အင်ဂျလီ နာဂျိုလီ ရာထူးတက်ပြီ

ဒုက္ခသည်တွေရဲ့ ဘ၀အခြေအနေ တိုးတက်ရေး အတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့"တဲ့ အင်ဂျလီနာ ဂျိုလီ တယောက် အခု ရာထူးတိုးသွားပါပြီ။

UNHCR လို့ ခေါ်တဲ့ ကုလ ဒုက္ခသည်အေဂျင်စီက သူ့ ကို ချစ်ကြည်ရေးသံတမန် ရာထူးကနေ အထူးကိုယ် စားလှယ် ရာထူး တိုးပေးလိုက်တာပါ လို့
AP သတင်း တပုဒ်မှာ ရေးထားပါတယ်။ ဘယ်တုန်းက ခန့်လိုက် မှန်းတော့ မသိပါ။

တခြား UN အဖွဲ့ခွဲတွေမှာ အထူးကိုယ်စားလှယ်တွေ ရှိပေမယ့် UNHCR ကတော့ အခုမှ အထူးကိုယ်စား လှယ် ရာထူး ရှိလာတာပါ။ ဂျိုလီက ဒီရာထူး ပထမဆုံး ရသူ ဖြစ်လာပါတယ်။

UN မှာ ဒါမျိုး ရာထူးတွေကို ၀ါရင့်သံတမန်တွေ၊ အငြိမ်းစား နိုင်ငံရေးသမားတွေ ရတတ်ကြပါတယ်။

ဂျိုလီ ဒီရာထူး ရပြီ ဆိုတော့ သံတမန်တွေ၊ အစိုးရတွေကို သွားတွေ့ရမယ့်သူ ဖြစ်လာပါပြီ။

ဂျိုလီဟာ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်စခန်းတွေဆီ ရောက်ခဲ့ပါတယ်။ မြန်မာပြည်သားတွေ ရှိတဲ့ နယ်စပ်က စခန်းတွေကိုလည်း ရောက်တာပေါ့။ စခန်းတွေကို သွားဖို့ နိုင်ငံ ၃၀ ထက်မနည်းကို ရောက်ခဲ့ပါတယ်။ ဒီနည်း နဲ့ မေ့လျော့ခံရတတ်တဲ့ ဒုက္ခသည်များကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်မိလာကြပါတယ်။
သူက ဒုက္ခသည် တွေကိုလည်း လှူဒါန်းတတ်တဲ့ မင်းသမီးပါ။ ဒီရာထူးပေးလိုက်တာဟာ သူ့ရဲ့ လှူဒါန်းမှုငွေကြေးတွေနဲ့တော့ မသက်ဆိုင်ကြောင်း UNHCR က ဆိုပါတယ်။

UNHCR က ကမ္ဘာတလွှား ဒုက္ခသည် ၃၅ သန်း နီးပါး နဲ့ နိုင်ငံတွင်း ပြေးလွှားပုန်းအောင်းနေသူတွေကို ကူညီ နေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။
UNHCR က ဂျိုလီကို ဆက်သွယ်တာ မဟုတ်ဘဲနဲ့ ဂျိုလီက UNHCR ကို ဆက် သွယ်ပြီး လူသားချင်းစာနာမှုကူညီရေး လုပ်ငန်းတွေကို စိတ်ဝင်စားလာတာလို့ သိရပါတယ်။

သူ့ရဲ့ အချိန်ပေး ကူညီမှုတွေအတွက် နိုင်ငံတကာက သူ့ကို ဆုတွေ ပေးကြပါတယ်။

ထူးခြားတယ်လို့ ဆိုနိုင်တဲ့ ဆုတခုကတော့ ၂၀၀၅ မှာ ကမ္ဘောဒီးယားဘုရင် သီဟာနုက ပေးတဲ့ဆု ဖြစ်ပါ တယ်။ ကမ္ဘောဒီးယားနိုင်ငံသားဆုပါ။

ဒုက္ခသည်များအတွက် အမြတ်ရတာကတော့ ဂျိုလီက သူတို့ဆီကို သွားတဲ့အခါ သူ့အဖော် မင်းသား ဘရက်ပစ်ကို ခေါ်သွားတတ်တာပါပဲ။

ကမ္ဘာအရပ်ရပ်က မိဘမဲ့ကလေးတချို့ကိုလည်း သူတို့၂ယောက် မွေးစားထားကြတယ် ဆိုတာကတော့ အများသိပြီး ဖြစ်မှာပါ။

နိဂုံးချုပ်ရရင် - ဂျိုလီက ဒုက္ခသည်စခန်းတွေကို ချစ်ကြည်ရေးသံတမန်အဖြစ် ဆောင်ရွက်ခဲ့တာ ၁၀ နှစ် ပြည့်သွားပါပြီ။

ကမ္ဘာကျော် မင်းသမီး ဂျိုလီရဲ့ အသက်ကတော့ ၃၆ နှစ် ရှိပြီလို့ သိရပါတယ်။

0 မှတ်ချက်များ for "အင်ဂျလီ နာဂျိုလီ ရာထူးတက်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++