လှိုင်သာယာ တွင် အစာအဆိပ်သင့် လို့ (၈၆)ဦး ဆေးကုသမှု ခံယူရ

ဇူလိုင် ၁၄ ရက်နေ့ မနက်က လှိုင်သာယာမြို့နယ်  ညောင် ရွာအုပ်စု၊ ဒိုင်စုကျေးရွာတွင် ခရစ်ယာန် အသင်းတော်မှ
ကျွေးမွေးသည့် ကြက်ဥချဉ်ရည် ဟင်းနှင့်၊ ဂေါ် ဖီကြော် အား စားသုံးရာမှအစာအဆိပ်သင့်မှုဖြစ် ပွားပြီး (၈၆)ဦး ဆေးကု သမှု ခံယူခဲ့ရကြောင်း သိရသည်။
 
ကြက်ဥချဉ်ရေဟင်းနဲ့ ဂေါ်ဖီကြော် ကိုစားပြီး အော့အန်မူး
ဝေတာ၊ ၀မ်းသွားတာတွေဖြစ်ပြီး  ဆေးရုံကို သူ့တို့ ဘာသာ လမ်းလျှာက်လာကြသလို မြို့နယ်အုပ်ချုပ်ရေးမှူး ရဲ့အစီအစဉ်နဲ့ လိုက်ပို့ပေးတာတွေလဲ ရှိကြောင်း သိရ သည်။
 
အစာအဆိပ်သင့်သူ အများစုကတော့ အသက်သုံးနှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေဖြစ်ပြီး လူကြီး (၁၀) ဦးခန့်
 လောက်သာ ပါဝင်တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ကုသမှုတွေကို အခမဲ့ ကုသပေးခဲ့ပြီး ဇူလိုင်လ ၁၅ ရက်
 နေ့ မနက်မှာ ဆေးရုံက အားလုံးဆင်းသွားကြတယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "လှိုင်သာယာ တွင် အစာအဆိပ်သင့် လို့ (၈၆)ဦး ဆေးကုသမှု ခံယူရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++