တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် မြန်မာ မီနီဆလွန်း ကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တစ်စီးလျှင် ငွေ ကျပ်(၇၅)သိန်း တန် မြန်မာမီနီဆလွန်း(QQ) ကား အစီးရေ (၈၀၀)ကျော် ထုတ်လုပ်ရောင်းချသွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။
“ဒီနှစ်ဘဏ္ဍာနှစ်မှာ ကားအစီးရေ (၉၀၀)လောက်
ရောင်းချပေးသွားမှာပါ။ ဘယ်တော့လောက် စရောင်းပေးမလဲ ဆိုတာတော့ အတိအကျမသိ ရသေးပါဘူး”ဟု နေပြည်တော် စက်မှုဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဒေါ်မြတ်သူဇာ က ပြောသည်။
မီနီဆလွန်းကားများကို ရောင်းချပေးရာတွင် ပထ မအသုတ်အနေဖြင့် အစီးရေ(၃၀၀)ကို ရောင်း ချ
ပေးသွားမည် ဖြစ်ကြောင်းနှင့် ရောင်းချပေးမည့် အချိန်ကို သိရှိခြင်း မရှိသေးကြောင်း ဒေါ်မြတ်သူ ဇာက ဆက်ပြောသည်။
“ဒီကားတွေကို အသုတ်ခွဲပြီး ရောင်းချပေးသွား မှာ ပါ။ အခုလက်ရှိတော့ ကားတွေက သင်္ဘောပေါ်မှာ ပဲ ရှိပါ သေးတယ်။ သိပ်မကြာခင်အချိန်မှာ ရောင်း ချပေး နိုင်မှာပါ” ဟု ဒေါ်မြတ်သူဇာကပြောသည်။
မီနီဆလွန်းကားများကိုဝယ်ယူလိုပါက လျှောက်လွှာဝယ်ယူ၍ အမည်၊မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် များကို ရေးပြီး စက်မှုဝန်ကြီးဌာနတွင် လျှောက်လွှာတင်၍ ၀ယ်ယူနိုင်ကြောင်းကိုလည်း သိရသည်။
မြန်မာမီနီဆလွန်း(QQ)ကားများအား စက်မှုဝန်ကြီးဌာနက တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် ရောင်းချ ပေး သွားမည်ဖြစ်သည်။ အဆိုပါ ကားငယ်များမှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း(၁၂၀)၀န်းကျင် ဈေးရှိ ကြောင်းကို လည်း ကားအကျိုးတော်ဆောင် များထံက သိရှိရသည်။
“ဒီကားလေးတွေက တက္ကစီဆွဲမယ့်သူတွေ ကြိုက်ကြတယ်။ ဆီစားလည်း သက်သာတယ်၊ ဈေးနှုန်းကလည်း သင့်ယုံပဲဆိုတော့ မဆိုးပါဘူး။ တကယ်လုံလုံလောက်လောက်ရောင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ လက်ရှိ အပြင်ပေါက်ဈေး ကတော့ သိန်း(၁၂၀) ကျော်ကျော်လောက်ရှိနေတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က ပြောသည်။

0 မှတ်ချက်များ for "တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် မြန်မာ မီနီဆလွန်း ကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်"