ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း (၅)

ဒီမိုကရေစီကျင့်ဝတ်နှင့် နိုင်ငံရေးအတိုက်အခံပြုခြင်း သဘောတရား
(Political Opposition With Democratic Ethic)


ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထု အချုပ်အခြားအာဏာပိုင်သော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ အခြားသော အုပ်ချုပ်ရေးစနစ်များသကဲ့သို့ အာဏာကို လူတဦး သို့မဟုတ် လူတစုက လက်ဝါးကြီး အုပ်ထားခြင်း မျိုးကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က ခွင့်ပြုသည်မဟုတ်ပေ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တရပ်ကို အုပ်ချုပ်ရာတွင် လိုအပ်မည့်အာဏာများကို ထိုလူ့အဖွဲ့အစည်းအတွင်း မှီတင်းနေထိုင်သူများအကြား ခွဲဝေဖြန့်ကြက်ထားပါမှ ဒီမိုကရေစီ အုပ်ချုပ်ရေး ဖြစ်သည်ဟု ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ ၀ိသေသလက္ခဏာ ကို ထောက်ပြရပေမည်။ ၄င်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှ အာဏာခွဲဝေ ကျင့်သုံးခြင်းဖြစ်သည်။

ကိုယ်စားပြု ဒီမိုကရေစီသာ ထွန်းကားသော ယနေ့ ကမ္ဘာ့နိုင်ငံရေးလောကတွင်မှု ပြည်သူလူထု အချုပ်အခြာ အာဏာ ပိုင်မှုနှင့် အချင်းချင်းအကြား အာဏာခွဲဝေရေးဆိုသော ဒီမိုကရေစီ၏ အနစ်သာရအရ ပြည်သူတဦးချင်း၏ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်မှုကို အပြည့်အ၀  လမ်းဖွင့်ထားရန် အခက်အခဲ ရှိလာသဖြင့် ပြည်သူလူထုကို ကိုယ် စားပြုနိုင်ေ သာ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာရသည်။ နိုင်ငံရေးပါတီများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေရခြင်းသည် ကိုယ် စားပြု ဒီမိုကရေစီ၏ ၀ိသေသတခုဖြစ်ပြီး ဒီမိုကရေစီ၏ မူလအနှစ်အရသာ ဖြစ်သော ပြည်သူတဦးချင်းအကြား အာ ဏာခွဲဝေရေး ဆိုသည်မှာလည်း ပြည်သူကို ကိုယ်စားပြုသော ပါတီများအကြား အာဏာခွဲဝေရေး အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တရပ်တွင် အာဏာရပါတီ အတိုက်အခံပါတီဟူ၍ ရှိနေခြင်းသည်ပင် ထိုပါတီများအကြား အာဏာခွဲဝေ အုပ်ချုပ်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ပါတီတခုသည် အစိုးရ ဖွဲ့နိုင်လောက်အောင် ရွေးကောက်ပွဲ တွင်  အနိုင်ရသဖြင့် အစိုးရဖွဲ့ပြီး နိုင်ငံကို အုပ်ချုပ်ခွင့်ရနိုင်သော်လည်း ၄င်းပါတီသည် နိုင်ငံကို အုပ်ချုပ်ခွင့် ရနေသော် လည်း ၄င်းပါတီသည် တပါတီ အာဏာရှင်စနစ် (Totalitarianism) ကို ကျင့်သုံးသော နိုင်ငံများမှ ပါတီများကဲ့သို့ အရာ ကိစ္စအားလုံးကို ထင်ရာစိုင်း လုပ်ဆောင်ခွင့်မရှိပေ။ ထိုအာဏာရပါတီ (Governing Party)  သည် ပါလီမန်အတွင်း၌ အတိုက်အခံပါတီ (Opposition Party) များ၏ ဆန့်ကျင့်ဘက်မေးခွန်းထုတ်မှု၊ အတိုက်အခံပြုမှုတို့ကို စနစ်တကျနှင့် စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားရန် တာဝန်ရှိသည်။

အာဏာရပါတီကို ပြည်သူလူထု အများစုက ထောက်ခံထားသကဲ့သို့ အတိုက်အခံပါတီကိုလည်း အရေအတွက် တခုရှိသော ပြည်သူလူထုရေးဆိုသည်ကို ပါတီများအကြား အာဏာခွဲဝေရေး အသွင်သို့ ကူးပြောင်းလိုက် ခြင်းသည် ယနေ့ ကမ္ဘာတွင် ထွန်းကားနေသော ကိုယ်စားပြု ဒီမိုကရေစီပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဒီမိုကရေစီ နိုင်ငံများတွင် အာဏာရပါတီနှင့် အတိုက်အခံပါတီများအကြား အာဏာခွဲဝေရေးစနစ် ခိုင်မာမည့် နိုင်ငံရေးစနစ်ကို ဖန်တီးထားကြပေမည်။

တပါတီ အာဏာရှင်စနစ် နိုင်ငံများမှလွဲလျှင် အာဏာရပါတီ၊ အတိုက်ခံပါတီများဟူ၍ ရှိနေကြသည်။ နိုင်ငံရေးအတိုက် အခံ အင်အားစုသည်လည်း အများအပြားရှိနိုင်သည်။ အတိုက်အခံလုပ်ခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အ တွင် အဖြစ်မနေ ပါဝင်ရပြီး နိုင်ငံရေးစနစ်အရပင် အားပေးရမည့် ကိစ္စဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး အတိုက်အခံ လုပ်ခြင်းသည် တခြားနည်းလမ်း တသွယ်ဖြင့် အဖြေကို ပြဆိုခြင်း (Alternative Solution) ဖြစ်ရန် လိုအပ်သည်။ 

အဓိပ္ပါယ်မှာ အကြောင်းအရာတခုကို အာဏာရပါတီက ဆောင်ရွက်ရာမှ မှားယွင်းသည်ဟု ဝေဖန်သောအတိုက် အခံ ပါတီ (များ) သည် မှန်ကန်သည်ဟု ပြောဆိုနိုင်သော အခြားနည်းလမ်း ရှိရပေမည်။ ထိုသို့သော အခြားနည်းလမ်း တသွယ်ဖြင့် အဖြေကို ပြဆိုခြင်းမဟုတ်သော နိုင်ငံရေး အတိုက်အခံ ပြုလုပ်ခြင်းသည် အပျက်သဘောကို ဆောင်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ကိုက်ညီသော နိုင်ငံရေး အတိုက်အခံလုပ်ခြင်းမျိုး မဖြစ်နိုင်ပေ။ အဖြေရှိသော  နိုင်ငံရေးအတိုက်အခံ လုပ်ခြင်းမျိုးကသာ ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်တံ့ခိုင်မြဲမှုကို အထောက်အကူပြုနိုင်ပြီး ထို့သို့မဟုတ်ပါက အာဏာရပါတီနှင့် အတိုက်အခံ ပါတီများအကြား နိုင်ငံရေးပိတ်ဆို့မှု (Political Deadlock) များ စဉ်ဆက်မပြက် ဖြစ်ပေါ်နေပြီး ထိုအခြေအနေသည် အာဏာရှင်များကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပေမည်။ အာဏာရှင် အများစုသည် ထိုအားနည်းချက်များကို အခွင့်အကောင်းယူခဲ့ကြသည်။
 

ယနေ့ပြည်ထောင်စုသမတ ဂျာမဏီနိုင်ငံ (Federal Republic of Germany) ဟု လူသိများသော ဂျာမဏီနိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ (1918-1933) ကာလများအတွင်းက ၀ိုင်မာသမတနိုင်ငံ (Weimar Republic) အဖြစ် ဖွဲ့စည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုဝိုင်မာသမတ နိုင်ငံလက်ထက်တွင် အများအားဖြင့် အာဏာရပါတီမှာ နိုင်ငံရေး အတွေးအခေါ်အရ အလယ်အလတ်လမ်းစဉ်ကို ယုံကြည်သော လစ်ဘရယ်ပါတီဖြစ်သည်။ ထိုလစ်ဘရယ်အစိုးရ ရင်ဆိုင်နေရသော နိုင်ငံရေးအတိုက် အခံအင်အားစုနှစ်ရပ်မှာ လက်ယာနိုင်ငံရေး အတွေးအခေါ်ရှိသူများ ဖြစ်သည့် အမျိုးသားဝါဒီများနှင့်လက်ဝဲနိုင်ငံရေး အတွေးအခေါ် ရှိသူများ ဖြစ်သည့် အမျိုးသားဝါဒီများနှင့် လက်ဝဲနိုင်ငံရေး အတွေးအခေါ်ရှိသူများ ဖြစ်သည့် ကွန်မြူနစ်များ ဖြစ်သည်။  လစ်ဘရယ် များသည် ကမ္ဘာ့နိုင်ငံအများစုတွင် လက၀ဲ နှင့်လက်ယာ နိုင်ငံရေး အင်အားစု နှစ်ရပ်စလုံး၏ ဘုံရန်သူကဲ့သို့ အတိုက်အခံပြုခံကြရသည်။ ၀ိုင်မာသမတ နိုင်ငံ၏ ၀ိုင်မာအစိုးရသည် လက်ဝဲနှင့်လက်ယာ အင်အားစုနှစ်ရပ်စလုံး၏ အတိုက်အခံအင်အားကို မလွန်ဆန်နိုင်ဘဲ အစိုးရအဖြစ်မှ နှုတ်ထွက်ပေးရသည်အထိ ဖြစ်ခဲ့သည်။

အာဏာရပါတီတခုကို ဖြုတ်ချနိုင်ပါက အတိုက်အခံပါတီများသည် အစိုးရဖွဲ့စည်းရန် ပြင်ဆင်ရတော့သည်။ ဤအဆင့် တွင် ၀ိုင်မာသမတနိုင်ငံ၌ အကြီးအကျယ် ပြဿနာကြုံရတော့သည်။ လက်ဝဲအင်းအားစုနှင့် လက်ယာအင်း အားစုများ သည် လစ်ဘရယ်အစိုးရကို အတိုက်အခံပြုရာတွင်သာ တူညီပြီး နှစ်ခုပေါင်းမှာသာ အစိုးရဖွဲ့နိုင်သော အင်အားတ ခုဖြစ်နိုင်သည့် ၄င်းအင်အားစုများသည် အစိုးရဖွဲ့စည်းရေးအတွက် နိုင်ငံရေး အခြေခံ သဘောတူညီဖြစ်နိုင်သည့် မည် သည့်နည်းနှင့်မျှ ရအောင်မလုပ် ဆောင်နိုင်ခံပေ။ ၀ါဒရေးရာအရ ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒ အခြေ ခံပေါက်ဖွား လာရသော အရစ္စတိုကရက်များ (Aristocrat) (အချို့မျာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို အားပေးသူများ) နှင့် ကွန်ဆာဗေးတစ်များကို သုတ်သင်ရှင်လင်းရန် ဖြစ်သည်။ ထိုအချက်ကို ရုရှားအောက်တိုဘာတော်လှန်ရေးက သက်ေ သပြလျက်ရှိသည်။ ထို့ကြောင့် ၀ိုင်မာသမတနိုင်ငံတွင် အတိုက်အခံလုပ်နေတာ အင်အားစု အချင်းချင်း အကြား တွင် လည်း နိုင်ငံရေးပဋိပက္ခများ ရှိနေပြန်သည်။ ဤအခြေအနေများကြောင့် ၀ိုင်မာသမ တနိုင်ငံကာလ တောက်လျှောက် တွင် လစ်ဘရယ် အစိုးရက အာဏာရလိုက်၊ အချိန်ကာလတခုတွင် အတိုက်အခံများက ဖြုတ်ချလိုက်၊ မကြာ ခင်
ပြန်ဖြုတ် ချခံရလိုက် စသည့်သံသရာထဲတွင် တည်ငြိမ်သောအစိုးရ မပေါ်ထွက်ခဲ့ပေ။ ထိုအခြေအနေတို့သည် နိုင် ငံရေးအတိုက်အခံများက အခြားနည်းလမ်းတသွယ်ဖြင့် အဖြေကို  ပြဆိုခြင်းဟူသော အခြေအနေအ ရ နိုင်ငံရေး အတိုက်အခံ မလုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုအခြေအနေကြောင့် အစိုးရ မတည်ငြိမ်မှုကိုသာ ဖြစ်စေပြီး မည်သည့် ရလဒ်ကိုမျှ မည်သူကမှ မခံစားရပေ။ ၄င်း၏ အကျိုးအဆက်အနေဖြင့် ဟစ်တလာ၏ အာဏာရှင် စနစ် ပေါ်ထွက်ရေး ကို အားပေးရာသာ ရောက်ခဲ့သည်။


ဒုတိယကမ္ဘာစစ်အပြီး ဂျာမဏီကို စစ်နိုင် မဟာမိတ်အဖွဲ့ဝင် အုပ်စုများနှင့် ဆိုဗီယက် ပြည်ထောင်စတို့က ခွဲခြမ်း ပစ် လိုက်ပြီးနောက်တွင် အနောက်ဂျာမဏီနိုင်ငံကို ပြည်ထောင်စုသမတ ဂျာမဏီနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင် လိုက် ကြသည်။ ထိုအခါ ဂျာမန်တို့သည် ၀ိုင်မာသမတနိုင်ငံ လက်ထက်က ကြုံတွေ့ခဲ့ရသော အားနည်း ချက်ကို ရှောင် ရှားနိုင်ရန် ၄င်း၏ နိုင်ငံရေးစနစ်တွင် နိုင်ငံရေး အတိုက်အခံ လုပ်ရာ၌ အပြုသဘောဆောင်စေရန် ပြဌာန် လာတော့ သည်။ ပြည်ထောင်စုသမတ ဂျာမဏီနိုင်ငံ သည် ပါလီမန်ဒီမိုကရေစီ (Parliamentary Democracy) နိုင်ငံတခုဖြစ် သည်။ ပါလီမန်ဒီမိုကရေစီ၏ လုပ်ထုံးလုပ်နည်းများအရ အာဏာရနေသော အစိုးရတိုင်းသည် ပါလီမန်အတွင်း၌ အချိန်မရွေး အယုံအကြည် မရှိဆို တင်သွင်းခံရနိုင်သည်။ ထိုအဆိုကို မဲခွဲဆုံးဖြတ်ရာ၌ အစိုးရမှ ရုံးနိမ့်လျှင် ရာထူ မှနှုတ်ထွက်ပေးရသည်။ ၀ိုင်မာသမတနိုင်ငံ လက်ထက်တွင် ထိုလုပ်ထုံးလုပ်နည်း ရိုးရိုးကိုသာ ကျင့်သုံးခဲ့ခြင်းအောက် တွင် လစ်ဘရယ်အစိုးရ မကြာခဏ ဖြုတ်ချခံရပြီး အတိုက်အခံများကလည်း အစိုးရမဖွဲ့နိုင်သော အနေအထားများ ကြုံတွေ့ရသည်။ ၄င်းအားနည်းချက်ကို ကုစားရန် ပြည်ထောင်စုသမတ ဂျာမဏနိုင်ငံလက်ထက် အခြေခံ ဥပဒေတွင် ပုဒ်မတခု ထည့်သွင်းပြဌာန်းထားသည်။ ထိုပုဒ်မ ပြဌာန်းချက်အရ မူလ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို မဖြုတ်ချမီ အ တိုက်အခံများသည် ၄င်းတို့ထောက်ခံသော ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ရွေးချယ်ပေးရမည်ဖြစ် သည်။ 

ထိုရွေးချယ်ခြင်း မပြုနိုင်ပါက ယခင်အစိုးရကို ဖြုတ်ချခွင့်မရှိပေ။ ထိုနိုင်ငံရေးလုပ်ဟန် ကို နှိုင်းယှဉ် နိုင်ငံလေ့လာ သူများက အပြုသဘော အယုံအကြည်မရှိအဆို (Constructive Non-Confidence) ဟု ဆိုသည်။ ၄င်း၏ အနှစ်သာရမှာ နိုင်ငံရေးအတိုက်အခံလုပ်ရာတွင် အခြားနည်းလမ်းတသွယ်ဖြင့် အဖြေပြဆိုခြင်းဖြစ်ရန် လိုအပ်ခြင်း သို့ မဟုတ် နိုင်ငံရေး အတိုက်အခံ လုပ်ရာတွင် အပြုသဘောဆောင်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးကတည်းက ဂျပန်နိုင်ငံတွင် အနှစ်လေးဆယ်ကျော် အာဏာရရှိလာခဲ့သော လစ်ဘရယ် ဒီ မိုကရေစီကရက် အစိုးရသည် အယုံအကြည်မရှိ အဆိုတင်သွင်းခံရ၍ ရာထူးမှ နှုတ်ထွက် ပေးရပြီးနောက် ပါလီ မန်ကိုဖျက်သိမ်း၊ ရွေးကောက်ပွဲသစ်များကျင်းပ စသော နိုင်ငံရေးအပြောင်းအလဲများသည် ၁၉၉၄ ခုနှစ်ဦး ကတည်း က ဖြစ်ပွားနေခဲ့သည်။ ဂျပန်နိုင်ငံရေး သမိုင်းတွင် စံတင်လောက်အောင်ပင် (၆) လအတွင်း ၀န်ကြီးချုပ် (၃) ဦးအထိ အပြောင်းအလဲဖြစ်ခဲ့သည်။ လစ်ဘရယ် ဒီမိုကရက် ပြိုကွဲပြီးနောက်တွင် နိုင်ငံရေးပါတီအချို့ မှိုလိုပေါက်လာကြသည်။ 

သို့သော် လစ်ဘရယ် ဒီမိုကရက် ပါတီသည် တခုတည်းအားဖြင့် အာဏာရပါတီအဖြစ် ရပ်တည်နိုင်ခြင်းမှလွဲ၍ အင် အားအကောင်းဆုံး ပါတီတခုအနေဖြင့် တည်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ အင်အားအကောင်းဆုံးမျာ ဆိုရှယ်လစ် များဟု လူသိများသော ဆိုရှယ်လစ်ဒီမိုကရက်ပါတီ ဖြစ်သည်။

လစ်ဘရယ်ဒီမိုကရက်ပါတီ အာဏာလက်လွတ် ဖြစ်ခဲ့ရပြီးနောက် ညွှန့်ပေါင်းအဖွဲ့ တဖွဲ့ကို ဦးဆောင်ကာ အာဏာရ လာသော ၀န်ကြီးချုပ် ဟိုဆိုကားဝါးသည် ငွေရေးကြေး ကိစ္စတခုနှင့် ပတ်သက်ပြီး စွပ်စွဲမှုအသံများ ထွက်သောအခါ ရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။ ၄င်းကို ရာထူးဆက်ခံသော ၀န်ကြီးချုပ်မျာ ဆိုတိုမိုဟာတာ ဖြစ်သည်။ 

ဆိုတိုဟာတာ၏ ၀န်ကြီးအဖွဲ့သည်လည်း ဟိုဆိုကားဝါး ၀န်ကြီးအဖွဲ့ကဲ့သို့ပင် ညွှန်ပေါင်းဖြစ်သော လည်း ဟိုဆိုကား ၀ါး၏ ၀န်ကြီးအဖွဲ့နှင့် ကွဲပြားထူးခြားသော နိုင်ငံရေးနောက်ခံ ရှိပြန်သည်။ ဟိုဆိုကားဝါး၏ လက်ထက်တွင် ညွန့်ပေါင်း အဖွဲ့တွင် ဆိုရှယ်လစ်များ ပါဝင်နေချိန်နှင့် တပြိုင်နက်တည်းတွင်ပင် ဆိုရှယ်လစ်များကို တချိန်တွင် ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပစ်နိုင်ရန်အတွက် ရည်ရွယ်ပြီး အခြားသော အဖွဲ့များက ညွန့်ပေါင်းတွင် ပါဝင်လာစေရန် စည်းရုံးခဲ့သည်။ 

ဆိုတိုမိုဟာတို့၏ ခြေလှမ်းများကို သိရှိသွားသောအခါ ဆိုရှယ်လစ်အုပ်စုသည် ဆိုတိုမိုဟာတာ၏ ညွန့်ပေါင်း အဖွဲ့ မှ နှုတ်ထွက်သွားခဲ့သည်။ သို့ဖြင့် အခြားအဖွဲ့များ၏ လုံလောက်သော ထောက်ခံမှုလည်းမရ၊ ဆိုရှယ် လစ်များ က လည်း ညွန့်ပေါင်းအဖွဲ့ကို စွန့်ခွာသွားသည့်အခါ ဂျပန်နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးအနေဖြင့် လူနည်းစုအစိုးရကို ဆိုတိုမိုဟာတာ ဖွဲ့စည်းခဲ့ရသည်။ ဆိုတိုမိုဟာတာ၏ လူနည်းစုအစိုးရ သည်လည်း ကြာကြာ သက်ဆိုးမရှည်လိုက်ရ။ 

အယုံအကြည်မရရှိ အဆိုတင်မည်ဟု အသံကြားရုံးမျှဖြင့် ရာထူးမှ နှုတ်ထွက်ပေးလိုက်သဖြင့် နောက်ထပ် ညွန့်ပေါင်း အစိုးရအဖွဲ့ တရပ် ထပ်မံဖွဲ့စည်း ပေါ်ပေါက်ခဲ့ပြန်သည်။ ဆိုတိုမိုဟာတာ၏ ညွန့်ပေါင်းအစိုးရကို အတိုက်အခံ လုပ်နေ တာ အဓိက နိုင်ငံအင်းအားစုနှစ်ရပ်မှာ ဆိုရှယ်လစ်များနှင့် လစ်ဘရယ်ဒီမိုကရက်များဖြစ်ကြသည်။

၎င်းအင်အားစု နှစ်စု အတိုက်အခံအဖြစ် ပေါင်းမိသောအခါတွင် ဆိုတိုမိုဟာတာ၏ ညွန့်ပေါင်းအဖွဲ့သည် မည်သို့မျှ
တောင့်ခံမထားနိုင်တော့ဘဲ ရာထူးမှ နှုတ်ထွက်ပေးလိုက်ရခြင်း ဖြစ်သည်။ ထိုကြောင့် အစိုးရဖွဲ့စည်းရန် အခွင့်အရေး နှင့် တာဝန်သည် ဆိုရှယ်လစ်များနှင့် လစ်ဘရယ် ဒီမိုကရက်များ လက်တွင်းသို့ ကျရောက်ခဲ့ရသည်။ သို့ဖြင့်၍ ဆိုရှယ်လစ် ခေါင်းဆောင် မူရာယားမား ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ တရပ် ပေါ်ပေါက်လာကာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးအများစုမှာ လစ်ဘရယ်ဒီမိုကရက်များ ပါဝင်နေသည်။


ဂျပန်နိုင်ငံရေး သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် လစ်ဘရယ်ဒီမိုကရက်များ အာဏာရယူခဲ့သော စစ်လွန်ခေတ် အနှစ်(၄၀) ကာလတလျှောက်လုံးတွင် ဆိုရှယ်လစ်များက အဓိက အတိုက်အခံဖြစ်ခဲ့သည်။ ယခုအခါ နိုင်ငံရေးအ လှည့်အပြောင်းကြောင့် တချိန် ရန်သူများဖြစ်ခဲ့သော အုပ်စုနှစ်ခုသည် အစိုးရတခုကို ပူပေါင်း၍ ဖွဲ့စည်းလာရသည်။ 

အစိုးရအဖွဲ့ အတွင်း တူညီသောမူဝါဒ ပေါ်လစီများကို ချမှတ်ခြင်းမပြုနိုင်သည့် တချိန်ချိန်တွင် မှုရာယားမား၏ ညွန်းပေါင်းအစိုးရအဖွဲ့ သည်လည်း အတိုက်အခံများက ဖြုတ်ချစရာမလိုဘဲ အလိုလို ပျက်သုဉ်းရသည့် အခြေအနေသို့ ဆိုက်ရောက်လာနိုင်ပေသည်။

ဂျပန်နိုင်ငံ၏ မျက်မှောက်နိုင်ငံရေး အခြေအနေများသည် ၀ိုင်မာသမတနိုင်ငံခေတ်ကကဲ့သို့ ဖြစ်နေသည်။ အတိုက်အခံ အင်အားစုများအဖို့ အာဏာရအစိုးရကို အဆက်ဆက်က အတိုက်အခံလုပ်ခဲ့သလို အခြားနည်းတသွယ်ဖြင့် အဖြေ ကို ပြဆိုခြင်းမျိုးမဟုတ်ဘဲ ဖြစ်နေသည်။ မျက်မှောက်ခေတ် ဂျာမန်နိုင်ငံရေး စနစ်အရ နိုင်ယှဉ်ပြောရလျှင် အပြုသဘောဆောင်သော နိုင်ငံရေးအတိုက်အခံ လုပ်ခြင်းမျိုး မဟုတ်ပေ။

နိုင်ငံတခုတွင် ဒီမိုကရေစီကျင့်သုံးမှု အတွေ့အကြုံရှိခြင်း မရှိခြင်းတည်းဟူသော နိုင်ငံရေးနောက်ခံ ကားချပ်ပေါ်တွင် အစိုးရတည်ငြိမ်မှုရှိခြင်း မရှိခြင်းဟူသော ပုံရိပ်ကို ထင်ဟပ်စေသော အခါဝယ် အကျိုးဆက် အမျိုးမျိုးကို ဖြစ်ပေါ်နိုင် ပါသည်။ ဂျပန်နိုင်ငံသည် ဒီမိုကရေစီကျင့်သုံးမှု အတွေ့အကြုံရှိသော နိုင်ငံတခုဖြစ်သဖြင့် အစိုးရ မတည် မငြိမ်ဖြစ်ခြင်း သည် ကြီးကြီးမားမား ဆိုးရွားသော နိုင်ငံရေးအကျိုးအဆက်များကို မမြင်တွေ့ ရတတ်သော်လည်း အစိုးရ၏ မတည်ြ ငိမ်မှုသည် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများကို ထိခိုက်နှောက်ယှက်သလို ဖြစ်နမည်ကား ဓမ္မတာ ပင်ဖြစ် သည်။ ထို သို့သော ဆိုးကျိုးများကိုကား မည်သို့ပင် ဒီမိုကရေစီကျင့်သုံးမှု အတွေ့အကြုံရှိပါစေ ခံစားကြရ မည်ချဉ်းသာဖြစ် မှုသ ည်။ အထူးသဖြင့် ဒီမိုကရေစီဖွဲ့ဖြိုးမှု နည်းသေးသော နိုင်ငံများတွင်ကား အစိုးရ မတည်မငြိမ်ဖြစ်မှု သည် အာဏာရှင် စနစ်ကို ပေါ်ပေါက်စေသော နိုင်ငံအကျိုး အဆက်များကို ခံစားရနိုင်ဖွယ်ရှိသည်။ အာဏာရှင်ဖြစ်လိုသူတို့သည် အစိုးရ မတည်မငြိမ်ဖြစ်မှုကို အဓိက အကြောင်းပြချက်အနေဖြင့် အသုံးပြုကာ ပြည်သူ တို့ ဒီမိုကရေစီကို ကျင့်သုံးရန် မထိုက်တန်ဟု ဆိုကြလျက် အာဏာသိမ်းခြင်း၊ အာဏာရှင်စနစ် ထူထောင်းခြင်းများ ပြုလုပ်လာကြသည်။
 

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ရပ်ကို တည်ဆောက်မည်ဆိုပါက အတိုက်အခံအင်အားစုများ တရားဝင် ခိုင်ခိုင်မာမာ ရပ် တည်နေနိုင်အောင် နိုင်ငံရေးစနစ်အရပင် ဖန်တီထားရန်လိုသည်။ အတိုက်အခံအင်အားစုများ ရှင်သန်ရပ် တည်နေခြင်းသည် အာဏာရအစိုးရမှသည် အာဏာရှင်အစိုးရ အဖြစ်မကူးပြောင်းနိုင်ရန် ထိန်ချုပ်နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ အာဏာခွဲဝေ အုပ်ချုပ်ခြင်း၏ အသွင်သဏ္ဍာန် လည်းဖြစ်သည်။ ဤကား ဒီမိုကရေစီ အုပ်ချုပ်မှုအောက်တွင် အတိုက်အခံ အင်အားစုများ လိုအပ်ချက်အရ ပါ ၀င်နေခြင်းကို ညွှန်းဆိုးနေခြင်းဖြစ်သည်။ တခြားတဘက်တွင်ကား အတိုက်အခံအင်အားစုများ နိုင်ငံရေး အတိုက်အ ခံလုပ်ရာတွင် အပြုသဘောဆောင်ခြင်း သို့မဟုတ် အခြားနည်းလမ်း တသွယ်ဖြင့် အဖြေကို ပြဆိုခြင်းပြုရန် လိုအပ်သည်။

အတိုက်အခံအင်အားစုများသည် အများအားဖြင့် အာဏာရရှိရေးအတွက် လုပ်ဆောင်နေကြသော အဖွဲ့အစည်း များဖြစ်ပေသည်။ အတိုက်အခံအင်အားစု အချင်းချင်းအကြားတွင် အနိမ့်ဆုံးအဆင့် နိုင်ငံရေးအရ သဘော တူညီနိုင်သောအချက် (Political Threshold) သည် အာဏာရအစိုးရကို အတိုက်အခံလုပ်ခြင်း တမျိုးတည်း မဖြစ် သင့်ပါ။ အာဏာရအစိုးရကို ဖြုတ်ချပြီးနောက် အတိုက်အခံ အင်အားစုများ အာဏာရလာချိန်တွင် ပူးတွဲ လုပ်ဆောင်မည့် အနိမ့်အုံးအဆင့် နိုင်ငံရေးသဘောတူညီမှုမျိုး ရှိထားသင့်သည်။ ထိုသို့ သဘောတူညီမရှိဘဲ အတိုက် အခံ အင်အားစုများ အာဏာရလာလျှင်လည်း ကြာကြာမမြဲဘဲ အတွင်းပဋိမက္ခများပင် ကြုံတွေ့နိုင်ကြောင်း နိုင်ငံတ ကာ အတွေ့အကြုံများမရ အထင်အရှားတွေ့ရသည်။ ထို့ကြောင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အထောက် အကူပြု လိုလျှင် သို့မဟုတ် ခိုင်မာစေလိုလျှင် အပြုသဘော ဆောင်သောအတိုက်အခံလုပ်ခြင်း သို့မဟုတ် အခြားနည်း လမ်း တသွယ်ဖြင့် အဖြေကို ပြဆိုခြင်းနည်းဖြင့် နိုင်ငံရေး အတိုက်အခံ လုပ်ခြင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်တရပ် ပင်ဖြစ် လာသည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 မှတ်ချက်များ for "ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း (၅)"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++