ဆေးဖက်ဝင် မီးကွင်းဂမုန်း

သစ်ပင်ဝါးပင် ဆေးဖက်ဝင် ဆိုသည့်အတိုင်း မိမိအိမ်တွင်းမှာ စိုက်ပျိုး ထားသည့် သစ်ပင်များသည် ဆေးဖက်ဝင် တတ်ကြပါသည်။ ယခု
ဖော်ပြလိုသော အကြောင်းအရာမှာ မီးကွင်းဂမုန်း အကြောင်း
ဖြစ်ပါသည်။ 

ဝမ်းကိုက်ပျောက်စေရန်
မီးကွင်းဂမုန်းကို သုပ်စားခြင်းဖြင့် ၀မ်းကိုက်ပျောက်စေသည်။ သုပ် နည်းမှာ အရွက်များကို သုပ်စားသည့် အတိုင်း ဥပမာ - မန်ကျည်း ရွက် သုပ်နည်း သဖွယ် သုပ်စားပါ။ အမှန်တကယ် သက်သာ ပါလိမ့်မည်။

ဓါးရှ၊ သံမှိုစူးသွားသလား

ဓါးရှသည်ဖြစ်စေ သံမှိုစူးသွားသည်ဖြစ်စေ ချက်ချင်းဆိုသလိုပဲ မီးကွင်းဂမုန်း(တစ်ရွက်လောက်)ကို ခူး၍ ရေဆေး ပါ။ ရေဆေးပြီးနောက် ပါးစပ်ထဲ ထည့်၍၀ါးပါ။ ရလာသော အရည်နှင့်ညက်နေပြီဖြစ်သော မီးကွင်း ဂမုန်းကို ယူ၍ ဒဏ်ရာပေါ် အုံထားပေးပါ။ သွေးတိတ်သွားမည်။ သံမှိုစူးနေပါက အထက်ပါနည်းအတိုင်း ပြုလုပ်ပါ ကိုက်ခဲမှု သက်သာစေသည်။ အနာရင်းမှုကိုလည်း ကာကွယ်ပေးသည်။

ဤနည်းလမ်းများသည် ကိုယ်တိုင် စမ်းသပ်ခဲ့ သုံးစွဲခဲ့သော နည်းလမ်းဖြစ်သောကြောင့် ပြန်လည်မျှဝေ လိုက်ခြင်းဖြစ် ပါသည်။

{ဇောင်း}


သတိ ။ ။ မည်သည့် သစ်ရွက်သစ်ခက်ကို မဆို အသုံးမချမှီ ရေဖြင့် သန့်စင်အောင် ဆေးကြောပေးဖို့ လို ပါသည်။

0 မှတ်ချက်များ for "ဆေးဖက်ဝင် မီးကွင်းဂမုန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++