ဦးစားပေးလိုသော အခြေခံပညာရေးနှင့် အလုပ်လက်မဲ့ပြဿနာ
ပြီးခဲ့သည့် အပတ်က ဘန်ကောက်မြို့တွင် ကျင်းပ ခဲ့သော
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြား ရာတွင် ဒေါ်စုက
အခြေခံပညာအလယ်တန်း ပြီးဆုံး၍ သက်မွေးသင်တန်း တက်ရောက်ခွင့်မှာ
မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလွန်အမင်း
အရေးကြီးကြောင်းကို ထောက်ပြဆွေးနွေးခဲ့သည်။
နိုင်ငံကျရှုံးရခြင်းအကြောင်း ကိုနှင့်
ပြုပြင်ပြောင်း လဲရန် နည်းလမ်းတို့ကို ဆွေးနွေးရာတွင် Paul Collier ၏
အတွေးအမြင်ကို ထောက်ခံပြောဆိုခဲ့သည်။
“ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့ ကျရှုံးရခြင်းအကြောင်း၊ ဘယ်ပြုပြင်ရမလဲ
ဆိုတာတွေကို ကျမ အနေနဲ့ အများကြီး
လေ့လာနေခဲ့ပါတယ်။ ကျမ လေ့လာခဲ့သမျှ အရာတွေ အားလုံးထဲက နှစ်ခြိုက်နေမိတာကတော့ Paul Collier ရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာပါ။ သူရေးသား ထားတာက ပြုပြင်ပြောင်းလဲမှု နည်းဗျူဟာတွေ အလုပ်ဖြစ်ရေး အတွက် အတိုင်းအတာတခုအထိ ပညာတတ်တဲ့ လူဦးရေ အလုံအလောက် ရှိမှုဟာ အလွန် အရေးကြီးကာ မရှိမဖြစ်လို့ ဆိုခဲ့ပါတယ်။ သူဆိုလိုတာက နိုင်ငံမှာ ရှိတဲ့ လူဦးရေ အချိုးအစားရဲ့ အများစုဟာ အလယ်တန်းပညာ ရှိရမယ်လို့ ဆိုလိုတာပါ။ အလယ်တန်းပညာလို့ သူပြောသွားခဲ့တာက ကျမစိတ်ကို
နှစ်ခြိုက်သွားစေတဲ့ အရာပါ။ သူက PhD ဘွဲ့ရသူတွေ၊ တက္ကသိုလ်ဘွဲ့ရတွေ ရှိရမယ်လို့ မပြောခဲ့ပါဘူး။
ပြုပြင်ပြောင်းလဲရေးတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့အတွက် အလယ်တန်းပညာတတ်တဲ့ လူဦးရေ အမြောက်အများပဲ လိုအပ်တာပါလို့ ပြောခဲ့တာပါ။”

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးသုတေသန ဒါရိုက်တာဖြစ်ခဲ့သူ၊ အောက်စဖို့တက္ကသိုလ်
စီးပွားရေးပညာရှင် Paul Collier ၏ ဖွံ့ဖြိုးရေးနှင့် ပညာရေးနည်းလမ်းကို
နှစ်ခြိုက်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် သင့်တော်
ကိုက်ညီ မှုရှိကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။ အထူးသဖြင့်
လုပ်ကိုင်စားသောက်ရန်နှင့် မိသားစုဝင်ငွေအတွက် ပညာရေးကို
လိုအပ်ကြောင်းဖြစ်သည်။
“အဲဒါဟာ ကျမရဲ့ တွေးခေါ်ပုံနဲ့လည်း တော်တော်လေး လျော်ညီပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံပညာရေး လိုအပ်ပါတယ်။ အဲဒါကို အရင်ကတည်းက ကျမ
အလေးအနက် ပြောခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်အဆင့် ပညာရေးတွေ
ဘွဲ့လွန် ပညာရေးကိုပဲ အလေးအနက်ထား ပြောကြတာ များပါတယ်။ ကျမ အနေနဲ့
အခြေခံပညာရေး ဆိုတာကို ရှင်းပြရရင် အဲဒါဟာ မူလတန်း ပညာရေးကို ဆိုလိုတာ
မဟုတ်ပါဘူး။ ကျမဆိုလိုတာက လူတွေ လုံလောက်တဲ့ ဝင်ငွေရအောင် လုပ်ကိုင်
စားသောက်ဖို့အတွက် လိုအပ်တဲ့ ပညာရေးမျိုးကို ဆိုလိုတာပါ။ အဲဒါဟာ
ရိုးရှင်းပါတယ်။”
လူငယ် အလုပ်လက်မဲ့ ပြဿနာကြီးမားနေခြင်းမှာ
ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ဖြစ်ကြောင်းနှင့် အလုပ်အကိုင်
အခွင့်အလမ်းများကို ဖန်တီးပေးရန် အရေးတကြီးလိုအပ်နေကြောင်းလည်း
ဆွေးနွေးသွားခဲ့ပါသည်။
“မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေကို ကြည့်ရင်လည်း အလုပ်လက်မဲ့နှုန်းက
မြင့်မားနေပါတယ်။ အဲဒီ့ပြဿနာ ဟာ ချိန်ကိုက်ဗုံးတခုလိုပါပဲလို့ ကျမ
အမြဲပြောခဲ့ပါတယ်။ အဲလို အလုပ်မရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိဘ
တွေအပေါ်မှာ ဘယ်အချိန်အထိ မှီခိုနေလို့ ရမှာလဲ။ နောက်ပြီးတော့ ဘယ်သူတွေက သူတို့ကို အလုပ်ပေး မှာလဲ။ တခါတလေမှာ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်ဟာ မပြတ်မသား ဖြစ်နေတတ်ပါတယ်။ ပွင့် လင်းလာ တဲ့ မြန်မာပြည်ကို စိတ်ဝင်စားလို့ လွန်ခဲ့တဲ့ တလ နှစ်လလောက်က လာရောက်ကြတဲ့သူတွေ မှတ်ချက်ပြု ကြတာက အစိုးရအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဘယ်သူက အကောင်အထည် ဖော် မှာလဲလို့
မေးကြပါတယ်။ ဘယ်သူတွေက အဲဒီ့ လုပ်ငန်းစဉ်တွေကို အကောင်အ ထည်ဖော် ဆောင် ရွက်ကြမှာပါလဲ။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဖို့ အာမခံနိုင်တဲ့ သူတွေကို ကျမတို့ ဘယ်လိုရှာမလဲ။ ဒီတော့ ကျမတို့ အနေနဲ့ capacity ကို လိုအပ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက မြင်သလို တ အားမြင့်မားတဲ့ capacity စွမ်းဆောင်ရည်တွေ အထိ မလိုအပ်သေးပါဘူး။ အခြေခံကနေ တိုးတက်ဖွံဖြိုး လာ မယ့် capacity တွေပဲ လိုအပ်ပါတယ်။ အဲဒီ့ကဏ္ဍအတွက် လူကြီးမင်းတို့အားလုံးဆီက အကူအညီ ရချင် ပါ တယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ခိုင်ခန့်တဲ့ အခြေခံ
ဖောင်ဒေးရှင်းတွေ ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို လူကြီးမင်းတို့ကို လေးလေး နက်နက် တွေးစေ ချင်ပါတယ်။”

အခြေခံမှစတင်သင့်သည့် Capacity စွမ်းဆောင်ရည် တည်ဆောက်မှု
လိုအပ်နေခြင်းကြောင့် အခြေခံ ပ ညာရေးကဏ္ဍကို အရေအတွက်နှင့် အရည်အသွေး
တိုးတက်အောင် လုပ်ဆောင်နိုင်မှ သာလျှင် ရေရှည် ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း
သုံးသပ်ရပါသည်။
Source: Daw Suu’s speech at WEF 2012

0 မှတ်ချက်များ for "ဦးစားပေးလိုသော အခြေခံပညာရေးနှင့် အလုပ်လက်မဲ့ပြဿနာ"