ခေါင်းမပါပဲ ၁၈ လ အသက်ရှင် ခဲ့တဲ့ ထူးဆန်းတဲ့ ကြက်လေး တစ်ကောင်

1945 ခုနှစ်လောက်က အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Fruita ရှိလယ်သမားတစ်ဦး၏ အိမ်တွင် ယာလုပ်ငန်းများ နည်း တူ ကြက်အချို့ ကိုလဲ မွေးမြုထားပါတယ်..။ ထိုနေ့ က စက် တင်ဘာ10 ရက်နေ့ ပေါ့ 1945 ခုနှစ်လေ ထိုနေ့ ညက လယ်သ မားမိသားစုဟာ ကြက်သား ဟင်းချတ်စားမယ် ဆိုပြီး ခြံထဲက ကြက်တစ်ကောင်ကို ဖမ်းယူလာခဲံပြီးထိုကြက်ကတော့ Llond Olsen ဆိုတဲ့ကြက်ကလေးကိုပါပဲထိုကြက်ကလေးကို ဖမ်းယူ လာခဲ့ပြီး ညစာအတွက် သတ်၍ ချတ်ပြုတ်စားသောက်ရန်
ဖြစ်ပါသည်။ 

ထိုကြက်ကလေးကို စဉ်းတုန်းးပေါ်တင်ကာ လည်ပင်းကိုဖြတ် လိုက်ပါတယ် ။ ဒါပေမယ့် ရုတ်တရက် လယ်သမားကြီး လည်း
ကြောင်သွားပါတယ် ကြက်က လည်ပင်းဖြတ်လိုက်ပြီးအောက်ချ လိုက်တာကို လှဲ မနေပဲခြေထောက်ကလှုပ်လာပြီး   လမ်း
လျှောက်နေ တာကိုမြင်ရတော့ လယ်သမားကြီးလည်း ဖြတ်ထားတဲ့ခေါင်းနဲ့ ဓါးကိုပစ်ချပြီး ဝေးဝေးကနေပဲထိုကြက်ကို ကြည့်နေပါတော့တယ်။ ထိုကြက်ကလေးက ခေါင်းမရှီတော့ပေမယ့် ဆက်လက်ပြီးလမ်းလျှောက်နေပါတော့တယ်။ 

သို့ ပေမယ့် မျက်လုံးမပါတော့ဘူးဆိုတော့ မမြင်ရတော့ပဲ မမြင်မစမ်းနဲ့ သွားနေရပါတယ်။ ထိုကြက်ကလေးက ဆက် လက်အသက်ရှည်ဖို့ လည်ပင်းကကျန်တဲ့ လေပြွန်လေးနဲ့ ဆက်လက်အသက်ရှုနေရပါတယ်တဲ့ဗျာ။ ကြက်၏အရောင်
အသွေးဟာအဖြူရောင် ဆွတ်တဲ့အရောင်ဖြစ်ပြီးတော့ အနည်းငယ်ကြမ်းကြုတ်ပါတယ် အခြားကြက်များနှင့် မတူသော အချက်များဖြစ်ပါသည်.။ ကြက်ကလေးအတွက် ဆက်လက်အသက်ရှင်ဖို့ ကိုတော့ နွားနို့ နဲ့ ရေကို အမြဲ စို့ လေးနဲ့ သူရဲ့ အစာပြွန်ထဲကိုထည့်ပေးပါတယ်လို့ လယ်သမားကြီးကပြောပါတယ် လယ်သမားကြီးလည်းထိုကြက်ကလေး ဆက် လက်အသက်ရှင်တာကို အထူးအဆန်းဖြစ်ကာ ၀မ်းသာနေပါတယ် ထိုကြက်ကလေးကတော့ကံကောင်းစွာံပင် 18 လသာအသက်ဆက်လက်ရှင်ခဲ့ပါတယ်။ 

ထိုလပြည့်တဲ့နေ့ မှာပင်သေဆုံးသွားခဲ့ပါတော့တယ်ကြက်ကလေးသေဆုံးသွားသောအခါတွင် ၄င်းရဲ့ခေါင်းကလေးနှင့် တွဲကာ မြှတ်နှံပေးခဲ့ပါတယ်ခင်ဗျာ..။ထိုကြက်ကလေးအဖြစ်ကတော့အခုထိ ထိုနယ်တစ်ဝိုက်တွင် ပြန်ပြော တိုင်းမ ယုံကြည်နိုင် တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အဖြစ်တည်ရှီနေပါတယ်။ ထိုကြက်ကလေးအကြောင်းကို အမှတ်တ ရဖြစ်
ပြီး နောင်လာနောင်သားများ အမှတ်တရဖြစ်စေရန် ဓါတ်ပုံများ၇ိုက်ကာ မှတ်တန်းတင်ထားခဲ့ပါတယ်တဲ့။ အခုတော့ ကျွှန်တော်တို့ လဲမြင်တွေ့ ရပြီဖြစ်ပါတယ် အားလုံးကြည့်ရှုလိုက်ပါဦးးနော်..။
 

0 မှတ်ချက်များ for "ခေါင်းမပါပဲ ၁၈ လ အသက်ရှင် ခဲ့တဲ့ ထူးဆန်းတဲ့ ကြက်လေး တစ်ကောင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++