နိုင်ငံခြား တက္ကသိုလ်တွေမှာ လွယ်ကူစွာ ဘွဲ့ရနိုင်သည့် စီးပွားရေး ဘာသာရပ် လူကြိုက်များ

တက္ကသိုလ်၌ ပညာသင်ကြားရသည့် အခါ အချို့က မည်သည့် ဘာသာရပ် ကို လေ့လာလိုက်စားလျှင် လူသက်သာ မည်ကို တွက်ကြသည်။ 

ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၌ တစ်
 ခေတ်တစ်ခါက ပထဝီဘာသာရပ်နှင့်
မြေယာစီမံခန့်ခွဲမှု ဘာသာရပ်ကို လေ့ လာလိုက်စားလျှင် သက်သာသည် ကို
တွေ့ရသည်။

ယခုအခါ အမေရိကန်နိုင်ငံ၌ သက်သာသည့် ဘာသာရပ်ကို ရွေးချယ်လိုသူများသည် စီးပွားရေးလုပ်ငန်း ပ ညာ ဘာသာရပ်ကို လေ့လာလိုက်စားကြသည်ဟု ယူဆကြသည်။ အမေရိကန်တက္ကသိုလ်များ၌ ဘွဲ့ကြို သင် တန်းသားများ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၂၅၀၀၀ ခန့်က စီးပွားရေး လုပ်ငန်းပညာ သင်တန်းများကို တက်ရောက်ကြသည်ဟု ဆိုသည်။ ၄င်းတို့ကို အဆင့်မြင့်ပညာ သုတေသန စာတမ်းတစ်စောင်က ကြိုးစား မှုအနည်းဆုံး၊ မသိသားအဆိုးရွားဆုံး ကျောင်းသားများဟု စွပ်စွဲသည်။

အခြားဘာသာရပ်များနှင့် နှိုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်းပညာသင် ကျောင်းသားများသည် အတန်းတက် ရန်အတွက် ပြင်ဆင်ချိန် နည်းသည်။ အခြားကျောင်းသားများ၏ တစ်ဝက်ခန့် သို့မဟုတ် ၁၁နာရီခန့်မျှ သာ
ပြင်ဆင်ချိန် လိုအပ်သည်ဟု ယူဆသည်။ ကောလိပ်တက်သည့် ပထမနှစ် စာမေးပွဲများ၌လည်း အမှတ်အ နည်းငယ်သာ ရရှိခဲ့ကြသည်။ စားလိုက်၊ အိပ်လိုက်၊ သောက်လိုက်နေသည်ဟု ပြောစမှတ်ဖြစ်ကြသည်။

ထိုသို့ အဘယ့်ကြောင့် ဖြစ်နေရသနည်း။ အတိုင်းအတာ တစ်ခုအထိ ကိုယ့်ဘာသာကိုယ် ရွေး ချယ်ကြခြင်း
ဖြစ် သည်။ လူအတော်များများ ကြိုးစားပမ်းစား လုပ်စရာမလို၍ ရွေးချယ်ကြခြင်းဖြစ်သည်။ 

အချို့ကအချိတ်အဆက်တွေ လုပ်လိုခြင်း၊ အလုပ်ရှာလိုခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော် တစ်ဖက်၌ တက္က သိုလ်များကိုလည်း အပြစ်တင်ရန်ရှိသည်။ တက္ကသိုလ်များက စီးပွားရေးလုပ်ငန်းပညာ ဘာသာရပ်များ ကို
ငွေရလွယ်သည့် ဘာသာရပ်များအဖြစ် ရှုမြင်သည်။ ဝယ်လိုအားကောင်းနေသည်။ 

စီးပွားရေးလုပ်ငန်းပညာသင် ကျောင်းသားများအနေဖြင့် ဈေးကြီးကြီး ဓါတ်ခွဲခန်းတွေမလို၊ စီးပွားရေးပညာ ရှင်၊ ပါမောက္ခများကလည်း ပြင်ပတွင် အကြံပေး၊ ဥာဏ်ပေးလုပ်ရာမှ ရသောဝင်ငွေများဖြင့် အထောက် အပံ့ ဖြစ်နေကြသည်။

စီးပွားရေးလုပ်ငန်းပညာသင် ဘာသာရပ် တော်တော်များများသည် ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း မရှိလှ။ ခေါင်းဆောင်မှု၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်ကျင့်တရားကဲ့သို့သော ဘာသာရပ်များသည် ရှင်း ရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားမရှိလှသော ဘာသာရပ် များဖြစ်သည်။ ဘဏ္ဍာရေးကဲ့သို့သော ဘာသာ ရပ်မျိုးတွင် ပို၍ကြိုးစားအားထုတ်မှု လိုသည်။ ကျောင်းသားများက ဆရာများ၏ အရည်အသွေးကိုလည်း အပြစ်တင်လေ့ရှိကြသည်။ ပြဋ္ဌာန်းစာအုပ်ပါ စာများကို ပြန်ရွတ်နေလျှင် အတန်းတက်စရာ မလိုဟု ပြော ကြသည်။

စီးပွားရေးလုပ်ငန်းပညာဆိုင်ရာ ဘာသာရပ်များသည် ဘောဂဗေဒ သို့မဟုတ် စိတ်ပညာ သို့မဟုတ် နိုင်ငံတ ကာဆက်ဆံရေး သို့မဟုတ် သမိုင်း၏ ဘာသာရပ်ခွဲဟုတ်၊ မဟုတ် မရေမရာ ဖြစ်နေကြသည်။

စီးပွားရေးလုပ်ငန်းပညာ သင်ကြားမှုများ၏ အရည်အသွေးကြောင့် ထိုဘာသာရပ်များကို လေ့လာသူများ အနေဖြင့် အလုပ်အကိုင် ရရှိမည့် အခွင့်အလမ်းများ လျော့ပါးသွားသည်။ သိပ္ပံပညာ သင်တန်းများထက် သက်သာသည်ဟု ယူဆပြီး စီးပွားရေးလုပ်ငန်းပညာကို ရွေးချယ်သူများလည်း ပေါ်ပေါက်လာသည်။

ဤကဲ့သို့ စီးပွားရေးလုပ်ငန်းပညာ ဘာသာရပ်များကို ရွေးချယ်ကြခြင်းမှာ ဆေးပညာ၊ ဥပဒေပညာ စသည့် ဘာသာရပ်များကို တက်ရောက်ရန် အရည်အချင်း မမီ၍ မီသော ဘာသာရပ်ကိုသာ ရွေးချယ်ကြခြင်းဖြစ် သည်ဟု တုန့်ပြန်ကြသည်။ စီးပွားရေးလုပ်ငန်းပညာဖြစ်စေ၊ အခြားမည်သည့်ပညာဖြစ်စေ အတန်အသင့် ကြိုးစားမှုများ လိုအပ်သည်သာ ဖြစ်သည်ဟူ၍လည်း ပြန်၍ချေပကြသည်။

အခြားတစ်ဖက်၌မူ အားကစားများ လုပ်နေခြင်း၊ လူမှုရေးလုပ်ငန်းများ လုပ်နေခြင်းသည် ပညာသင်ကြားရာ၌ ပင်ပန်းမှု မရှိ၍သာ ဖြစ်သည်ဟု ယူဆသည်။ လူစိတ်ဝင်စားမှု အနည်းဆုံး၊ အမှတ်အနည်းဆုံး ဘာသာရပ် များမှာ သူနာပြု၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းပညာတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုသုံးမျိုး၌ စီးပွားရေးလုပ် ငန်းပညာသင် ကျောင်းသားများသည် ကြိုးစားမှု အနည်းဆုံး၊ ဝေဖန်မှုကို မခံနိုင်ဆုံး ဖြစ်သည်ဟု ယူဆကြ သည်။
သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းပညာသင် ကျောင်းသားများသည် ကျောင်းပြီးအောင် မတက်ဘဲ ကျောင်းထွက် သွားကြသည့် သူတွေက များသည်။

0 မှတ်ချက်များ for "နိုင်ငံခြား တက္ကသိုလ်တွေမှာ လွယ်ကူစွာ ဘွဲ့ရနိုင်သည့် စီးပွားရေး ဘာသာရပ် လူကြိုက်များ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++