တိုင်းပြည် မတည်ငြိမ်သောအခါ
မော်တော်ဆိုင်ကယ်များကို ပွတ်တိုက်ဆေး
ကြောရန် လမ်းပေါ်တွင် ဆောင့်ကြောင့် ထိုင် ရင်း အသက်ခြောက် နှစ်အရွယ် ပါကစ္စတန် က
လေး ငယ် နာဘီလ်မွတ်ခ တာ၏ ပေကျံ နေ
သောမျက်နှာပေါ်၌ မျက်ရည်များစီး ကျ နေ သည်။
ကြောရန် လမ်းပေါ်တွင် ဆောင့်ကြောင့် ထိုင် ရင်း အသက်ခြောက် နှစ်အရွယ် ပါကစ္စတန် က
လေး ငယ် နာဘီလ်မွတ်ခ တာ၏ ပေကျံ နေ
သောမျက်နှာပေါ်၌ မျက်ရည်များစီး ကျ နေ သည်။
ရက်သတ္တတစ်ပတ်လျှင် ခြောက်ရက်၊ တစ်ရက် လျှင် ကိုးနာရီ ဆိုင်ကယ်များ
ဆေးကြောပေး ရသည်မှာ နာဘီလ်၏အလုပ်ဖြစ်သည်။
နာဘီလ်မှာ အစိုးရက ခြစားမှုများလွန်းပြီး သူ့နိုင်ငံသားများ၊ ကလေး
ငယ်များနှင့် ကူညီသူမဲ့များကိုပင် ဂရုမစိုက်နိုင်ဟု
ရှုမြင်ခံရသောနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုကြောင့် အလုပ်လုပ်ရန်
တွန်းအားပေးခံရသော သန်း ပေါင်းများစွာသော ကလေးငယ်များထဲမှ တစ်ယောက်ဖြစ်သည်။
“ကျွန်တော် စာသင်ချင်တယ်။ ဆရာဝန်ကြီးဖြစ်ချင်တယ်။ ဒါပေမဲ့ အိမ်မှာ
ပိုက်ဆံတစ်ပြားမှမရှိဘူး”ဟု မိသားစုစားဝတ်နေရေးကူညီဖြေ ရှင်းပေးနေသော
နာဘီလ်ကဆိုသည်။
စားသောက်ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်
မားခြင်းနှင့် ရုန်းကန်နေရသော စီးပွားရေး အခြေအနေများကြောင့်မိသားစုများမှာ
၎င်းတို့၏ကလေးများကို စာသင်ခန်းသို့ ပို့လွှတ်ရမည့် အစား
အလုပ် ခွင်ထဲသို့ပို့နေကြရသည်။ အမေရိကန်၏ မဟာမိတ် ပါကစ္စတန်နိုင်ငံတွင်
မကြာခဏဆိုသလို နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ ရခြင်းကလည်း
တောင်အာရှနိုင်ငံမှ ခေါင်းဆောင်များအနေဖြင့် ကလေးလုပ်သား ကိစ္စကို
အဆုံးသတ်ပေးနိုင်ဖွယ်မရှိသလို တာလီဘန်သူပုန်ထခြင်းမှသည်လျှပ်စစ်ဓာတ်
အားပြတ် တောက်
ခြင်းစသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း အလျင်အမြန်ဖြေရှင်းနိုင်ရန်မဖြစ်နိုင်ပေ။
ခြင်းစသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း အလျင်အမြန်ဖြေရှင်းနိုင်ရန်မဖြစ်နိုင်ပေ။
“ကျွန်မရဲ့ ရင်ထဲ အသည်းထဲမှာ ကျွန်မသားကို ကျောင်းထားချင်ပါ တယ်။
ဒါပေမဲ့လည်း ကျွန်မတို့မှာ ကုန် ကျစရိတ်တွေအများကြီးပဲ။ စားပွဲ ပေါ်မှာ
စားစရာရောက်လာ အောင်မနည်းရုန်းကန်နေရတယ်”ဟု နာဘီလ် အပြင် လေးနှစ်အရွယ်
သားတစ်ယောက်နှင့် ၂ နှစ်အရွယ် သမီးလေးတစ် ယောက်လည်းရှိသေးသူ နာဘီလ် ၏မိခင်
ရှာဇီယာကပြော သည်။ ရှာဇီယာ၏ ယောက်ျား မိုဟာမက်မှာ လမ်းပေါ်မှာပင်
ဆံပင်ညှပ်သူဖြစ်ပြီး တစ်လလျှင် ပါကစ္စတန်ရူပီး ၇၅၀၀(၈၃ ဒေါ် လာ)ခန့်
ရှာဖွေနိုင်သည်။ ယင်း ငွေမှာ မိသားစုကိုထောက်ပံ့ရန် မလုံလောက်ပါ။
“သူ အလုပ်လုပ်ဖို့ သင့်နေ ပြီလေ။ အခုဆိုရင် တစ်လရူပီး၃၀၀-၄၀၀
လောက်ရတယ်။ အဲဒါဘာဖြစ်လဲ။ ငါတို့ က ဆင်းရဲတယ် လေ”ဟု မိုဟာမက်က
သူ့သားနှင့်ပတ်သက် ၍ ပြောသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ငွေ
ကြေးဖောင်းပွမှုကိုထိန်းချုပ် နိုင်ရန် အတိုးနှုန်းများကိုမြှင့်တင်ခြင်းနှင့် ဘတ်ဂျက်တည်ငြိမ်စေရန် ချက်ချင်း လက်ငင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတကာငွေ ကြေးရန် ပုံငွေအဖွဲ့ ( IMF ) က သတိပေး ထားသည်။
ကြေးဖောင်းပွမှုကိုထိန်းချုပ် နိုင်ရန် အတိုးနှုန်းများကိုမြှင့်တင်ခြင်းနှင့် ဘတ်ဂျက်တည်ငြိမ်စေရန် ချက်ချင်း လက်ငင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတကာငွေ ကြေးရန် ပုံငွေအဖွဲ့ ( IMF ) က သတိပေး ထားသည်။
စီးပွားရေး ဖိအားများက ဆယ်ကျော်သက်အရွယ် နိုအာ ရှားနှင့်
၎င်းင်း၏ညီအစ်ကိုသုံးဦးကဲ့သို့သော လူငယ် များအား အိမ်ကို စွန့်ခွာပြီး
အလုပ်ရှာရန်တွန်းအားပေးနေ သည်။ ယခုအခါ နိုအာရှား တို့ညီအစ်ကိုလေးဦးမှာ
ပါကစ္စ တန်နိုင်ငံ၏ အကြီးမားဆုံးနှင့် စီးပွားရေးအကောင်းဆုံးဖြစ်သော
ကရာချိမြို့ မှုန်ကုပ်ကုပ်လက်ဖက် ရည် ဆိုင်လေး၏ ထပ်ခိုးပေါ်တွင်
နေထိုင်ကြရသည်။ နေ့လယ်ဘက် တွင် တစ်နေကုန် ဆိုင်ထဲအလုပ် လုပ် ကြရသည်။
“ဆေးစရာပန်းကန်တွေက လည်း အများကြီးပဲ။ ကျွန်တော် မောလာရင်တောင် လက်ဖက်ရည်
လာသောက် တဲ့လူတွေက ကျွန် တော့်ကို စိတ်ဆိုးပြီး အော်ငေါက်
ဆဲဆိုကြတော့တာပဲ”ဟု ဖွံ့ဖြိုးမှုနိမ့်ပါးသည့် ဘာလူချီ စတန်ပြည် နယ်မှလာသော
နိုအာရှားကဆိုပါ သည်။ အသက်၁၁နှစ်အရွယ်ကာ ရှစ်လိုကလေးအလုပ် သမား များ ဆိုလျှင်
ပိုပြီးဆိုးဆိုးရွားရွား ဆက်ဆံခံရသည်။
“သူ အမှားတစ်ခုခုလုပ်လို့ကတော့ ကျွန်တော် သူ့ကိုတီးပစ် လိုက်တာပဲ”ဟု
အသက် ၁၉နှစ် အရွယ် ကြီးကြပ် သူ တန်ဗာရှာ ဇတ်ကဆိုသည်။ ရှာဇတ်ငယ်ငယ်တုန်းက
လည်း ဤသို့ ဆက်ဆံမှုများကိုခေါင်းငုံ့ခံခဲ့ရသည်။
ပါကစ္စတန်နိုင်ငံတွင် ကလေး
ငယ်ပေါင်း ၁၀ သန်းအထိ အလုပ် လုပ်နေကြကြောင်းကုလသမဂ္ဂ ကလေးသူ ငယ်
များရန်ပုံငွေအဖွဲ့ ( UNICEF ) မှ ကလေးနှင့် ဆယ် ကျော်သက် အကာအကွယ်ပေး ရေး
ကျွမ်းကျင်သူ မာနန်ရာနာက ပြောပါသည်။ ကလေးအလုပ်သမားသုံးသန်း ရှိသည်ဟုဆိုသော
အစိုးရ၏ ကိန်းဂဏန်းများမှာ ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာယင်းမှာ
ကလေးအလုပ် သမားပြဿနာကို မှတ်တမ်းတင် မှုမည်မျှ အားနည်း ကြောင်းကို
သက်သေထူနေပြီး လူဦးရေ အလျင်အမြန်တိုးပွားလာမှုကို ထည့်တွက်ပါက ယင်းပြ
ဿနာမှာ
ပိုမိုဆိုးရွားနေဖွယ်ရှိသည်။
ဆိုင်ယယ်ကော့တ်မြို့တွင် ဘောလုံးများကို ကလေးများက လက်နှင့်ချုပ်၍
ထုတ်လုပ်နေ ကြောင်း သိရှိ လာသောအခါ ပါကစ္စတန်နိုင်ငံမှ ကလေးလုပ် သားများ၏
ကံကြမ္မာကို နိုင်ငံတ ကာက သိရှိလာခဲ့ သည်။
နိုင်ငံခြား
အားကစားပစ္စည်းရောင်းချရေး ကုမ္ပဏီများအနေဖြင့်ကလေးများ ကို
ခေါင်းပုံဖြတ်ခြင်းကိစ္စနှင့် တစ်စွန်းတစ်စ ပတ်သက်နေမှာကိုစိုးရိမ်ကြသည်။
ကုမ္ပဏီတစ်ခုဆို လျှင် ၂၀၀၆ ခုနှစ်မှစ၍ ပါကစ္စတန် အခြေစိုက် လက်ချုပ်ဘောလုံး
မှာယူခြင်းကို ရပ်တန့်ပစ်ခဲ့ပြီး စက်ရုံမှာ အလုပ်သမားစည်းကမ်းချိုး
ဖောက်မှုများအပေါ်ပြုပြင်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုသည်။
ဖောက်မှုများအပေါ်ပြုပြင်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုသည်။
“ဒါဟာ ဆိုင်ယယ်ကော့တ် ဒေသကပြဿနာတင်မဟုတ်ဘူး။ ကလေးအလုပ်သမားပြဿနာက
ပါကစ္စ တန်နိုင်ငံတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်။ ဖန်လက်ကောက်ထုတ်
လုပ်တာတို့၊ ဆီသယ်ကား တွေ ဆေး တာတို့၊ မွေးမြူရေးခြံ တွေ၊ ကားဝပ်ရှော့တွေ၊
အုတ်ဖုတ် လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်း တွေမှာပျံ့နေတယ်” ဟု ပါကစ္စတန်လူ့
အခွင့်အရေး ပူးပေါင်းညှိနှိုင်းရေးမှူး ဟူစိန်နာကီက ဆိုပါသည်။
ပါကစ္စတန်နိုင်ငံသည် နိုင်ငံ့ဂျီဒီပီ(ပြည်တွင်းစုစုပေါင်းကုန်
ထုတ်လုပ်မှုတန်ဖိုး)၏ ၂ ရာခိုင် နှုန်းကိုသာ ပညာရေးအတွက် သုံးစွဲသည်။
ယင်းမှနေ၍ ကြီးထွားလာသည့် လူငယ်ထုမှာ လိုအပ်သောကျွမ်းကျင်မှု နည်းပါးသည်ဟု
အဓိပ္ပာယ်ထွက်ပြီး အများစုမှာ လမ်းပေါ်ထွက် အ လုပ်ရှာရသည့် အခြေ အနေဖြစ် လာ သည်။
နှိုင်းယှဉ်ကြည့်ပါက ၂၀၁၁-၁၂ အတွက်
ကာကွယ်ရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၁၇ ရာခိုင်နှုန်းရှိပြီး
အချို့ ကျွမ်းကျင်သူ များကမူ ယင်းပမာဏကို ၂၆
ရာခိုင်နှုန်းအထိရှိသည်ဟုဆိုကြသည်။
“ပြဿနာရှိတယ်။ ဒါကို ကျွန်တော်တို့ ငြင်းဆန်မနေပါဘူး”ဟု ၀န်ကြီးချုပ်၏
လူမှုရေးကဏ္ဍ အထူး လက်ထောက်ရှာနက်ဝါဇာ အလီကပြောပြီး ပါကစ္စတန်နိုင်ငံ လူဦးရေ
သန်း ၁၈၀ ၏ ၄၅ ရာခိုင်နှုန်းမှာ အသက်၂၂နှစ်အောက် လူငယ်များဖြစ်ကြောင်း ၎င်းင်းက
ဆက်လက်ပြောပါသည်။ သို့သော် ပါကစ္စ တန်ခေါင်း ဆောင်များမှာ မကြာ ခဏဆိုသ လို
အတွင်းတိုက်ပွဲများ၊ တင်းမာမှုများနှင့်လုံးထွေးနေပြီး ကလေးများ ၏
သက်သာချောင်ချိရေးကို လှည့်မကြည့်အားပေ။ အစိုးရ၏ကာကွယ်မှုမရှိသလောက် အနေ
အထားတွင် ကလေးငယ်များမှာ ခေါင်းပုံဖြတ်ခံရမှုသံသရာထဲ တ၀ဲ
လည်လည်ဖြစ်နေကြရသည်။
“ဒါတွေအားလုံးက ကလေး တွေရဲ့ စိတ်ထဲမှာ ဒဏ်ရာအနာ
တရဖြစ်စေပါတယ်”ဟု လူ့အခွင့် အရေးကာ ကွယ်ရေးအုပ်စုတစ်ခု ဖြစ်သော
“လူမှုရေးတီထွင်ဆန်း သစ်မှုများ”အဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဆယ်လ်မာဂျာ
ဖာကဆိုပါသည်။ “မင်း နှိပ်စက် ခံရတယ်ဆိုရင် အဲဒီ့နှိပ်စက်မှုနဲ့ပဲ
မင်းကြီးပြင်းလာတယ်” ဟု ဆယ်လ်မာဂျာဖာကဆက်လက် ပြောသည်။


0 မှတ်ချက်များ for "တိုင်းပြည် မတည်ငြိမ်သောအခါ"