တစ်ရက်ကျပ် ၁၂၅၀၀ နဲ့ အများပိုင် တက္ကစီ ကုမ္ပဏီ တည်ထောင်ရန် ဆာကူရာမှ စီစဉ်

အများပိုင်တက္ကစီ ကုမ္ပဏီကို ဆာကူရာအော်တိုအောရှင် စင်တာမှ ဦးစီးပြီး တည်ထောင်မယ်လို့ သိရပါတယ်။ 

“စိတ်ဝင် စားတဲ့ တက္ကစီယာဉ်မောင်းတွေအနေနဲ့ ကုမ္ပဏီ ကို ကျပ်သိန်း ၃၀ ရှယ်ယာထည့်ဝင်ပြီး ကုမ္ပဏီပိုင် တက္က စီ တစ်စီး မောင်း နှင်ခွင့်ပြုပါမယ်။ နေ့စဉ်ကြေး တစ်ရက် ကျပ် ၁၂၅၀၀ နဲ့ စုစုပေါင်း သုံးနှစ်သွင်းရပါမယ်။ 

သုံးနှစ်ပြည့်ရင် ယာဉ်မောင်းကို ကိုယ်တိုင်မောင်းခဲ့တဲ့ တက္ကစီကို လွှဲပြောင်းပေးပါမယ်။ တက္ကစီကုမ္ပဏီရဲ့ စည်း မျဉ်းအတိုင်း နောက်ထပ်နှစ်နှစ်ကို ကုမ္ပဏီနာမည်နဲ့ ဆက်လက်မောင်းနှင်ရပါမယ်။ စုစုပေါင်းငါးနှစ်မှာ သုံးနှစ် သာ နေ့ စဉ်ကြေး ပေးသွင်းရပါမယ်။ ကျန်နှစ် နှစ်ကတော့ နေ့စဉ်ကြေးပေးသွင်းမှု မလိုဘဲ ကားအခွန်၊ လိုင်စင်ကိစ္စတွေ အတွက် ကုမ္ပဏီကတစ်ဆင့် နှစ်စဉ်ကြေးသာ ပေးသွင်းရပါမယ်” လို့ ဆာကူရာမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

ကုမ္ပဏီမှ တက္ကစီအဖြစ်ပေးမယ့် ကားတွေက ပရိုဘောက်နဲ့ အေဒီဗင်(ဓါတ်ဆီ) ကားတစ်ခုခု ဖြစ် မယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အပိုပစ္စည်းနဲ့ ဆားဗစ်စင်တာ ဖွင့် လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဆာကူရာမှ အထွေထွေ မန်နေဂျာ ဦးသိန်းထိုက်က “အခုအခြေအနေတွေ ပြောင်းလဲမှုက မြန်ဆန်နေတော့ အများအလုပ်လုပ်လို့ရအောင် စဉ်း စားပြီး ကျွန်တော်တို့ အခုအစီအစဉ်ကို အကောင်အထည် ဖော်တာပါ။ တချို့ အငှားယာဉ်တွေ ဖျက်သိမ်းတဲ့အထဲ ပါ သွားတော့ အခက်အခဲဖြစ်တဲ့ အငှား ယာဉ်မောင်းတွေလဲ ရှိတယ်။ ဒါကြောင့် အငှားယာဉ်မောင်းတွေလဲ အဆင်ပြေ
 အောင် အခုလိုမျိုးလုပ်ဖို့ စီစဉ်ဖြစ်တာပါ” လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

0 မှတ်ချက်များ for "တစ်ရက်ကျပ် ၁၂၅၀၀ နဲ့ အများပိုင် တက္ကစီ ကုမ္ပဏီ တည်ထောင်ရန် ဆာကူရာမှ စီစဉ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++