည် အီကွေဒေါ သံရုံးအပြင် ဘက်၌ စုဝေးကာ သူ့အား နိုင်ငံရေး ခိုလှုံခွင့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ယခုအခါ ဂျူလီ ယန်အက်ဆန်၏ ကိစ္စအတွက် ဆွေးနွေးရန် လန်ဒန်မြို့မှ အီကွေဒေါ သံအမတ်ကြီး အန်နာအဲလ်ဘန်းသည် အီကွေဒေါနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "အဖမ်းခံ အမိန့်ကို လျစ်လျူရှုမည်ဟု ဂျူလီယန် အက်ဆန်က ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++