ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေးတဦး သေဆုံး

ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူနေရ ဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြ ထားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈ လမ်းနှင့်  ၄၂ လမ်းထောင့် ရှိ ရဲဝန်ထမ်းလိုင်းခန်း တွင် နေထိုင်သူ ဒုတိယ ရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များ သည် မေလ ၁၄ ရက် ည ပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေ ထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက်ဖွင့်ထားသည်ဟု ဆိုသည်။

နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေး သဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက်ကြည့်ရှုရာ လေးဦးစလုံး သတိလစ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ်သားငယ် ဆေးရုံတွင်
သေဆုံးသွားကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှတင်သွင်းလာသော ကျင်းထုံအမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင် တို့က တားမြစ်ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရ သည်။

0 မှတ်ချက်များ for "ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေးတဦး သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++