ဘာသာရေး ခွဲခြားမူအပေါ် နိုင်ငံတော်သမ္မတထံ ချင်းလူငယ်များက တိုင်ကြား
ချင်းပြည်နယ်အစိုးရမှ
ဟားခါးမြို့ အနီး စေတီ တည်ဆောက်ရေး ဆုံးဖြတ်ချက်၊ ဟားခါးမြို့အနီး ရုန်းတောင်ပေါ် တွင်
ခရစ် ယာန် လက်ဝါးကားတိုင် ဖျက်ဆီးမှုများအပါအ၀င် ချင်းပြည်နယ်အစိုးရ၏ ဘာသာရေးခွဲခြား
ဆက်ဆံ သည့် လုပ်ရပ် အပေါ် အရေးယူပေးရန် ၂၈ မေလ ၂၀၁၂ ရက်နေ့က ချင်းလူငယ်များမှ တိုင်ကြားထားသည်ဟု
သိရသည်။
ချင်းပြည်နယ်အစိုးရသည်
၂၀၁၂ ခုနှစ်အတွင်း ခရစ်ယာန်ဘာသာဝင် ၈၅ ရာခိုင်နှုန်းခန့်ရှိသော လက်ဝါး ကားတိုင်များကို
သုံးကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့ပြီး ၁၃ ရာခိုင်နှုန်းခန့်ရှိသော ဗုဒ္ဒဘာသာဝင်များအတွက်
အစိုးရ စက်ယန္တယားများကို အသုံးပြုပြီး စေတီ ၅၀ ဆူ တည်ဆောက်ထားကြောင်း ယင်းလုပ်ရပ်သည်
ဘာသာရေးခွဲခြား ဆက်ဆံမှုဖြစ်ကြောင်း တိုင်ကြားထားသည်။
ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီးမှုသည်
တည်ဆဲဥပဒေအရ ခွင့်ပြုမိန့်မရှိသောကြောင်း ဖျက်ဆီးခြင်းဖြစ် သည်ဟု ပြည်နယ်အစိုးရက အကြောင်းပြလေ့ရှိကြောင်း
ချင်းပြည်နယ်အတွင်း သာသာနပိုင်နယ်မြေ အတွက် မြေကွက် ၅၀၀၀ ခန့်ကိုတောင်းဆိုသော်လည်း
တကွက်မျှမရ ရှိသေးကြောင်း တိုင်ကြားထားသည်ဟု သိရ သည်။
အစိုးရလုပ်ရပ်သည်
ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၃၆၄ နှင့် ညိစွန်းထားသဖြင့် အရေးယူပေးရန် နှင့် ချင်းပြည် သူများ
အနေဖြင့် မိမိတို့နေထိုင်သည့် မြို့ရွာများတွင် လက်ဝါးကားတိုင် စိုက်ထူမှု၊ ဘုရားကျောင်းဆောက် လုပ်မှု
၊ ၀တ်ပြုကိုးကွယ်မှုများတွင် လုံးဝ ဟန့်တားနှောင့်ယှက်မှုမပြုရန်၊ သာသနာရေးဝန်ကြီးဌာန အနေဖြင့်
ဘဏ္ဍာငွေ ခွဲဝေ ချမှတ်ရာတွင် အချိုးကျခွဲဝေရန်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား၊ အစိုးရ၀န်ထမ်းအလုပ်လျှောက်လွှာ
ဖြည့်စွက် ရာတွင် ကိုးကွယ်သည့် ဘာသာများ မဖြည့်စွက်ခိုင်းရန် တို့ကို တောင်းဆိုထားသည်ဟု
ကြားသိရသည်။
ယင်းတိုင်စာကို ချင်းလူမျိုး
၁၅၂၄ ဦးမှ လက်မှတ်ရေးထိုးပြီးတိုင်ကြားထားခြင်းဖြစ်သည်ဟု ပြောကြသည်။


0 မှတ်ချက်များ for "ဘာသာရေး ခွဲခြားမူအပေါ် နိုင်ငံတော်သမ္မတထံ ချင်းလူငယ်များက တိုင်ကြား"