အင်တာနက် သုံးနိုင်သည့် ဖုန်းများကို နယ်ကျော်လျှောက် ခွင့်ပြုပြီ

အင်တာနက်သုံးစွဲနိုင်သည့် နယ်ဖုန်းများ အထောက်အထား ခိုင်လုံပါက ရန်ကုန် တွင် လျှောက်ထား ခွင့်ပေးနေပြီဟု မြန် မာ့ဆက် သွယ်ရေးမှ သိရသည်။
 
ယခင်က မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့်ကို ရန်ကုန်၊ မန္တလေးနှင့် နေ
ပြည်တော်တို့တွင် သာပေးခဲ့ပြီး အင် တာနက်လျှောက် ထားခွင့်ကိုလည်း သက်ဆိုင်ရာ မြို့များမှသာလျှင်
လျှောက် ထားခွင့် ပြုခဲ့ကာ နယ်ကျော်
လျှောက်ထား ခွင့်မပေးခဲ့ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
 
”အင်တာနက် သုံးစွဲနိုင်တဲ့ ဖုန်းဖြစ်ရမယ့် အပြင် ဖုန်းအမည်ပေါက် ရှိတဲ့ မြို့က လည်း အင်တာနက် သုံး စွဲနိုင်တဲ့ မြို့
ဖြစ်နေ မှ ဆောင်ရွက် ပေးမှာပါ။
 
သတ်မှတ်ထားတဲ့အချက် အလက်နဲ့ တစ်စုံတစ်ခု ငြိနေရင် တော့ နယ်ကျော်လျှောက်ထားခွင့် မပေးပါဘူး။ အ ချက်အလက် ပြည့်စုံနေ ရင်တောင် ဘာကြောင့် နယ် ကျော် အင်တာနက်လျှောက်ရတယ် ဆိုတာ အထောက် အထား ခိုင်ခိုင် လုံလုံပြောနိုင်မှ လျှောက်ထား ခွင့်ပေးတယ်”ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီ ယာချုပ် တစ်ဦးက ပြောသည်။
 
လက်ရှိအင်တာနက်သုံးစွဲနိုင် သည့် ဖုန်းများ မှာ၊ ဂျီဖုန်း၊WCDMA နှင့် CDMA 800 MHz ဖုန်းများဖြစ် သည်။ ”ဖုန်းအမည်ပေါက်က မုံရွာ မှာပါ။ လက်ရှိနေနေတာက ရန်ကုန် ဆိုတော့ အင်တာနက်လျှောက်ဖို့ မုံရွာ အထိ ပြန်ရမှာ။ ရန်ကုန်မှာ အခြေချတော့ ရန်ကုန်မှာပဲအင်တာနက်လျှောက် ချင်ခဲ့တာပါ။ လျှောက် ခွင့်ပေး ရင်တော့ ခရီးစရိတ် အများကြီးသက်သာ သွားမှာပါ” ဟု တောင် ဒဂုံမှ CDMA 800 MHz ဖုန်းကိုင် ဆောင်သူ မခင်စောမူကပြောသည်။
 
လက်ရှိတွင် ဂျီဖုန်းနှင့်WCDMA ဖုန်းနှစ်မျိုးသာ အင်တာ နက်လျှောက်ထားခွင့် ပေး ခဲ့ပြီး CDMA 800 MHz ဖုန်းများ လျှောက် ထားခွင့်အား ခွင့်ပြုထားခြင်းမရှိ သေးကြောင်း လျှောက်ထားခများကို လည်း အင်တာနက် သုံးစွဲနိုင်သည့် ဖုန်းအားလုံးနီးပါး ကျပ်တစ်သောင်းသာကောက် ခံခဲ့ကြောင်း၊ လျှောက် ထားနိုင်သည့်နေရာ များကိုလည်း ယခင်ထက် တိုးချဲ့ပေးထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။ မြန်မာ့ ဆက်သွယ်ရေးက မို ဘိုင်းများမှတစ်ဆင့် အင်တာနက် သုံးစွဲခွင့်ကို ၂ဝ၁၁ ခုနှစ်နှစ်ဆန်း ပိုင်းတွင် ငါးသိန်းတန် CDMA 800 MHz ဖုန်းများအား စတင်ဆောင် ရွက်ပေးခဲ့သည်။

0 မှတ်ချက်များ for "အင်တာနက် သုံးနိုင်သည့် ဖုန်းများကို နယ်ကျော်လျှောက် ခွင့်ပြုပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++