မွန်ပြည်နယ် အာဇာနည်နေ့ စီတန်းလှည့်လည် ခွင့်မပြု

အာဇာနည်နေ့လို မမေ့အပ်တဲ့ နေ့ကို အောက်မေ့ဖွယ် လုပ်လိုသူတွေ အတွက် အခွင့်မရပါဘူးတဲ့။
ဒီအပြင် သံဖြူဇရပ်မြို့မှာလည်း အလားတူ လုပ်ခွင့်မရဘူးလို့ သိရပါတယ်။ ဒီလိုနေရက်မျိုးတွေဟာ တိုင်းသူပြည်သားတွေ မမေ့အပ်တဲ့ ဂုဏ်ပြုသင့်တဲ့နေ့လည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ဆောင်ကျဉ်းယူပေးခဲ့တဲ့ ကျေးဇူးရှင် အာဇာနည်ကြီးတွေလည်းဖြစ်ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာတော့ စစ်အစိုးရလက်ထက် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တချိန်က အဆိုတော် မေလှမြိုင်ရဲ့ အာဇာနည် သီချင်းတွေကိုတော့ ပြန်လည်ဖော်ထုတ် သီဆိုနေတာကိုလဲတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနက ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို လက်မှတ်ရေးထိုးပြီး
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနည်းဥပဒေအရ ယခုလို လျှောက်ထားခဲ့တာကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက ခွင့်ပြုမှု မပေးခဲ့တာလည်းဖြစ်ပါတယ်။

0 မှတ်ချက်များ for "မွန်ပြည်နယ် အာဇာနည်နေ့ စီတန်းလှည့်လည် ခွင့်မပြု"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++