ကမ္ဘာပျက်ဒဏ် ခံနိုင်မည့် မြေအောက် အဆောက်အအုံများ
မိုးဒဏ်၊ ရေဒဏ်၊ လေဒဏ်၊ မြေဒဏ်နှင့် နေဒဏ်တို့ကို သာမ က
အဏုမြူဒဏ်နှင့် ကမ္ဘာပျက်ဒဏ်ကိုပါ ခံနိုင်တော့ မည့်
မြေအောက် အဆောက်အအုံအားလုံးကို အမေရိကန်ပြည်
ထောင်စု၊ ကန်းဆတ်ပြည်နယ်တွင် ကြိုတင်ရောင်းချပြီး သွားပြီဖြစ်သည်။
ယင်းတိုက်များ၏ ကွန်ကရစ်နံရံများမှာ ဆယ်ပေ(သုံးမီတာ) အထိ နက်ရှိုင်းစွာ ဖောက်လုပ်ထားသောကြောင့် ယင်းကပ် ဆိုးများ အား ကျော်လွှားနိုင်ခြင်းဖြစ်သည်။
ယင်းတိုက်တန်းများတွင် ခေတ်မီ အိမ်သုံးပစ္စည်းများ၊ ရေကူး ကန်များ ရုပ်ရှင်ရုံများနှင့် စာကြည့်တိုက်များ ကအစ၊ အဆင်
မြင့်လူနေမှုစနစ်များက အဆုံး၊ အားလုံးပါဝင်ဖွဲ့စည်း ထား သည်။
ထိုမျှမက ယင်းမြေအောက်တိုက်ခန်း ရှိ ဥယျာဉ်ခြံမြေများမှာ ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ငါးမွေးကန်များ နှင့်
ရေလှောင်ကန်များ ပါ ပါဝင်သောကြောင့် လူ၇၀စာ အတွက် ငါးနှစ်စာ ရိက္ခာဖူလုံနိုင်မည်ဖြစ်သည်။
ယင်းတိုက်ခန်းများ အတွင်းသို့ ၀င်ရောက်လိုပါက လက်ဗွေရာတူမှ ၀င်လို့ရနိုင်မည်ဖြစ်ပြီး၊ လုံခြုံရေးကင်မရာများကိုပါ တပ်ဆင်ထားမည်ဖြစ်၍ အခွင့်မရှိ ဘဲ ကျူးကျော်ဝင်လာသူများကိုပါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ပေးနိုင် မည်ဖြစ် သည်။
အနောက်ကမ္ဘာက ကမ္ဘာပျက်မှာကို သေမှာလောက် ကြောက်နေကြသောကြောင့် ယခုအချိန်ကတည်းက ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံစည်သူများလည်း ရှိနေ၍ ယင်းတိုက်ခန်းများမှာ အရောင်းပိုသွက်လာသည်။
ကန်းဆတ်ပြည်နယ်က အသုံးမပြုတော့သော ဒုံးပျံစခန်းတွင် တည်ဆောက်ထားသည့် ယင်းတိုက်ခန်းတစ်ခန်း၏ ကာ လတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သန်း ၀န်းကျင် ပေါက်ဈေးရှိနေပြီး၊ တခိျု့နေရာများမှာ ကန်ဒေါ်လာခုနှစ် သန်းအထိ ပေါက်ဈေးရှိနေသည်။

0 မှတ်ချက်များ for "ကမ္ဘာပျက်ဒဏ် ခံနိုင်မည့် မြေအောက် အဆောက်အအုံများ"