မြန်မာအလုပ် သမားတစ်ဦး အသတ်ခံရ ထိုင်းသတင်း ဖေါ်ပြ

ထိုင်းနိုင်ငံ  မြောက်ပိုင်းအစွန်ဆုံးတွင်ရှိ   ဘန်ကောက်နှင့် ကီလိုမီတာ ၇၈၅  ကွာဝေးသော  ချိုင်းလိုင်းခရိုင် မဲ့ကျဲမ်မြို့  ကောင်းခဲ ကျေးရွာနယ် 
မြေအမှတ်  ၂၄ တွင် ရှိသော ကြက်သွန်စိုက်ခင်းတွင် အသက် ၁၇ နှစ် အရွယ် မြန်မာအလုပ်သမားငယ်တစ်ဦး ကျည်ဒဏ်ရာ ကိုးချက်ဖြင့် သေ ဆုံးနေကြောင်း ယနေ့ထုတ် ထိုင်းဘာသာဖြင့် ထုတ်ဝေသည့်  ထိုင်ရတ် သတင်းစာတွင်ဖေါ်ပြထားသည်။  
  
ယမန်နေ့ နံနက်ပိုင်းက အသက်၁၇နှစ်အရွယ်  မြန်မာအလုပ်သမား  မဟန် လုံးလင့်သည်  နေအိမ်မှ ရွာအနီးရှိ ကြက်သွန်ဖြူခင်း စောင့်ရန်သွားခဲ့ သည်။ နေ့လည်ပိုင်းတွင် ဖခင်ဖြစ်သူမှာလည်း ကြက်သွန် ခင်းသွားကြည့် ရာ သမီးကိုမတွေ့ ၍ အနီးတဝိုက် လိုက်ရှာတဲ့အခါ အလောင်းကို တွေ့ပြီး အံဩမတတ်ဖြစ်ခဲ့ရသည်။
 
ဖခင်ဖြစ်သူမှာ နီးစပ်ရာ နယ်မြေရဲစခန်းသို့  အကြောင်းကြားပြီး ကယ် ဆယ် ရေးအဖွဲ့ က  အလောင်းကို ချင်းမိုင်မဟာရနခေါ်  ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။   အလောင်း၏ ဘယ် ဖက်ခြမ်းတွင် ကျည် ကိုးချက်ဒဏ်ရာကို  တွေ့ ရှိရသည်။

ဆေးရုံ၏စစ်ဆေးချက်အရနှင့်သက်ဆိုင်ရာနယ်မြေရဲစခန်းတို့ ၏    ထင်မြင်ချက်အရ    သေဆုံးသူ မိန်းခလေးမှာ  တစ်ယောက်တည်း ကြက်သွန်စိုက်ခင်း စောင့်နေစဉ်   အမျိုးသားတစ်ဦးလာ၍   မဖွယ်မရာအတင်းအဓမ္မပြုကျင့်ရာ  လက်မခံ၍ အခြေအတင်အချင်းများကြရာမှ  သူ့ တွင်ပါလာသောသေနတ်ဖြင့် ပစ်သတ်သွားတာဖြစ်နိုင်ကြောင်း    ဖခင်ဖြစ်သူနှင့် ဆွေမျိုးများကို  ပြောကြားခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက်   သက်ဆိုင်ရာနယ်မြေရဲစခန်းက   စုံစမ်းစစ်ဆေးလျက်ရှိကြောင်း  ရေးသားဖော်ပြထားသည်။

Ref: Golden Workers

0 မှတ်ချက်များ for "မြန်မာအလုပ် သမားတစ်ဦး အသတ်ခံရ ထိုင်းသတင်း ဖေါ်ပြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++