တိုင်း​ရင်း​သား​ အခွင့်​အ​ရေး​ ကာကွယ်ေ စာင့်​ရှောက်သည့်​ ဥပ​ဒေ ​ဆွေး​နွေး​မည်

မြန်မာနိုင်ငံမှာ တိုင်း​ရင်း​သား​ လူမျိုးများ​ရဲ့​ အခွင့်​အ​ရေး
တွေကို ကာကွယ် ​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​ကို အမျိုးသား​ ဒီမိုက​ရေစီအဖွဲ့ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည်က လွတ်​တော်မှာ ​ဆွေး​နွေး​ပေး​ဖို့ရှိ​နေပါတယ်။

တိုင်း​ရင်း​သား​လူမျိုးများ​ရဲ့​ အခွင့်​အ​ရေး​တွေကို ကာ ကွယ်​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​ကို ပြည်​ထောင် စုကြံ့​ခိုင်​ရေး​နဲ့ ဖွံ့​ဖြိုးရေး​ပါတီက ကွတ်ခိုင်မြို့နယ် ပြည် သူ့လွှတ်​တော်ကိုယ်စား​လှယ် ဦး​တီခွန်မြတ်က လွတ်
တော်တွင်း​ အဆိုတင်သွင်း​ခဲ့​ပါတယ်။

ဒီအဆိုတင်သွင်း​ချက်နဲ့ပတ်သက်ပြီး​ အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကို
ဆွေး​နွေးပေး​ဖို့​တောင်း​ဆိုရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒီကိစ္စ ၁၉၉၀ အနိုင်ရ တိုင်း​ရင်း​သား​ပါတီရဲ့​ သ​ဘောထား​ကို သိလိုတဲ့​အတွက် ဒီအဆိုတင်သွင်း​ချက်နဲ့ ပတ်သက်ပြီး​ လွတ်​တော်ပြင်ပက တိုင်း​ရင်း​သား​ပါတီ​တွေကို မ​နေ့က ရန်ကုန် မှာ ​တွေ့ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

ဒီ​တွေ့ဆုံမှုက​နေ တိုင်း​ရင်း​သား​လူမျိုးများ​ရဲ့​ အခွင့်​အ​ရေး​ဆိုင်ရာ ပြဿနာဟာ အ​ခြေခံဥပ​ဒေဆိုင်ရာ ပုံစံမ ကျမှု​ကြောင့်​ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ၂၀ဝ၈ ဖွဲ့စည်း​ပုံ အ​ခြေခံဥ​ပေဒကို ပြင် ဆင်နိုင်မှာသာ ပြဿနာ​ဖြေရှင်း​ ရာ ​ရောက်မယ်လို့ ဆုံး​ဖြတ်ခဲ့​တယ်လို့ ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီမိုက​ရေစီအဖွဲ့ချုပ် ​ပြောခွင့်​ရသူ ဦး​စိုင်း​လိတ် က ​ပြောပါတယ်။

“​ဆွေး​နွေး​ဖြစ်တာက​တော့​ အဲဒီအဆိုနဲ့ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​နေနဲ့ ဝင်​ရောက်​ဆွေး​နွေး​မယ်ဆိုရင် သူကကျ​နော်တို့ရဲ့​ သ​ဘောထား​ကို သိချင်တယ်​လေ။ ကျ​နော်တို့ အား​လုံရဲ့​ သ​ဘောတူညီအရ ဆုံး​ဖြတ်လိုက်တာက​တော့​ တိုင်း​ရင်း​သား​လူမျိုး​တွေရဲ့​ အခွင့်​အ​ရေး​ဆိုင်ရာ အရင်း​အမြစ်ဟာ ဖွဲ့စည်း​ပုံ အ​ခြေ ခံဥပ​ဒေ ပုံစံမကျမှု​ပေါ်မှာ မူတည်တယ်။ ဒါ​ကြောင့်​မို့ ၂၀ဝ၈ အ​ခြေခံဥ​ပေဒကို ပြုပြင်လိုက်ခြင်း​ကသာလျှင်
ပြဿနာအရပ်ရပ်ကို ​ဖြေရှင်း​ရာ ​ရောက်မယ်လို့ အား​လုံး​သ​ဘောတူ ဆုံး​ဖြတ်လိုက်ကြတာ​လေ။ အဲဒီ ဆုံး
ဖြတ်ချက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ပေး​ပို့လိုက်ပါပြီ။”

ဒီ​တွေ့ဆုံပွဲမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​လူမျိုး​စုပါတီ ၁၂ ခုနဲ့​ ဖွဲ့စည်း​ထား​တဲ့​ စည်း​လုံး​ညီ ညွတ်​သော တိုင်း​ရင်း​သား​လူမျိုးများ​ မဟာမိတ်အဖွဲ့(ယူအန်​အေ) ဝင်​တွေဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမို က​ရေစီအဖွဲ့ချုပ်၊​ ရခိုင် ဒီမိုက​ရေစီအဖွဲ့ချုပ်၊​ မွန်ဒီမိုက​ရေစီအဖွဲ့ချုပ်၊​ ဇိုမီး​ဒီမိုက​ရေစီအဖွဲ့ချုပ်၊​ ကရင်အမျိုး​သား​ ဒီမိုက​ရေစီကွန်ဂရက်၊​ ကချင်ပြည်နယ် အမျိုးသား​ ဒီမိုက​ရေစီကွန်ဂရက်နဲ့ ချင်း​တိုး​တက်​ရေး​ပါတီက တာဝန်ရှိသူ​တွေ ​တွေ့ဆုံ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

တိုင်း​ရင်း​သား​လူမျိုးများ​ရဲ့​ အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်တဲ့​ ဥပ​ဒေမူကြမ်း​နဲ့ပတ်သက်တဲ့
ဆွေး​နွေး​ချက်ကို​တော့​ ၁၇ ရက်နဲ့​ ၁၈ ရက်​တွေမှာ လွတ်​တော်​တွေင်း​ ​ဆွေး​နွေးဖို့ ရှိတယ်လို့ ​ပြောပါတယ်။

တိုင်း​ရင်း​သား​လူမျိုးများ​ရဲ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာကို ​ဆွေး​နွေးရာမှာ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ဆန္ဒကို ကိုယ်စား​ပြုဖို့ လိုအပ်တယ်လို့လည်း​ ဦး​စိုင်း​လိတ်က သုံး​သပ်ပါတယ်။

“လွတ်​တော်ထဲမှာက ကြံ့​ခိုင်​ရေး​ပါတီက အင်အား​ကြီး​ဆုံး​ ဖြစ်​နေတယ်​လေ။ ဒါ​ကြောင့်​မို့လို့ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဆုံး​ဖြတ်ချက်ကသာလျှင် အတိဖြစ်သွား​မယ်လို့ ပြန်ပြီး​ သုံး​သပ်လို့ရပါတယ်။ ဒါ​ပေမယ့်​ ဘယ်လိုပဲ အ​ဖြေ ထွက်လာလာ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ ဆန္ဒကို ကိုယ်စား​ပြုနိုင်ရင်​တော့​ ​ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ် ဘူး​လို့ ကျ​နော်သုံး​သပ်ပါတယ်။”

0 မှတ်ချက်များ for "တိုင်း​ရင်း​သား​ အခွင့်​အ​ရေး​ ကာကွယ်ေ စာင့်​ရှောက်သည့်​ ဥပ​ဒေ ​ဆွေး​နွေး​မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++